[Unicode]
၅မိနစ်အတွင်းမှာပင် သီချင်းတစ်ပုဒ်ကို နင်မုန့် ရေးလို့ပြီးသွားလေ၏။ ပြီးနောက် ထိုစာရွက်ကို လင်းချင်ပေ့ဆီသို့ ကမ်းလိုက်သည်။
"ကြည့်ကြည့်!"
"..."
ဒီတကြိမ်တွင်တော့ သူမကို ကြည့်သည့် သူမျက်လုံးတွေသည် ရွံစရာ အပြည့်ဖြင့် ဖြစ်နေ၏။
'သူမက ကြောင်သွားတာလား တခုခုလား။ သီချင်းတစ်ပုဒ်ရေးဖို့ အဲ့လောက်လွယ်တယ်များ ထင်နေတာလား' လက်သီးတို့ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်းသာ လင်းချင်ပေ့ တွေးလိုက်သည်။
ချက်ချင်းပင် သူသည် ထိုစာရွက်ကို ကြေမွအောင်ချေပြီးနောက် ကြမ်းပြင်ပေါ်လို့ လွှင့်ပစ်လိုက်လေ၏။
"နင်မုန့် မင်းအနေနဲ့ ငါအဆင့်က နံပါတ်၁အဆင့် တေးရေးဆရာရဲ့ သီချင်းကို ဆိုဖို့ မတန်ဘူးဆိုရင်တောင် အခုလိုမျိုး သိမ်ငယ်အောင် လုပ်စရာ အကြောင်းမရှိဘူး!"
သဘောတူညီဖို့ မဖြစ်နိုင်မှန်း လင်းချင်ပေ့ သိသည့်အခါ မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။ နင်မုန့်သည်လည်း စာရွက်ကို ပြန်ကောက်ကာ သူ့နောက်သို့ လိုက်လေ၏။
"ရှင်သာ ဒီသီချင်းကို ဆိုမယ်ဆိုရင် နာမည်ကြီးမယ်လို့ ကျွန်မ အာမခံရဲတယ်!"
လင်းချင်ပေ့က သူမအား စူးရဲစွာစိုက်ကြည့်လာပေမယ့် တခွန်းမှမပြောပေ။
"ရှင် ကျွန်မကို အထင်လွဲနေပြီ! ဒီသီချင်းကို ရေးတဲ့လူက ကျွန်မ မဟုတ်ဘူး။ ကျွန်မသူငယ်ချင်းက တေးရေးဆရာ သူရေးခဲ့တာ! မြန်မြန်လေး ခနပဲ ကြည့်ကြည့်ပါ!"
"ဒါဆို အခုမင်းက မင်းသူငယ်ချင်းရဲ့ အလုပ်ကို မင်းကြိုက်တဲ့လူဆီ ပေးပစ်နေတာလား" လင်းချင်ပေ့သည် လှုပ်ရှားနေတာရပ်လိုက်ပြီးနောက် မေးလိုက်လေ၏။
နင်မုန့်သည် ပြေးလိုက်ရသည်မို့ လေရှူဖို့ေတာင် မနည်းကြိုးစားနေရ၏။ သူပြောတာကို ကြားလိုက်သည့်အခါ သက်ပြင်းသာ ချမိသွားသည်။ အခြေခံကျကျ ပြောရမည်ဆိုပါက လူတစ်ယောက်ရဲ့ အလုပ်ကို အသုံးပြုမည် ဆိုပါက copyright၀ယ်ဖို့ရာ လိုအပ်၏။ သို့ပေမယ့်လည်း ထိုအနုပညာရှင်အားလုံးက တကယ့်ကမ္ဘာမှဖြစ်သည်မို့ ဒီကမ္ဘာမှာ ရှိမနေ။ နောက်တမျိုးပြောရမည်ဆိုပါက သူမ ထိုအရာတွေကို အသုံးပြုချင်သည်ဆိုပါက copyright၀ယ်ယူရန် လိုအပ်မနေပေ။ အကယ်၍ သူမသာ တကယ့်ကမ္ဘာကို ပြန်ရောက်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်မည်ဆိုပါက ဒီပြန်မလာခင် သေချာပေါက် albumအနည်းငယ်ကို ၀ယ်ဖြစ်ခဲ့မှာပင်။
"တေးရေးဆရာအစား ကြိုက်တဲ့ဆုံးဖြတ်ချက် ငါချလို့ရတယ်!" နင်မုန့် ပြောလိုက်သည်။
...…
သူမ အကြောင်းပြချက်ကို ကြားသည့်အခါ လင်းချင်ပေ့က ရယ်သွမ်းလိုက်၏။ ပြဿနာက ဒီသီချင်းကို အသုံးပြုဖို့ သူငယ်ချင်းဆီက သူမ မေးတောင် မမေးကြည့်ခဲ့တာပင်။ ဒီသီချင်း တကယ်ကို ဆိုးနေတာမို့ မဟုတ်ရင် သူမ ရေးခဲ့တာပဲ ဖြစ်နိုင်သည်။ လင်းချင်ပေ့ကတော့ သူမအား ထပ်မံ၍ မသိချင်ယောင် ဆောင်လိုက်ပြန်သည်။ ပြောင်းလဲသွားသော အခြေအနေလေးကြား နင်မုန့်သည် စာရွက်အား သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်လေတော့သည်။
"မနက်ဖြန် ရှင်သီချင်းဆိုဖို့ အသံသွင်းစတူဒီယိုမှာ သွားစီစဉ်လိုက်ဦးမယ်! ပြီးရင်တော့ physical albumမထုတ်ခင် ရှင့်သီချင်းကို onlineပေါ်ကနေ အရင်ဖြန့်ချီမယ်! ဒါက ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ပဲ!"
ကုမ္ပဏီဆုံးဖြတ်ချက် ဆိုသော စကားကြောင့် လင်းချင်ပေ့ အဆင်မပြေဖြစ်သွားသည်။ အဆောက်အဦးထဲမှ မထွက်ခင် လင်းချင်ပေ့သည် လက်သီးဆုပ်လျက် နင်မုန့်အား စူးရဲစွာစိုက်ကြည့်သွားလေတော့၏။ ပြီးနောက် နင်မုန့်ကတော့ အသံသွင်းစတူဒီယိုတွင် စာရင်းပေးဖို့ စီစဉ်သည့် ၀န်ထမ်းကို လိုက်ရှာလိုက်သည်။
"သူဌေးမလေး အသံသွင်းစတူဒီယိုအတွက် စာရင်းပေးဖို့ဆိုရင် အနည်းဆုံး ၂လလောက် ကြိုပြောပေးရတယ်"
"တကယ်ကြာတာပဲ မနက်ဖြန်ပဲ စီစဉ်ချင်တာမို့ တခြားနည်းလမ်းရော မရှိဘူးလား"
၂လအတွင်း အရာအားလုံး ဖြစ်ပျက်သွားနိုင်သည်။
"တခြားလူတွေအတွက် ဆိုရင် ခက်တော့ခက်နိုင်ပေမယ့် သူဌေးမအတွက်ဆိုရင်တော့ လွယ်လောက်မှာပါ။ ကျွန်တော်တို့ အသံသွင်းေနကျ စတူဒီယိုက မစ္စတာဟော်ပိုင်တဲ့ ကုမ္ပဏီတွေထဲက တခုပဲ။ အကယ်၍ မစ္စတာဟော်သာ သဘောတူရင် မနက်ဖြန်ဆိုတာနဲ့ အသံသွင်းလို့ရပြီ"
"..."
ဘာတွေပဲဖြစ်လာဖြစ်လာ သူမအနေနဲ့ ဟော်ပေ့ချန်ဘေးက လုံး၀ထွက်မသွားတော့ဘူးဟု တိတ်တဆိတ်ဆုံးဖြတ်ချက် ချလိုက်၏။ အိမ်ကို ပြန်ရောက်သည့်အခါ နောက်ကျနေပြီဖြစ်၏။ ဟော်ပေ့ချန် ပြန်မရောက်သေးသည်ကို တွေ့သည့်အခါ နင်မုန့်သည် မုန့်နှစ်ထုပ်ကိုယူလိုက်ပြီးနောက် TVဖွင့်လိုက်ပြီး မုန့်စားနေရင်းပင် ကျရာ channelကို ကြည့်နေလိုက်၏။
သိပ်မကြာခင်မှာပဲ တံခါးပွင့်လာကာ ဟော်ပေ့ချန် အထဲသို့၀င်လာလေ၏။ ချက်ချင်းပင် နင်မုန့် ထခုန်ကာ တံခါးဆီသို့ ပြေးသွားလိုက်၏။
"ယောက်ျား ပြန်လာပြီလား။ ရှင် တကယ်ပင်ပန်းနေမှာပဲ။ ရေဆာနေလား ဗိုက်ဆာနေပြီလား"
"..."
ဟော်ပေ့ချန် အဖြေတခုမပေးခင်မှာပဲ TVပေါ်မှ သတင်းတင်ဆက်သူက ရုတ်တရက် နင်မုန့်အကြောင်း ပြောလာလေသည်။
"ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်အရ ဆိုရင် ဖျော်ဖြေရေး ကုမ္ပဏီမှ မစ္စနင် အပြုအမူတွေက ရိုင်းဆိုင်းတယ်လို့ ကျွန်မတို့ သတင်းပေးပါရစေ။ သူမက လူသစ်လေးတွေ အကုန်လုံးနဲ့ အိပ်ခွင့်ရဖို့ ကြိုးစားနေခဲ့ပြီး......"
[၁ရက် ၂ပိုင်း ပုံမှန်တင်တဲ့ paid gpကို ဝင်ချင်ရင် လာပြောလို့ ရပါပြီ။ စာစဉ်၁ခုမှာ ၂၅ပိုင်း ပါဝင်မှာဖြစ်ပြီး ၅၀၀ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ လောလောဆယ် အပိုင်း၃၉ထိပါတဲ့ စာစဉ်(၁)ပြီးသွားတာမို့ စာစဉ်(၁)ကို တခါတည်း ဖတ်ချင်သူများ cbမှာ လာဝယ်လို့ရပါပြီနော်🥰]
------------------------------
[Zawgyi]
၅မိနစ္အတြင္းမွာပင္ သီခ်င္းတစ္ပုဒ္ကို နင္မုန႔္ ေရးလို႔ၿပီးသြားေလ၏။ ၿပီးေနာက္ ထိုစာ႐ြက္ကို လင္းခ်င္ေပ့ဆီသို႔ ကမ္းလိုက္သည္။
"ၾကည့္ၾကည့္!"
"..."
ဒီတႀကိမ္တြင္ေတာ့ သူမကို ၾကည့္သည့္ သူမ်က္လုံးေတြသည္ ႐ြံစရာ အျပည့္ျဖင့္ ျဖစ္ေန၏။
'သူမက ေၾကာင္သြားတာလား တခုခုလား။ သီခ်င္းတစ္ပုဒ္ေရးဖို႔ အဲ့ေလာက္လြယ္တယ္မ်ား ထင္ေနတာလား' လက္သီးတို႔ကို က်စ္က်စ္ပါေအာင္ ဆုပ္ရင္းသာ လင္းခ်င္ေပ့ ေတြးလိုက္သည္။
ခ်က္ခ်င္းပင္ သူသည္ ထိုစာ႐ြက္ကို ေၾကမြေအာင္ေခ်ၿပီးေနာက္ ၾကမ္းျပင္ေပၚလို႔ လႊင့္ပစ္လိုက္ေလ၏။
"နင္မုန႔္ မင္းအေနနဲ႔ ငါအဆင့္က နံပါတ္၁အဆင့္ ေတးေရးဆရာရဲ႕ သီခ်င္းကို ဆိုဖို႔ မတန္ဘူးဆိုရင္ေတာင္ အခုလိုမ်ိဳး သိမ္ငယ္ေအာင္ လုပ္စရာ အေၾကာင္းမရွိဘူး!"
သေဘာတူညီဖို႔ မျဖစ္ႏိုင္မွန္း လင္းခ်င္ေပ့ သိသည့္အခါ မတ္တပ္ရပ္လိုက္ၿပီး အခန္းထဲမွ ထြက္သြားေတာ့သည္။ နင္မုန႔္သည္လည္း စာ႐ြက္ကို ျပန္ေကာက္ကာ သူ႔ေနာက္သို႔ လိုက္ေလ၏။
"ရွင္သာ ဒီသီခ်င္းကို ဆိုမယ္ဆိုရင္ နာမည္ႀကီးမယ္လို႔ ကြၽန္မ အာမခံရဲတယ္!"
လင္းခ်င္ေပ့က သူမအား စူးရဲစြာစိုက္ၾကည့္လာေပမယ့္ တခြန္းမွမေျပာေပ။
"ရွင္ ကြၽန္မကို အထင္လြဲေနၿပီ! ဒီသီခ်င္းကို ေရးတဲ့လူက ကြၽန္မ မဟုတ္ဘူး။ ကြၽန္မသူငယ္ခ်င္းက ေတးေရးဆရာ သူေရးခဲ့တာ! ျမန္ျမန္ေလး ခနပဲ ၾကည့္ၾကည့္ပါ!"
"ဒါဆို အခုမင္းက မင္းသူငယ္ခ်င္းရဲ႕ အလုပ္ကို မင္းႀကိဳက္တဲ့လူဆီ ေပးပစ္ေနတာလား" လင္းခ်င္ေပ့သည္ လႈပ္ရွားေနတာရပ္လိုက္ၿပီးေနာက္ ေမးလိုက္ေလ၏။
နင္မုန႔္သည္ ေျပးလိုက္ရသည္မို႔ ေလရွဴဖို႔ေတာင္ မနည္းႀကိဳးစားေနရ၏။ သူေျပာတာကို ၾကားလိုက္သည့္အခါ သက္ျပင္းသာ ခ်မိသြားသည္။ အေျခခံက်က် ေျပာရမည္ဆိုပါက လူတစ္ေယာက္ရဲ႕ အလုပ္ကို အသုံးျပဳမည္ ဆိုပါက copyright၀ယ္ဖို႔ရာ လိုအပ္၏။ သို႔ေပမယ့္လည္း ထိုအႏုပညာရွင္အားလုံးက တကယ့္ကမာၻမွျဖစ္သည္မို႔ ဒီကမာၻမွာ ရွိမေန။ ေနာက္တမ်ိဳးေျပာရမည္ဆိုပါက သူမ ထိုအရာေတြကို အသုံးျပဳခ်င္သည္ဆိုပါက copyright၀ယ္ယူရန္ လိုအပ္မေနေပ။ အကယ္၍ သူမသာ တကယ့္ကမာၻကို ျပန္ေရာက္ႏိုင္မည့္ နည္းလမ္းကို ရွာေတြ႕ႏိုင္မည္ဆိုပါက ဒီျပန္မလာခင္ ေသခ်ာေပါက္ albumအနည္းငယ္ကို ၀ယ္ျဖစ္ခဲ့မွာပင္။
"ေတးေရးဆရာအစား ႀကိဳက္တဲ့ဆုံးျဖတ္ခ်က္ ငါခ်လို႔ရတယ္!" နင္မုန႔္ ေျပာလိုက္သည္။
...…
သူမ အေၾကာင္းျပခ်က္ကို ၾကားသည့္အခါ လင္းခ်င္ေပ့က ရယ္သြမ္းလိုက္၏။ ျပႆနာက ဒီသီခ်င္းကို အသုံးျပဳဖို႔ သူငယ္ခ်င္းဆီက သူမ ေမးေတာင္ မေမးၾကည့္ခဲ့တာပင္။ ဒီသီခ်င္း တကယ္ကို ဆိုးေနတာမို႔ မဟုတ္ရင္ သူမ ေရးခဲ့တာပဲ ျဖစ္ႏိုင္သည္။ လင္းခ်င္ေပ့ကေတာ့ သူမအား ထပ္မံ၍ မသိခ်င္ေယာင္ ေဆာင္လိုက္ျပန္သည္။ ေျပာင္းလဲသြားေသာ အေျခအေနေလးၾကား နင္မုန႔္သည္ စာ႐ြက္အား သူ႔အိတ္ကပ္ထဲသို႔ ထည့္လိုက္ေလေတာ့သည္။
"မနက္ျဖန္ ရွင္သီခ်င္းဆိုဖို႔ အသံသြင္းစတူဒီယိုမွာ သြားစီစဥ္လိုက္ဦးမယ္! ၿပီးရင္ေတာ့ physical albumမထုတ္ခင္ ရွင့္သီခ်င္းကို onlineေပၚကေန အရင္ျဖန႔္ခ်ီမယ္! ဒါက ကုမၸဏီရဲ႕ ဆုံးျဖတ္ခ်က္ပဲ!"
ကုမၸဏီဆုံးျဖတ္ခ်က္ ဆိုေသာ စကားေၾကာင့္ လင္းခ်င္ေပ့ အဆင္မေျပျဖစ္သြားသည္။ အေဆာက္အဦးထဲမွ မထြက္ခင္ လင္းခ်င္ေပ့သည္ လက္သီးဆုပ္လ်က္ နင္မုန႔္အား စူးရဲစြာစိုက္ၾကည့္သြားေလေတာ့၏။ ၿပီးေနာက္ နင္မုန႔္ကေတာ့ အသံသြင္းစတူဒီယိုတြင္ စာရင္းေပးဖို႔ စီစဥ္သည့္ ၀န္ထမ္းကို လိုက္ရွာလိုက္သည္။
"သူေဌးမေလး အသံသြင္းစတူဒီယိုအတြက္ စာရင္းေပးဖို႔ဆိုရင္ အနည္းဆုံး ၂လေလာက္ ႀကိဳေျပာေပးရတယ္"
"တကယ္ၾကာတာပဲ မနက္ျဖန္ပဲ စီစဥ္ခ်င္တာမို႔ တျခားနည္းလမ္းေရာ မရွိဘူးလား"
၂လအတြင္း အရာအားလုံး ျဖစ္ပ်က္သြားႏိုင္သည္။
"တျခားလူေတြအတြက္ ဆိုရင္ ခက္ေတာ့ခက္ႏိုင္ေပမယ့္ သူေဌးမအတြက္ဆိုရင္ေတာ့ လြယ္ေလာက္မွာပါ။ ကြၽန္ေတာ္တို႔ အသံသြင္းေနက် စတူဒီယိုက မစၥတာေဟာ္ပိုင္တဲ့ ကုမၸဏီေတြထဲက တခုပဲ။ အကယ္၍ မစၥတာေဟာ္သာ သေဘာတူရင္ မနက္ျဖန္ဆိုတာနဲ႔ အသံသြင္းလို႔ရၿပီ"
"..."
ဘာေတြပဲျဖစ္လာျဖစ္လာ သူမအေနနဲ႔ ေဟာ္ေပ့ခ်န္ေဘးက လုံး၀ထြက္မသြားေတာ့ဘူးဟု တိတ္တဆိတ္ဆုံးျဖတ္ခ်က္ ခ်လိုက္၏။ အိမ္ကို ျပန္ေရာက္သည့္အခါ ေနာက္က်ေနၿပီျဖစ္၏။ ေဟာ္ေပ့ခ်န္ ျပန္မေရာက္ေသးသည္ကို ေတြ႕သည့္အခါ နင္မုန႔္သည္ မုန႔္ႏွစ္ထုပ္ကိုယူလိုက္ၿပီးေနာက္ TVဖြင့္လိုက္ၿပီး မုန႔္စားေနရင္းပင္ က်ရာ channelကို ၾကည့္ေနလိုက္၏။
သိပ္မၾကာခင္မွာပဲ တံခါးပြင့္လာကာ ေဟာ္ေပ့ခ်န္ အထဲသို႔၀င္လာေလ၏။ ခ်က္ခ်င္းပင္ နင္မုန႔္ ထခုန္ကာ တံခါးဆီသို႔ ေျပးသြားလိုက္၏။
"ေယာက္်ား ျပန္လာၿပီလား။ ရွင္ တကယ္ပင္ပန္းေနမွာပဲ။ ေရဆာေနလား ဗိုက္ဆာေနၿပီလား"
"..."
ေဟာ္ေပ့ခ်န္ အေျဖတခုမေပးခင္မွာပဲ TVေပၚမွ သတင္းတင္ဆက္သူက ႐ုတ္တရက္ နင္မုန႔္အေၾကာင္း ေျပာလာေလသည္။
"ယုံၾကည္ရတဲ့ သတင္းအရင္းအျမစ္အရ ဆိုရင္ ေဖ်ာ္ေျဖေရး ကုမၸဏီမွ မစၥနင္ အျပဳအမူေတြက ႐ိုင္းဆိုင္းတယ္လို႔ ကြၽန္မတို႔ သတင္းေပးပါရေစ။ သူမက လူသစ္ေလးေတြ အကုန္လုံးနဲ႔ အိပ္ခြင့္ရဖို႔ ႀကိဳးစားေနခဲ့ၿပီး......"
[၁ရက္ ၂ပိုင္း ပုံမွန္တင္တဲ့ paid gpကို ဝင္ခ်င္ရင္ လာေျပာလို႔ ရပါၿပီ။ စာစဥ္၁ခုမွာ ၂၅ပိုင္း ပါဝင္မွာျဖစ္ၿပီး ၅၀၀က်ပ္ က်သင့္မွာပဲျဖစ္ပါတယ္။ ေလာေလာဆယ္ အပိုင္း၃၉ထိပါတဲ့ စာစဥ္(၁)ၿပီးသြားတာမို႔ စာစဥ္(၁)ကို တခါတည္း ဖတ္ခ်င္သူမ်ား cbမွာ လာဝယ္လို႔ရပါၿပီေနာ္🥰]