အခန်း [ ၈၇ ]
“ တအားနောက်တာပဲနော် .. အဲ့ဒီလိုဟန်ကျိုးလီနဲ့ စကားသွားပြောရအောင် ကျွန်မက ဘာမို့လို့လဲ .. ဟန်ကျိုးလီတစ်ခါကူညီဖူးတာကို တွေ့ထားလို့ သူနဲ့ ကျွန်မကို ရင်းနှီးပြီလို့ ထင်သွားတာတော့ မဟုတ်ဘူးမို့လား .. အရိုးသားဆုံးပြောတာပါ .. ဟန်ကျိုးလီနဲ့ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး .. သူနဲ့ ကျွန်မ စကားတောင်မပြောဖူးဘူး .. သူလည်း ကျွန်မနဲ့ မဆုံဖြစ်ဘူး ..”
“ မညာစမ်းနဲ့ .. ညည်းတို့ချင်း ဘာမှမဟုတ်ရင် အဲ့ဒီနေ့က ဘာဖြစ်လို့ ဆေးရုံမှာ ကူညီခဲ့တာလဲ .. ဘော်ဒီဂတ်နှစ်ယောက်ထားပေးခဲ့တာကရော ဘာကြောင့်လဲ၊ ညည်းက ငါ့ဦးနှောက်ကို စော်ကားလိုက်တာလား! ”
“ အဟွန်း ”
ဦးနှောက်က ရှိကောရှိလို့လား ..“ ဟုတ်တယ် ကျွန်မလည်း ပထမတော့ အဖေ့လို တွေးမိတယ် .. ဟန်ကျိုးလီနဲ့ တကယ်ရင်းနှီးခွင့်ရမယ်ဆိုရင် အံ့သြစရာကြီးပေါ့နော် .. အနားမှာသူ ရှိနေရင် အဖေ့ကို ကြောက်စရာလိုမလား.. လုမိသားစုကို ဖျက်ဆီးပစ်လိုက်တာ ကြာပေါ့ .. အဟွန်းဟွန်း .. ”
“ အမိုက်မ! ကိုယ့်မိသားစုကိုယ်ဖျက်ဆီးလို့ ညည်းအတွက် ဘာကောင်းကျိုးရှိလို့လဲ!! ”
“ အရမ်းတွေစိုးရိမ်ကြီးမသွားပါနဲ့ဦး .. ဒီက စိတ်ကူးယဥ်ကြည့်ရုံလေးပါ .. ဒါပေမဲ့ ဟန်ကျိုးလီကိုတော့ တကယ် သွားရှာလိုက်သေးတယ် .. မထင်ထားဘူး သိလား .. သူပြောလိုက်တာက အဖေ သူများတွေကို အနိုင်ကျင့်နေတာကို သည်းမခံနိုင်လို့ သူ ဝင်ကူညီပေးတာပါတဲ့ .. ပြီးတော့ စိတ်ကူးသိပ်မယဥ်နဲ့လို့လည်း ကျွန်မကို ပြောသေးတယ် .. ”
လုချီယွမ် ဒေါသထွက်တာကို လိုချင်ပေမယ့် ဟန်ကျိုးလီနှင့် သူမရဲ့ဆက်ဆံရေးကြောင့် ဇယားတွေလာရှုပ်နေမှာကိုတော့ မလိုချင်ပါ။ထို့ကြောင့် လုချီယွမ် မျှော်လင့်ချက်တွေမထားတော့အောင် သူ့မျက်လုံးထဲမှာ သူမက အဖိုးတန်မဟုတ်သည့်အကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
သို့သော် လုမန်အများကြီးပြောင်းလဲသွား၍ အမှန်တွေပြောနေတာလား လိမ်ပြောနေတာလား ဆိုတာကို လုချီယွမ် မဝေခွဲတတ်တော့ပေ။
“ မသိချင်ဘူး .. ညည်းဘယ်လိုနည်းလမ်းတွေသုံးသုံး .. ငါပြောတာကိုသာ လုပ်ပေး! ”
YOU ARE READING
ထိုမှစခဲ့သော အချစ်များစွာသည်
RomanceTranslation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is not mine. Full Credit to relevant Owners. " ခေါ်ထားပါနော် ဘာမဆိုလုပ်ပေးပါ့မယ် " သူမ၏ယခင်ဘဝမှာ သစ္စာဖောက်ကောင်နှင့် ညီမဖြစ်သူ၏ မတရားအမှုဆင်မှ...