Unicode
လက်ထဲမှာကိုင်ထားတဲ့ အပ်တွေချည်တွေအဝတ်စတွေကို ကိုင်ရင်း ဆောနူ တဖြည်းဖြည်းစိတ်လေလာသည်။
နေပါဦး သူကယောင်္ကျားလေးလေ
ဒီလိုလက်မှုပညာတွေထိပါ တတ်ဖို့လိုလို့လား။
စိတ်ထဲကနေ အမျိုးစုံကျိန်ဆဲချင်နေပေမဲ့ ပါးစပ်ကတော့ မထွက်ရဲပါ။
ဆောနူရဲ့သင်ကြားရေးကို တာဝန်ယူထားတဲ့ ဘေးမှာထိုင်နေတဲ့အထိန်းတော်ကြီးရဲ့မျက်နှာက ခပ်တင်းတင်း။
"ကြင်ယာတော်အနေနဲ့ လက်မှုပညာမှာစိတ်ဝင်စားမှုမရှိတာကို သိပါတယ်။ ဒါပေမဲ့ ယောင်္ကျားလေးဖြစ်နေလို့ဆိုပြီး ကျော်သွားလို့မရပါဘူး တော်ဝင်မိသားစုရဲ့ ကြင်ယာတော်တစ်ယောက်အနေနဲ့ ယောင်္ကျားလေးဖြစ်သည်ဖြစ်စေ မိန်းကလေးဖြစ်သည်ဖြစ်စေ တတ်ကိုတတ်ရမှာမို့ သေချာလေးစိတ်ကိုစုစည်းပေးပါ"
ဆောနူအတွေးတွေကို သိနေသည့်အလား ထုတ်ပြောလာသည့် အထိန်းတော်ကြီးစကားကြောင့် အံ့ဩရပြန်သည်။
ကျောင်းသွားချိန်ကလွဲရင် ကျန်တဲ့ကျောင်းအားချိန်တွေ၊ ကျောင်းပိတ်ရက်တွေမှာ နန်းဓလေ့တွေနဲ့အတူ ကျင့်ဝတ်တွေ၊အတတ်ပညာတွေကို သင်ကြားရသည်။
ဓလေ့တွေ၊ကျင့်ဝတ်တွေက အဆင်ပြေပေမဲ့
ဒီလိုလက်မှုပညာတွေကတော့ နဂိုတည်းကစိတ်မဝင်စားသော ဆောနူအဖို့အတော့်ကိုခက်ခဲနေသည်။
ဘာပဲဖြစ်ဖြစ် သူကယောင်္ကျားလေးပဲလေ။
တစ်မနက်လုံး ထိုင်ပြီး ဒါကြီးတွေပဲ သင်နေရတာ တစ်ကိုယ်လုံးလည်းညောင်းတောင့်နေပြီ။
ကိုက်ခဲစပြုလာသည့် ခါးကိုလက်နဲ့တစ်ချက်ထုလိုက်ရင်းဟင်းခနဲသက်ပြင်းတစ်ချက်ချကာ လက်ထဲက ထိုးလက်စချည်တွေဆီ အာရုံပြန်စိုက်ဖို့ကြိုးစားမိသည်။
"မိဖုရား ကြွလာတာပါလား?"
ဘေးက အထိန်းတော်ကြီးက ရုတ်တရက်ထနှုတ်ဆက်လို့ မော့ကြည့်မိတော့ သူတို့ရှေ့မှာ အိမ်ရှေ့စံရဲ့မယ်တော်မိဖုရား။
"ဘယ်လိုလဲ ကြင်ယာတော်က ကောင်းကောင်းသင်ယူနေရဲ့လား"
"ကြင်ယာတော်က နဂိုတည်းကထက်မြက်တာမို့ ဓလေ့ထုံးတမ်းတွေ ကျင့်ဝတ်တွေသင်ယူတဲ့နေရာမှာတော့ အခက်အခဲမရှိပေမဲ့ လက်မှုပညာဘက်မှာတော့ အနည်းငယ်အားနည်းပါတယ်"
အထိန်းတော်ကြီးရဲ့ စကားအဆုံးမှာ မိဖုရားရဲ့မဲ့ပြုံးတစ်ချက်ကို ဆောနူမြင်လိုက်ရသည်။
"အိမ်ရှေ့စံရဲ့ကြင်ယာတော်အဖြစ် ဆက်နေချင်တယ်ဆိုရင် အစစအရာရာပြီးပြည့်စုံနေမှရမယ်။ တော်ဝင်မိသားစုတွေကို စောင့်ကြည့်ပြီးအပြစ်ပြောချင်နေတဲ့သူတွေက ဘယ်လောက်များလိုက်သလဲ။ ကိုယ့်ဘက်က အပြစ်ပြောစရာမရှိအောင်နေမှ အန္တရာယ်ကင်းလိ့မ်မယ်။ ကိုယ့်နေရာကိုယ်ကို သေချာထိန်းသိမ်းချင်ရင် ကောင်းကောင်းနေပါ ကြင်ယာတော်... မဟုတ်ရင် မနက်ဖြန်အတွက် ကိုယ့်ရဲ့ကံကြမ္မာက ဘာဖြစ်သွားမလဲဆိုတာတောင် ကိုယ်တိုင်မသိနိုင်တဲ့အခြေအနေဖြစ်သွားနိုင်တယ်"
မိဖုရားရဲ့ခပ်ထန်ထန်စကားသံက ယောက္ခမတစ်ယောက်ရဲ့ သတိပေး၊အကြံဉာဏ်ပေးနေတာမျိုးထက်စာရင် ခြိမ်းခြောက်နေတာနဲ့ပိုတူနေသလို ဆောနူခံစားရသည်။
အိမ်ရှေ့စံနဲ့တင် မလုံလောက်လို့ အခုသူ့ကိုပါ ထပ်ပြီးထိန်းချုပ်တော့မှာလား။
မဟုတ်ဘူး ထိန်းချုပ်တယ်ဆိုတာက ကိုယ့်လူလို့သတ်မှတ်လို့လေ။
အခုမိဖုရားက ဆောနူကို သူ့လူလို့သတ်မှတ်တာမျိုးမဟုတ်သေး။
ကောင်းကောင်းနေရင်နေ၊ မနေရင်စွန့်ပစ်ခံရမယ်ဆိုတာကို သတိလာပေးသွားသလိုမျိုး။
နန်းတော်ဆိုသည့် နေရာက ထင်ထားတာထက် ကြောက်ဖို့ကောင်းမှန်း ဆောနူတဖြည်းဖြည်းခံစားမိလာနေပြီ။
"ကြင်ယာတော်လေး စိတ်မကြည်စရာတစ်ခုခုများရှိနေလို့လား"
မနက်က မိဖုရားနဲ့တွေ့ပြီးကတည်းက ဆောနူစိတ်ထဲတကယ်အဆင်မပြေတာပါ။
စကားတစ်လုံးနဲ့ လူကိုသတ်နိုင်တယ်ဆိုတာ အရင်ကမယုံခဲ့ပေမဲ့ အခုတော့ယုံကြည်ရလုနီးပါးဖြစ်နေပြီ။
ဘေးကနေမေးလာတဲ့ ဆောနူရဲ့အထိန်းတော်ကြီးအမေးကို အပြုံးဖွဖွလေးတစ်ခုသာပြုံးပြရင် ပြန်ဖြေမိသည်။
"အထိန်းတော်ကြီး ကျွန်တော်က ဒီနေရာနဲ့မထိုက်တန်ဘူးလားဟင်"
မွန်းကြပ်စပြုလာသည့် စိတ်အစဉ်ကို ဖွင့်ထုတ်မိတော့
"အဲ့လိုမဟုတ်ပါဘူး ကြင်ယာတော်လေးရယ် ဘဝဆိုတာက ဒီလိုပဲ အကောင်းဆုံးကြိုးစားရှင်သန်ရတာပေါ့"
"အင်းနော်"
"ဒါနဲ့ ကြင်ယာတော်လေး မကြာခင်အိမ်ရှေ့စံမွေးနေ့ရောက်တော့မှာ သိပါသလား"
"မွေးနေ့? နီခီ့မွေးနေ့လား?"
"ဟုတ်ပါတယ် အိမ်ရှေ့စံက သူ့ရဲ့အသက်၂၀ပြည့်မွေးနေ့ကို ပေါ့ပေါ့းပါးပါးနဲ့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့သာ လူငယ်ဆန်ဆန် ပါတီလုပ်ပြီးဖြတ်သန်းမယ်လို့ပြောတာတော့ ကြားပါတယ်"
"အာ ဟုတ်လား"
"ဒါနဲ့ ကြင်ယာတော်လေး လက်ဆောင်စဉ်းစားရမယ်ထင်တယ်နော်"
"ဗျာ? လက်ဆောင်"
"မွေးနေ့လက်ဆောင်လေ လူငယ်တွေပဲလုပ်မဲ့မွေးနေ့ပါတီဆိုပေမဲ့ သေချာပေါက် ကြင်ယာတော်လေးလည်းပါရမှာပေါ့ လက်ဆောင်ပေးဖို့လုပ်ရမယ်လေ"
စကားအဆုံးမှာ ဆောနူကဘာမှပြန်မပြောတော့ပဲ အတွေးနယ်ချဲ့မိတော့ အခန်းထဲကနေအလိုက်တသိ ထွက်သွားပေးတဲ့ အထိန်းတော်ကြီး။
နီခီ့အတွက် မွေးနေ့လက်ဆောင်?
သူနဲ့လက်ထပ်ပြီးနောက် ပထမဆုံးမွေးနေ့မှာ လက်ဆောင်အဖြစ်ပေးဖို့က ဘာကများသင့်တော်ပါမလဲ။
အစစအရာရာပြည့်စုံပြီးသားသူမို့ လိုအပ်တဲ့အရာလည်းရှိမဲ့ပုံမပေါ်။
ပြီးတော့ ဆောနူရဲ့အကျင့်က လက်ဆောင်ဆိုရင် အဓိပ္ပာယ်တစ်ခုခုရှိနေမှပေးချင်တာ။
ပေးတဲ့သူအတွက်ရော လက်ခံရတဲ့သူအတွက်ပါ အဓိပ္ပာယ်ရှိမဲ့အရာ။
တောင်တောင်အီအီ ဟိုဟိုဒီဒီအကြံဉာဏ်တွေစဉ်းစားပေမဲ့ အိုင်ဒီယာကောင်းကောင်းကထွက်မလာ။
စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံရဲ့နောက်မှီကို မှီချလိုက်ရင်း အကြည့်ရောက်မိတာက သူရဲ့လက်မှုသင်ကြားရေးတွေထဲက တစ်ခုဖြစ်တဲ့ လက်ဝတ်တန်ဆာလုပ်ရတဲ့ Beadလေးတွေနဲ့ကြိုးလေးတွေ။
"အာ ဟုတ်ပြီ!"
လက်ဆောင်ဆိုတာ တန်ဖိုးရှိတာမရှိတာထက် ပေးတဲ့သူရဲ့ အားစိုက်ထုတ်မှုနဲ့စိတ်ရင်းတွေသာပါနေရင် အဓိပ္ပာယ်ရှိလာတတ်တာပဲမဟုတ်လား။
_______________________
A/N : နှစ်ပိုင်းပါ အောက်မှာနောက်တစ်ပိုင်းတင်ပေးထားပါတယ်
_______________________________
Zawgyi
လက္ထဲမွာကိုင္ထားတဲ့ အပ္ေတြခ်ည္ေတြအဝတ္စေတြကို ကိုင္ရင္း ေဆာႏူ တျဖည္းျဖည္းစိတ္ေလလာသည္။
ေနပါဦး သူကေယာက်ၤားေလးေလ
ဒီလိုလက္မႈပညာေတြထိပါ တတ္ဖို႔လိုလို႔လား။
စိတ္ထဲကေန အမ်ိဳးစုံက်ိန္ဆဲခ်င္ေနေပမဲ့ ပါးစပ္ကေတာ့ မထြက္ရဲပါ။
ေဆာႏူရဲ႕သင္ၾကားေရးကို တာဝန္ယူထားတဲ့ ေဘးမွာထိုင္ေနတဲ့အထိန္းေတာ္ႀကီးရဲ႕မ်က္ႏွာက ခပ္တင္းတင္း။
"ၾကင္ယာေတာ္အေနနဲ႔ လက္မႈပညာမွာစိတ္ဝင္စားမႈမရွိတာကို သိပါတယ္။ ဒါေပမဲ့ ေယာက်ၤားေလးျဖစ္ေနလို႔ဆိုၿပီး ေက်ာ္သြားလို႔မရပါဘူး ေတာ္ဝင္မိသားစုရဲ႕ ၾကင္ယာေတာ္တစ္ေယာက္အေနနဲ႔ ေယာက်ၤားေလးျဖစ္သည္ျဖစ္ေစ မိန္းကေလးျဖစ္သည္ျဖစ္ေစ တတ္ကိုတတ္ရမွာမို႔ ေသခ်ာေလးစိတ္ကိုစုစည္းေပးပါ"
ေဆာႏူအေတြးေတြကို သိေနသည့္အလား ထုတ္ေျပာလာသည့္ အထိန္းေတာ္ႀကီးစကားေၾကာင့္ အံ့ဩရျပန္သည္။
ေက်ာင္းသြားခ်ိန္ကလြဲရင္ က်န္တဲ့ေက်ာင္းအားခ်ိန္ေတြ၊ ေက်ာင္းပိတ္ရက္ေတြမွာ နန္းဓေလ့ေတြနဲ႔အတူ က်င့္ဝတ္ေတြ၊အတတ္ပညာေတြကို သင္ၾကားရသည္။
ဓေလ့ေတြ၊က်င့္ဝတ္ေတြက အဆင္ေျပေပမဲ့
ဒီလိုလက္မႈပညာေတြကေတာ့ နဂိုတည္းကစိတ္မဝင္စားေသာ ေဆာႏူအဖို႔အေတာ့္ကိုခက္ခဲေနသည္။
ဘာပဲျဖစ္ျဖစ္ သူကေယာက်ၤားေလးပဲေလ။
တစ္မနက္လုံး ထိုင္ၿပီး ဒါႀကီးေတြပဲ သင္ေနရတာ တစ္ကိုယ္လုံးလည္းေညာင္းေတာင့္ေနၿပီ။
ကိုက္ခဲစျပဳလာသည့္ ခါးကိုလက္နဲ႔တစ္ခ်က္ထုလိုက္ရင္းဟင္းခနဲသက္ျပင္းတစ္ခ်က္ခ်ကာ လက္ထဲက ထိုးလက္စခ်ည္ေတြဆီ အာ႐ုံျပန္စိုက္ဖို႔ႀကိဳးစားမိသည္။
"မိဖုရား ႂကြလာတာပါလား?"
ေဘးက အထိန္းေတာ္ႀကီးက ႐ုတ္တရက္ထႏႈတ္ဆက္လို႔ ေမာ့ၾကည့္မိေတာ့ သူတို႔ေရွ႕မွာ အိမ္ေရွ႕စံရဲ႕မယ္ေတာ္မိဖုရား။
"ဘယ္လိုလဲ ၾကင္ယာေတာ္က ေကာင္းေကာင္းသင္ယူေနရဲ႕လား"
"ၾကင္ယာေတာ္က နဂိုတည္းကထက္ျမက္တာမို႔ ဓေလ့ထုံးတမ္းေတြ က်င့္ဝတ္ေတြသင္ယူတဲ့ေနရာမွာေတာ့ အခက္အခဲမရွိေပမဲ့ လက္မႈပညာဘက္မွာေတာ့ အနည္းငယ္အားနည္းပါတယ္"
အထိန္းေတာ္ႀကီးရဲ႕ စကားအဆုံးမွာ မိဖုရားရဲ႕မဲ့ၿပဳံးတစ္ခ်က္ကို ေဆာႏူျမင္လိုက္ရသည္။
"အိမ္ေရွ႕စံရဲ႕ၾကင္ယာေတာ္အျဖစ္ ဆက္ေနခ်င္တယ္ဆိုရင္ အစစအရာရာၿပီးျပည့္စုံေနမွရမယ္။ ေတာ္ဝင္မိသားစုေတြကို ေစာင့္ၾကည့္ၿပီးအျပစ္ေျပာခ်င္ေနတဲ့သူေတြက ဘယ္ေလာက္မ်ားလိုက္သလဲ။ ကိုယ့္ဘက္က အျပစ္ေျပာစရာမရွိေအာင္ေနမွ အႏၲရာယ္ကင္းလိ့မ္မယ္။ ကိုယ့္ေနရာကိုယ္ကို ေသခ်ာထိန္းသိမ္းခ်င္ရင္ ေကာင္းေကာင္းေနပါ ၾကင္ယာေတာ္... မဟုတ္ရင္ မနက္ျဖန္အတြက္ ကိုယ့္ရဲ႕ကံၾကမၼာက ဘာျဖစ္သြားမလဲဆိုတာေတာင္ ကိုယ္တိုင္မသိႏိုင္တဲ့အေျခအေနျဖစ္သြားႏိုင္တယ္"
မိဖုရားရဲ႕ခပ္ထန္ထန္စကားသံက ေယာကၡမတစ္ေယာက္ရဲ႕ သတိေပး၊အႀကံဉာဏ္ေပးေနတာမ်ိဳးထက္စာရင္ ၿခိမ္းေျခာက္ေနတာနဲ႔ပိုတူေနသလို ေဆာႏူခံစားရသည္။
အိမ္ေရွ႕စံနဲ႔တင္ မလုံေလာက္လို႔ အခုသူ႔ကိုပါ ထပ္ၿပီးထိန္းခ်ဳပ္ေတာ့မွာလား။
မဟုတ္ဘူး ထိန္းခ်ဳပ္တယ္ဆိုတာက ကိုယ့္လူလို႔သတ္မွတ္လို႔ေလ။
အခုမိဖုရားက ေဆာႏူကို သူ႔လူလို႔သတ္မွတ္တာမ်ိဳးမဟုတ္ေသး။
ေကာင္းေကာင္းေနရင္ေန၊ မေနရင္စြန႔္ပစ္ခံရမယ္ဆိုတာကို သတိလာေပးသြားသလိုမ်ိဳး။
နန္းေတာ္ဆိုသည့္ ေနရာက ထင္ထားတာထက္ ေၾကာက္ဖို႔ေကာင္းမွန္း ေဆာႏူတျဖည္းျဖည္းခံစားမိလာေနၿပီ။
"ၾကင္ယာေတာ္ေလး စိတ္မၾကည္စရာတစ္ခုခုမ်ားရွိေနလို႔လား"
မနက္က မိဖုရားနဲ႔ေတြ႕ၿပီးကတည္းက ေဆာႏူစိတ္ထဲတကယ္အဆင္မေျပတာပါ။
စကားတစ္လုံးနဲ႔ လူကိုသတ္ႏိုင္တယ္ဆိုတာ အရင္ကမယုံခဲ့ေပမဲ့ အခုေတာ့ယုံၾကည္ရလုနီးပါးျဖစ္ေနၿပီ။
ေဘးကေနေမးလာတဲ့ ေဆာႏူရဲ႕အထိန္းေတာ္ႀကီးအေမးကို အၿပဳံးဖြဖြေလးတစ္ခုသာၿပဳံးျပရင္ ျပန္ေျဖမိသည္။
"အထိန္းေတာ္ႀကီး ကြၽန္ေတာ္က ဒီေနရာနဲ႔မထိုက္တန္ဘူးလားဟင္"
မြန္းၾကပ္စျပဳလာသည့္ စိတ္အစဥ္ကို ဖြင့္ထုတ္မိေတာ့
"အဲ့လိုမဟုတ္ပါဘူး ၾကင္ယာေတာ္ေလးရယ္ ဘဝဆိုတာက ဒီလိုပဲ အေကာင္းဆုံးႀကိဳးစားရွင္သန္ရတာေပါ့"
"အင္းေနာ္"
"ဒါနဲ႔ ၾကင္ယာေတာ္ေလး မၾကာခင္အိမ္ေရွ႕စံေမြးေန႔ေရာက္ေတာ့မွာ သိပါသလား"
"ေမြးေန႔? နီခီ့ေမြးေန႔လား?"
"ဟုတ္ပါတယ္ အိမ္ေရွ႕စံက သူ႔ရဲ႕အသက္၂၀ျပည့္ေမြးေန႔ကို ေပါ့ေပါ့းပါးပါးနဲ႔ ရင္းႏွီးတဲ့သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔သာ လူငယ္ဆန္ဆန္ ပါတီလုပ္ၿပီးျဖတ္သန္းမယ္လို႔ေျပာတာေတာ့ ၾကားပါတယ္"
"အာ ဟုတ္လား"
"ဒါနဲ႔ ၾကင္ယာေတာ္ေလး လက္ေဆာင္စဥ္းစားရမယ္ထင္တယ္ေနာ္"
"ဗ်ာ? လက္ေဆာင္"
"ေမြးေန႔လက္ေဆာင္ေလ လူငယ္ေတြပဲလုပ္မဲ့ေမြးေန႔ပါတီဆိုေပမဲ့ ေသခ်ာေပါက္ ၾကင္ယာေတာ္ေလးလည္းပါရမွာေပါ့ လက္ေဆာင္ေပးဖို႔လုပ္ရမယ္ေလ"
စကားအဆုံးမွာ ေဆာႏူကဘာမွျပန္မေျပာေတာ့ပဲ အေတြးနယ္ခ်ဲ႕မိေတာ့ အခန္းထဲကေနအလိုက္တသိ ထြက္သြားေပးတဲ့ အထိန္းေတာ္ႀကီး။
နီခီ့အတြက္ ေမြးေန႔လက္ေဆာင္?
သူနဲ႔လက္ထပ္ၿပီးေနာက္ ပထမဆုံးေမြးေန႔မွာ လက္ေဆာင္အျဖစ္ေပးဖို႔က ဘာကမ်ားသင့္ေတာ္ပါမလဲ။
အစစအရာရာျပည့္စုံၿပီးသားသူမို႔ လိုအပ္တဲ့အရာလည္းရွိမဲ့ပုံမေပၚ။
ၿပီးေတာ့ ေဆာႏူရဲ႕အက်င့္က လက္ေဆာင္ဆိုရင္ အဓိပၸာယ္တစ္ခုခုရွိေနမွေပးခ်င္တာ။
ေပးတဲ့သူအတြက္ေရာ လက္ခံရတဲ့သူအတြက္ပါ အဓိပၸာယ္ရွိမဲ့အရာ။
ေတာင္ေတာင္အီအီ ဟိုဟိုဒီဒီအႀကံဉာဏ္ေတြစဥ္းစားေပမဲ့ အိုင္ဒီယာေကာင္းေကာင္းကထြက္မလာ။
စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ခုံရဲ႕ေနာက္မွီကို မွီခ်လိုက္ရင္း အၾကည့္ေရာက္မိတာက သူရဲ႕လက္မႈသင္ၾကားေရးေတြထဲက တစ္ခုျဖစ္တဲ့ လက္ဝတ္တန္ဆာလုပ္ရတဲ့ Beadေလးေတြနဲ႔ႀကိဳးေလးေတြ။
"အာ ဟုတ္ၿပီ!"
လက္ေဆာင္ဆိုတာ တန္ဖိုးရွိတာမရွိတာထက္ ေပးတဲ့သူရဲ႕ အားစိုက္ထုတ္မႈနဲ႔စိတ္ရင္းေတြသာပါေနရင္ အဓိပၸာယ္ရွိလာတတ္တာပဲမဟုတ္လား။
_______________________
A/N : ႏွစ္ပိုင္းပါ ေအာက္မွာေနာက္တစ္ပိုင္းတင္ေပးထားပါတယ္