Unicode
အခန်း ၁၈ ) ထိုအခိုက်မှာ မျက်နှာပေးတွေက အတူတူပင်
နောက်ဆုံးတွင် လုချီကြောင့် လုမန်မေမေဆုံးပါးသွားသည့်အခါ ထန်းကျိသည် လုမန်ကို မပြောပြရဲပါချေ။ ထောင်ကျနေစဥ် ဒီသတင်းကိုကြားလိုက်ရလျှင် လုမန် ဖြေမဆည်နိုင်မှာကို သူ စိုးရိမ်သည်။
သို့သော် ထောင်ကလွတ်သည့်နေ့တွင် ထန်းကျိက အလုပ်ကိစ္စနှင့် ခရီးထွက်နေရ၍ လုမန်ကို သွားမခေါ်နိုင်လိုက်ပေ။
ပြန်ရောက်တာနှင့် ချက်ချင်း သွားတွေ့လိုက်ပါသော်လည်း သူမကို ဘာမှဖုံးထားလို့မရမှန်း သိလိုက်ရတော့ သူမမေမေကို သေချာဂရုမစိုက်ခဲ့သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်ရင်း မျက်ရည်လည်ရွဲနှင့် ငိုပြောခဲ့သည်။
ယခုမူကား အရာအားလုံးကို ပြန်လည်ပြင်ဆင်လို့ရ၍ တော်သေးသည်။
ထို့ကြောင့် ဤဘဝတွင်တော့ နောင်တရစရာတွေရှိလာလိမ့်မည် မဟုတ်ပေ။
***
လက်ရှိတွင်
အိမ်ကိုပြန်ရောက်သည့်အခါ လုမန် အထဲမဝင်သေးဘဲ အပြင်မှာ မတ်တပ်ရပ်ကာ တံခါးမကြီးကို ငေးစိုက်ကြည့်နေမိသည်။
ထိုအချိန်က လုချီကြောင့် သူမမေမေ ကွယ်လွန်သွားခဲ့သည်ကို ကြားသိခဲ့ရသည့်အချိန်တွင် လုချီဆီက ဖြေရှင်းချက်လိုချင်၍ လုမိသားစုအိမ်သို့ သူမ ပြန်လာခဲ့ပါသော်လည်း လုချီယွမ်၏ ကျောခိုင်းခြင်းကို ခံခဲ့ရသည်။ ထိုမှတ်ဉာဏ်သည် သူမစိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေတုန်း ဖြစ်သည်။
အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ရင်း အိမ်ရှေ့တံခါးမကို ဖြတ်ကျော်လိုက်သည်။
“ မမလေး ”
သူမကိုမြင်၍ အန်တီချန်က ခေါ်လိုက်ခြင်း . .
အနည်းဆုံးတော့ အန်တီချန်မှာ ယဥ်ကျေးရကောင်းမှန်း သိပေမယ့် သူမထက်ပိုပြီး လုချီအပေါ်မှာ ဖော်ရွေသည်။ တလေးတစားရှိသည်။
လုမန် ဘာမှပြန်ပြောမနေဘဲ ဧည့်ခန်းကိုတစ်ချက် လှမ်းကြည့်လိုက်သည်။
အန်တီချန်ကတော့ သူ့ဘာသာရေရွတ်လိုက်၏။ ဒီနေ့ လုမန် ဘာဖြစ်နေတာလဲ . .
သူမသည် လုမန်နှင့် ဘယ်တုန်းကမျှ ရင်းနှီးဖော်ရွေခြင်း မရှိခဲ့သော်လည်း လုမန်က သူမအပေါ်မှာတော့ လေစားသမှုရှိခဲ့သည်။
သို့ပေမယ့် လုမန်ကို လုချီယွမ် ပြန်လာခိုင်းလိုက်တဲ့အကြောင်း တွေးမိလိုက်တော့ နှုတ်ခမ်းတွေတင်းတင်းစေ့သွားခဲ့၏။
ဒီအိမ်မှာ လုမန်ရဲ့အခြေအနေကို မသိတဲ့သူရယ်လို့ ရှိပါ့မလား . .
ပြောရရင် လုမိသားစုမှာ လုမန်ရဲ့နေရာက သူမထက်တောင် နိမ့်ကျသေးတာ၊ အဆင့်အတန်းမြင့်လို့ အရေးပါအရာရောက်ချင်ယောင်ဆောင်ရအောင် သူမက ဘာမို့လို့လဲ . .
မည်သို့ပင်ဖြစ်စေ လုမန်သည် အန်တီချန်တွေးနေသည်ကို ဂရုစိုက်မည် မဟုတ်ပေ။ ဧည့်ခန်းထဲကိုရောက်တာနှင့် လုချီယွမ်၏ မှုန်ကုပ်နေသော မျက်နှာကို တွေ့လိုက်ရသည်။
လုချီ နှင့် ဟဲကျိန့်ပိုင်လည်း ရောက်နေကြကာ ရှချင်းယန်က လုချီကို နှစ်သိမ့်လျက်ရှိသည်။
လုမန် မျက်ခုံးပင့်၍ အံ့အားသင့်စွာမေးလိုက်၏။
“ နင်ရဲစခန်းကပြန်ရောက်တာမြန်လှချည်လား ”
“ ဖြန်း! ”
စကားတစ်ခွန်းမဆိုပါဘဲ လုချီယွမ်က သူမမျက်နှာကို ပြင်းပြင်းရိုက်လိုက်တာဖြစ်သည်။
လုချီယွမ် ဒီတိုင်း ခွင့်လွှတ်ပေးလိုက်မှာမဟုတ်မှန်း သိပေမယ့် စကားတောင်မပြောဘဲ လက်ပါလာမယ်လို့တော့ လုံးဝကို မထင်ထားမိပါ။
ပြောရရင် သူမမေမေနှင့် ကွာပြီး ရှချင်းယန်နှင့် အိမ်ထောင်ပြုလိုက်ကတည်းက လုမန်ကို သူ ပစ်ထားခဲ့တာဖြစ်သော်လည်း လက်ပါခဲ့သည်တော့ မရှိပေ။
ဒါက ပထမဆုံးအကြိမ်ဆိုပါတော့ . . .
အရင်ဘဝက လုမန်သာဆိုလျှင် ဒီလိုရိုက်လို့ စိတ်မကောင်းဖြစ်သွားလိမ့်မည်။
သို့သော်လည်း အခု လုမန်ရဲ့နှလုံးသားကတော့ ခံစားချက်မသိ ထုံထိုင်းသွားခဲ့တာကြာလှပြီ ဖြစ်သည်။
စောစောက လုချီယွမ် လက်မြှောက်လိုက်ကတည်းက ဒီလိုဖြစ်လာတော့မယ်မှန်း သိပြီးသားပါ။
ရှောင်လို့ရပေမယ့် တမင်မရှောင်ဘဲ အရိုက်ခံလိုက်တာဖြစ်သည်။
ဒီလောက်အားပြင်းပြင်းနှင့် ရိုက်မယ်လို့တော့ တကယ် မထင်ထားခဲ့ပေ။ သူ့ရိုက်ချက်ကြောင့် သူမမျက်နှာလည်ထွက်သွားသည့်အပြင် လူတစ်ကိုယ်လုံးလည်း အနောက်ကို ယိုင်ထွက်သွားသည်။
လုမန်ခေါင်းငုံ့ပြီး မျက်နှာအမူအရာပြင်လိုက်သည်။ မတ်မတ်ရပ်လို့ ရပါသော်လည်း နည်းနည်းယိမ်းပစ်လိုက်ပြီးမှ ကြမ်းပြင်ပေါ်ပစ်လဲပေးလိုက်၏။
ထို့နောက် ခေါင်းကိုမော့လို့ နီရဲရောင်ကိုင်းသွားသည့်ပါးတစ်ဖက်ကို လက်နှင့်ဆုပ်ကာ ခေါင်းထပ်မော့လိုက်တော့ မျက်ရည်အဝဲသားနှင့်။ အခုလို ရိုက်ပစ်လိုက်ခြင်းကို မယုံကြည်နိုင်၍ မျက်ရည်ကျသည့်ပမာ လုချီယွမ်ကို သနားကမားလေး ကြည့်ပေးလိုက်သည်။
လုချီယွမ်၏ စိတ်နှလုံးသည် အနည်းငယ် တိမ်းညွတ်သွားပေ၏။ လုမန်မျက်ဝန်းတွေထဲက အကြည့်သည် ရှချင်းဝေ၏ အကြည့်နှင့် အလွန်တူသည်။
ထိုအခိုက်မှာ မျက်နှာပေးတွေက အတူတူပင်။
အတိတ်မှာ ရှချင်းဝေသည် သူနှင့်အတူ အခက်အခဲ ဆင်းရဲဒုက္ခပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။ ဘယ်လောက် ပင်ပန်းနေပါစေ သူ့ရှေ့မှာတော့ မျက်ရည်တစ်ပေါက်ပင် လုံးဝ မကျပေ။
သူမငိုတာကို သူ တစ်ခါလေးပဲ မြင်ဖူးသည်။ ဒါကလည်း အမှတ်မထင် တွေ့သွားခြင်း ဖြစ်ကာ ရှချင်းဝေသည် သူမ၏ အားနည်းသည့်ပုံစံကို သူ မသိအောင် အမြဲတမ်း ကွယ်ဝှက်ထားခဲ့သည်။ သူ့ရှေ့မှာဆို တမင် အသည်းမာပြပါလိမ့်မည်။ သို့ပေမယ့် ဒါကပဲ ငိုပြတာထက်ပိုပြီး သူ့ကို စိတ်မကောင်းဖြစ်စေသည်။
လုမန်က သူမနှင့်တူသည်။
လုချီယွမ် သူ့လက်ကို ပြန်ရုပ်လိုက်သည်။ လက်ဖဝါးက စပ်ဖျဥ်းဖျဥ်းပင် ဖြစ်သွားသည်။ လုမန်ကို ဒေါသတကြီးနှင့် ရိုက်ပစ်လိုက်သည့် သူ့ကိုယ်သူလည်း မယုံကြည်နိုင်။
လုချီယွမ် စိတ်ခံစားချက်ထွေပြားသွားသည်ကို မြင်လျှင် ရှချင်းယန်က မျက်နှာပေးပြောင်းပြီး လုမန်ကို မြန်မြန် ထူပြီး ရသလား ဘာညာမေးလာ၏။
ထို့နောက် လုချီယွမ်ဘက်ကို လှည့်ကာ
“ ချီယွမ် ကလေးကို ဘယ်လိုလုပ်လိုက်တာလဲ. . စကားနဲ့ပြောလို့ရပါတယ် ”
“ ဟုတ်သားပဲ အဖေကလည်း မမ ရရဲ့လား ”
လုချီက စိုးရိမ်စိတ်ပူစွာ မေးလာသည်။ မျက်ရည်တွေကိုတော့ တစ်ချက် မသုတ်ဘဲ အရှက်မရှိစွာ ပြိုဆင်းစေလေရဲ့ ~
==================================
Zawgyi
အခန္း ၁၈ ) ထိုအခိုက္မွာ မ်က္ႏွာေပးေတြက အတူတူပင္
ေနာက္ဆံုးတြင္ လုခ်ီေၾကာင့္ လုမန္ေမေမဆံုးပါးသြားသည့္အခါ ထန္းက်ိသည္ လုမန္ကို မေျပာျပရဲပါေခ်။ ေထာင္က်ေနစဥ္ ဒီသတင္းကိုၾကားလိုက္ရလ်ွင္ လုမန္ ေျဖမဆည္ႏိုင္မွာကို သူ စိုးရိမ္သည္။
သို႔ေသာ္ ေထာင္ကလြတ္သည့္ေန့တြင္ ထန္းက်ိက အလုပ္ကိစၥႏွင့္ ခရီးထြက္ေနရ၍ လုမန္ကို သြားမေခၚႏိုင္လိုက္ေပ။
ျပန္ေရာက္တာႏွင့္ ခ်က္ခ်င္း သြားေတြ့လိုက္ပါေသာ္လည္း သူမကို ဘာမွဖံုးထားလို႔မရမွန္း သိလိုက္ရေတာ့ သူမေမေမကို ေသခ်ာဂရုမစိုက္ခဲ့သည့္အတြက္ သူ႔ကိုယ္သူ အျပစ္တင္ရင္း မ်က္ရည္လည္ရြဲႏွင့္ ငိုေျပာခဲ့သည္။
ယခုမူကား အရာအားလံုးကို ျပန္လည္ျပင္ဆင္လို႔ရ၍ ေတာ္ေသးသည္။
ထို႔ေၾကာင့္ ဤဘဝတြင္ေတာ့ ေနာင္တရစရာေတြရိွလာလိမ့္မည္ မဟုတ္ေပ။
***
လက္ရိွတြင္
အိမ္ကိုျပန္ေရာက္သည့္အခါ လုမန္ အထဲမဝင္ေသးဘဲ အျပင္မွာ မတ္တပ္ရပ္ကာ တံခါးမႀကီးကို ေငးစိုက္ၾကည့္ေနမိသည္။
ထိုအခ်ိန္က လုခ်ီေၾကာင့္ သူမေမေမ ကြယ္လြန္သြားခဲ့သည္ကို ၾကားသိခဲ့ရသည့္အခ်ိန္တြင္ လုခ်ီဆီက ေျဖရွင္းခ်က္လိုခ်င္၍ လုမိသားစုအိမ္သို႔ သူမ ျပန္လာခဲ့ပါေသာ္လည္း လုခ်ီယြမ္၏ ေက်ာခိုင္းျခင္းကို ခံခဲ့ရသည္။ ထိုမွတ္ဉာဏ္သည္ သူမစိတ္ထဲတြင္ ထင္ထင္ရွားရွား ရိွေနတုန္း ျဖစ္သည္။
အသက္ကိုျပင္းျပင္းရႉသြင္းလိုက္ရင္း အိမ္ေရ႔ွတံခါးမကို ျဖတ္ေက်ာ္လိုက္သည္။
“ မမေလး ”
သူမကိုျမင္၍ အန္တီခ်န္က ေခၚလိုက္ျခင္း . .
အနည္းဆံုးေတာ့ အန္တီခ်န္မွာ ယဥ္ေက်းရေကာင္းမွန္း သိေပမယ့္ သူမထက္ပိုၿပီး လုခ်ီအေပၚမွာ ေဖာ္ေရြသည္။ တေလးတစားရိွသည္။
လုမန္ ဘာမျွပန္ေျပာမေနဘဲ ဧည့္ခန္းကိုတစ္ခ်က္ လွမ္းၾကည့္လိုက္သည္။
အန္တီခ်န္ကေတာ့ သူ႔ဘာသာေရရြတ္လိုက္၏။ ဒီေန့ လုမန္ ဘာျဖစ္ေနတာလဲ . .
သူမသည္ လုမန္ႏွင့္ ဘယ္တုန္းကမ်ွ ရင္းႏွီးေဖာ္ေရျြခင္း မရိွခဲ့ေသာ္လည္း လုမန္က သူမအေပၚမွာေတာ့ ေလစားသမႈရိွခဲ့သည္။
သို႔ေပမယ့္ လုမန္ကို လုခ်ီယြမ္ ျပန္လာခိုင္းလိုက္တဲ့အေၾကာင္း ေတြးမိလိုက္ေတာ့ ႏႈတ္ခမ္းေတြတင္းတင္းေစ့သြားခဲ့၏။
ဒီအိမ္မွာ လုမန္ရဲ့အေျခအေနကို မသိတဲ့သူရယ္လို႔ ရိွပါ့မလား . .
ေျပာရရင္ လုမိသားစုမွာ လုမန္ရဲ့ေနရာက သူမထက္ေတာင္ နိမ့္က်ေသးတာ၊ အဆင့္အတန္းျမင့္လို႔ အေရးပါအရာေရာက္ခ်င္ေယာင္ေဆာင္ရေအာင္ သူမက ဘာမို႔လို႔လဲ . .
မည္သို႔ပင္ျဖစ္ေစ လုမန္သည္ အန္တီခ်န္ေတြးေနသည္ကို ဂရုစိုက္မည္ မဟုတ္ေပ။ ဧည့္ခန္းထဲကိုေရာက္တာႏွင့္ လုခ်ီယြမ္၏ မႈန္ကုပ္ေနေသာ မ်က္ႏွာကို ေတြ့လိုက္ရသည္။
လုခ်ီ ႏွင့္ ဟဲက်ိန္႔ပိုင္လည္း ေရာက္ေနၾကကာ ရွခ်င္းယန္က လုခ်ီကို ႏွစ္သိမ့္လ်က္ရိွသည္။
လုမန္ မ်က္ခံုးပင့္၍ အံ့အားသင့္စြာေမးလိုက္၏။
“ နင္ရဲစခန္းကျပန္ေရာက္တာျမန္လွခ်ည္လား ”
“ ျဖန္း! ”
စကားတစ္ခြန္းမဆိုပါဘဲ လုခ်ီယြမ္က သူမမ်က္ႏွာကို ျပင္းျပင္းရိုက္လိုက္တာျဖစ္သည္။
လုခ်ီယြမ္ ဒီတိုင္း ခြင့္လႊတ္ေပးလိုက္မွာမဟုတ္မွန္း သိေပမယ့္ စကားေတာင္မေျပာဘဲ လက္ပါလာမယ္လို႔ေတာ့ လံုးဝကို မထင္ထားမိပါ။
ေျပာရရင္ သူမေမေမႏွင့္ ကြာၿပီး ရွခ်င္းယန္ႏွင့္ အိမ္ေထာင္ျပဳလိုက္ကတည္းက လုမန္ကို သူ ပစ္ထားခဲ့တာျဖစ္ေသာ္လည္း လက္ပါခဲ့သည္ေတာ့ မရိွေပ။
ဒါက ပထမဆံုးအႀကိမ္ဆိုပါေတာ့ . . .
အရင္ဘဝက လုမန္သာဆိုလ်ွင္ ဒီလိုရိုက္လို႔ စိတ္မေကာင္းျဖစ္သြားလိမ့္မည္။
သို႔ေသာ္လည္း အခု လုမန္ရဲ့ႏွလံုးသားကေတာ့ ခံစားခ်က္မသိ ထံုထိုင္းသြားခဲ့တာၾကာလွၿပီ ျဖစ္သည္။
ေစာေစာက လုခ်ီယြမ္ လက္ေျမႇာက္လိုက္ကတည္းက ဒီလိုျဖစ္လာေတာ့မယ္မွန္း သိၿပီးသားပါ။
ေရွာင္လို႔ရေပမယ့္ တမင္မေရွာင္ဘဲ အရိုက္ခံလိုက္တာျဖစ္သည္။
ဒီေလာက္အားျပင္းျပင္းႏွင့္ ရိုက္မယ္လို႔ေတာ့ တကယ္ မထင္ထားခဲ့ေပ။ သူ႔ရိုက္ခ်က္ေၾကာင့္ သူမမ်က္ႏွာလည္ထြက္သြားသည့္အျပင္ လူတစ္ကိုယ္လံုးလည္း အေနာက္ကို ယိုင္ထြက္သြားသည္။
လုမန္ေခါင္းငံု႔ၿပီး မ်က္ႏွာအမူအရာျပင္လိုက္သည္။ မတ္မတ္ရပ္လို႔ ရပါေသာ္လည္း နည္းနည္းယိမ္းပစ္လိုက္ၿပီးမွ ၾကမ္းျပင္ေပၚပစ္လဲေပးလိုက္၏။
ထို႔ေနာက္ ေခါင္းကိုေမာ့လို႔ နီရဲေရာင္ကိုင္းသြားသည့္ပါးတစ္ဖက္ကို လက္ႏွင့္ဆုပ္ကာ ေခါင္းထပ္ေမာ့လိုက္ေတာ့ မ်က္ရည္အဝဲသားႏွင့္။ အခုလို ရိုက္ပစ္လိုက္ျခင္းကို မယံုၾကည္ႏိုင္၍ မ်က္ရည္က်သည့္ပမာ လုခ်ီယြမ္ကို သနားကမားေလး ၾကည့္ေပးလိုက္သည္။
လုခ်ီယြမ္၏ စိတ္ႏွလံုးသည္ အနည္းငယ္ တိမ္းၫြတ္သြားေပ၏။ လုမန္မ်က္ဝန္းေတြထဲက အၾကည့္သည္ ရွခ်င္းေဝ၏ အၾကည့္ႏွင့္ အလြန္တူသည္။
ထိုအခိုက္မွာ မ်က္ႏွာေပးေတြက အတူတူပင္။
အတိတ္မွာ ရွခ်င္းေဝသည္ သူႏွင့္အတူ အခက္အခဲ ဆင္းရဲဒုကၡေပါင္းမ်ားစြာကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့သည္။ ဘယ္ေလာက္ ပင္ပန္းေနပါေစ သူ႔ေရ႔ွမွာေတာ့ မ်က္ရည္တစ္ေပါက္ပင္ လံုးဝ မက်ေပ။
သူမငိုတာကို သူ တစ္ခါေလးပဲ ျမင္ဖူးသည္။ ဒါကလည္း အမွတ္မထင္ ေတြ့သြားျခင္း ျဖစ္ကာ ရွခ်င္းေဝသည္ သူမ၏ အားနည္းသည့္ပံုစံကို သူ မသိေအာင္ အၿမဲတမ္း ကြယ္ဝွက္ထားခဲ့သည္။ သူ႔ေရ႔ွမွာဆို တမင္ အသည္းမာျပပါလိမ့္မည္။ သို႔ေပမယ့္ ဒါကပဲ ငိုျပတာထက္ပိုၿပီး သူ႔ကို စိတ္မေကာင္းျဖစ္ေစသည္။
လုမန္က သူမႏွင့္တူသည္။
လုခ်ီယြမ္ သူ႔လက္ကို ျပန္ရုပ္လိုက္သည္။ လက္ဖဝါးက စပ္ဖ်ဥ္းဖ်ဥ္းပင္ ျဖစ္သြားသည္။ လုမန္ကို ေဒါသတႀကီးႏွင့္ ရိုက္ပစ္လိုက္သည့္ သူ႔ကိုယ္သူလည္း မယံုၾကည္ႏိုင္။
လုခ်ီယြမ္ စိတ္ခံစားခ်က္ေထျြပားသြားသည္ကို ျမင္လ်ွင္ ရွခ်င္းယန္က မ်က္ႏွာေပးေျပာင္းၿပီး လုမန္ကို ျမန္ျမန္ ထူၿပီး ရသလား ဘာညာေမးလာ၏။
ထို႔ေနာက္ လုခ်ီယြမ္ဘက္ကို လွည့္ကာ
“ ခ်ီယြမ္ ကေလးကို ဘယ္လိုလုပ္လိုက္တာလဲ. . စကားနဲ႔ေျပာလို႔ရပါတယ္ ”
“ ဟုတ္သားပဲ အေဖကလည္း မမ ရရဲ့လား ”
လုခ်ီက စိုးရိမ္စိတ္ပူစြာ ေမးလာသည္။ မ်က္ရည္ေတြကိုေတာ့ တစ္ခ်က္ မသုတ္ဘဲ အရွက္မရိွစြာ ၿပိဳဆင္းေစေလရဲ့ ~
==================================