106

2.6K 269 3
                                    

Unicode :

အခန်း [ ၁၀၆ ]

သိုက်ယီးရန် ဒီလိုတွေ့ကရာ လျှောက်ပြောနေတာမကောင်းဘူး၊ သူ့မေမေ ကြားသွားရင် သူ့ဖေဖေကို အညိုအမဲစွဲတဲ့အထိ ဒူးထောက်ခိုင်းလောက်တယ်..

" ခစ်..ခစ်... "

လုမန် ရယ်လိုက်မိပြန်သည်။

ဟန်ကျိုးလီ တော်တော်ရယ်ရပါလား !

ဘယ့်နှယ် ရုပ်တည်ကြီးနဲ့ကို ရယ်နေရတာ

ဟန်ကျိုးလီ ဟာသလုပ်နေတာမဟုတ်ပေမယ့် လုမန်ကတော့ ကြားတိုင်း ရယ်သည်။

သိုက်ယီးရန်မျက်နှာ လည်နင်နေသလိုဖြစ်ကာ မျက်နှာတစ်ပြင်လုံး နီမြန်းနေပြီး အတော်ကြာမှ..
" အစ်ကို့ဦးလေးနဲ့ လိုက်လာခဲ့တာ "

" ဪ ဟုတ်လား.. "
ဟန်ကျိုးလီက ခေါင်းညိတ်လိုက်သေးသည်။
" ကိုယ့်ဒေါ်လေးက ဘာမှမပြောဘူးလား "

" အို.."
လုမန်မျက်နှာလွှဲထားလိုက်မိသည်။
ဒါတော့ ဟန်ကျိုးလီ တကယ်များသွားပြီ။

" အစ်ကို့!.. "
ရှက်ရှက်နဲ့ သိုက်ယီးရန်အသံလေးဆောင့်ထွက်လာသည်။
" ဦးလေးရော အန်တီရော ပါတယ်၊ အစ်ကိုနဲ့ကျွန်မကို မိတ်ဆက်ပေးဖို့ အဲ့ဒီကို ခေါ်သွားတာ "

' တကယ် မမှတ်မိဘူး ' ဆိုသည့်မျက်နှာနှင့် ဟန်ကျိုးလီက ကျန့်ထျန်းမင်ဘက်ကို လှည့်မေး၏။
" သူနဲ့ငါ ချိန်းထားတာရှိလို့လား "

" မရှိပါဘူး "

" ဒါဆို သူက ဘာဖြစ်လို့ ဒီမှာ.. "

" လေးလေးဟန် လိုက်ပို့တာ၊ ဒီနေ့ပဲ ဟန်ကော်ပိုရေးရှင်းမှာ အလုပ်လုပ်မလို့ "

သိုက်ယီးရန် ဝင်ဖြေလိုက်တာကို ဟန်ကျိုးလီက မယုံကြည်သလို မျက်နှာနှင့် ကျန့်ထျန်းမင်ကို ကြည့်သည်။ ပြီးမှ
" အဲ့လိုလည်း ရှိတယ်လား "

" ဟုတ်ကဲ့၊ အရင်က သူဌေးဦးလေး ပြောလို့ သူဌေးပဲ ကျွန်တော့်ကို တော်သလို ရှင်းလိုက်ဖို့ ​လွှဲထားတာပါ "

သဘောက ကိစ္စတစ်ခုလုံးကို သူ့ဆီလွှဲထားပြီး နည်းနည်းမှ ထပ်မမေးကြည့်တော့တာမျိုး။

ဟန်ကျိုးလီမျက်လုံးထဲမှာ ဟန်တုံးဖျင်သာရှိပြီး သိုက်ယီးရန်ကို နည်းနည်းမှ မထည့်ထားသည့်ပုံ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now