10

7.6K 873 12
                                    

Unicode

အခန်း ၁၀ ) လူကို အရင်ဆုံး လွှတ်ပေးသင့်တယ် မဟုတ်လား သခင်လေးဟန်

လုမန် အံကြိတ်ပြီး ပြောလိုက်သည်။ 
“ လူကို အရင်ဆုံး လွှတ်ပေးသင့်တယ် မဟုတ်လား သခင်လေးဟန် . . . ”

အရင်ဘဝက ကြားဖူးတာတော့ ဟန်ကျိုးလီက အထက်တန်းကျပြီး သဒ္ဓါတရားရှိပါသည်တဲ့။ သူ့အဆင့်အတန်းကြီးကြောင့်လည်း ဘယ်အမျိုးသမီးမှ သူနှင့် မနီးစပ်နိုင်ကြ။

မိန်းမတစ်ယောက် သူ့ကို ချဥ်းကပ်မိလျှင်
မြင့်မြတ်သူကို ပြစ်မှားစော်ကားသည် ဟုပင်
လူတချို့က တွေးကြသည်။

အရင်ဘဝမှာပဲ သူမသေဆုံးသွားသည့် အချိန်က ဟန်ကျိုးလီသည် အိမ်ထောင်မပြုရသေးချေ။ သူ့မှာ ကောင်မလေး ရှိတယ်လို့လည်း ကြားပင် မကြားဖူးပါ။

ခု ဒီလို လူရမ်းကားဆန်ဆန် အပြုအမူတွေကို ကြည့်လိုက်ရင် အရင်ဘဝမှာ ကြားခဲ့သမျှနှင့် လားလားမျှ မတူ။

“ မင်းလက်ကိုဆွဲထားတာလည်း မဟုတ်ဘူး ”
ဟန်ကျိုးလီက လက်ကောက်ဝတ်ကိုတော့ လွှတ်ပေးထားပြီး ဖြစ်သော်လည်း လက်တွေက ခါးကို ဆုပ်ထားသေးသည်။

လုမန် စကားပြောခွင့်ပင် မသာလိုက် ၊
ဟန်ကျိုးလီက ဖုန်းစကရင်ကို ကြည့်ပြီး
“ ‘ လုချီယွမ် ’ . . . မင်းအဖေလား  ”

တကယ်လည်း သူမအဖေရဲ့ဖုန်းကို ‘ အဖေ ’ တွေ ‘ ဖေဖေ ’ တွေ ကွန့်မနေဘဲ နာမည်အတိုင်း မှတ်ထားတာဖြစ်သည်။

လုမန် သူ့အမေးကို မဖြေဘဲ အံကြိတ်ပြီးတော့သာ ပြောလိုက်၏။
“ လူကို အရင်လွှတ်ပါ ”

သူမှန်းလိုက်တာမှန်သွားမှန်း သိတော့ ဟန်ကျိုးလီက ပြောလာသည်။
“ ဒီကနေ ဖြေလည်း ရတာပဲ ”

လုမန် မျက်လွှာချထားလိုက်သည်။ ဖုန်းကတော့ ဆက်မြည်နေတုန်း၊ သွားကိုင်ဖို့ လောမနေဘဲ ဟန်ကျိုးလီကိုသာ ပြုံးပြီးတော့ ကြည့်လိုက်၏။

ဟန်ကျိုးလီ မျက်လုံးတွေ မှေးကျဥ်းသွားသည်။ ဒီအပြုံးကို သူ ရင်းနှီးသည်။ စောစောလေးကပဲ ဟဲကျိန့်ပိုင် နှင့် လုချီကို ဒီအပြုံးတွေ ပေးခဲ့တာ။

ထိုမှစခဲ့သော အချစ်များစွာသည် Tempat cerita menjadi hidup. Temukan sekarang