《Unicode》
အခန်း ၄၂ ) ရှင့်စကားကိုနားထောင်ပါ့မယ်
လုချီယွမ်မျက်နှာက လူထုရဲ့ပြောစကားတွေကြောင့် ခရမ်းပုပ်ရောင် သန်းသွားသည်။
ရှချင်းယန်တောင်မှ စိတ်တုန်လှုပ်သွားရပြီး..
“ ဘာမှမသိဘဲ မပြောပါနဲ့! ဒါက.. အနုပညာရှင် လုချီ မဟုတ်ဘူး! နင်တို့ပြောသလိုမဟုတ်ဘူး! ”ဒီအဖြစ်ကြောင့် လုချီ ထိခိုက်နစ်နာသွားမည်ကို ရှချင်းယန်က စိုးရိမ်သည်။ ဒါပေမဲ့ သူမပြောသမျှကို လူတွေက ဘာလို့ယုံရမှာလဲ.. ?
“ လုမန်ကိုဖမ်းစမ်း မြန်မြန်! ”
ထို့ကြောင့် ရှချင်းယန်မှာ ဟန်ဆောင်ပန်ဆောင် မလုပ်နိုင်ဘဲ စိတ်ရင်းမှန်တွေပေါ်ကုန်ပြီး အမိန့်ပေးစေခိုင်းလိုက်တော့သည်။ထိုအချိန်မှာ လုချီယွမ်က သူများပြောစကားတွေကြောင့် ဒေါသသည်းနေသည်ဖြစ်ရာ ရှချင်းယန်အချိုးပြောင်းသွားသည်ကို သတိမပြုမိလိုက်။
လုမန်စိတ်တိုသွားသည်။
“ မေမေက ဒေါသစိတ်နဲ့ မူးမေ့သွားလို့ ခွဲခန်းရောက်သွားတာတောင်မှ ရှင်တို့က ဟန်ဆောင်ပန်ဆောင်နဲ့မေးဖော်မရဘဲ ကျွန်မကို လုချီအတွက် ဓားစာခံလုပ်ဖို့ချောင်ပိတ်ဖမ်းချင်နေကြတယ်! ”စကားတွေအားလုံးက လုချီယွမ်ဆီဦးတည်နေတာဖြစ်၏။
ဘေးကရပ်ကြည့်နေတဲ့သူတွေက ပိုလို့ပင် ဝေဖန်လာကြတော့သည်။
“ တွေ့လား! ယုတ္တိမရှိလိုက်တာ! သူတို့တွေက လူရောဟုတ်ရဲ့လားဟ!! ”“ ကောင်မလေးသနားပါတယ် ဖအေဖြစ်သူက ဒုက္ခတွင်းထဲပို့နေမှတော့ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ ”
“ တိတ်ကြ!! ” ရှချင်းယန်က ပျာပျာသလဲ မောင်းထုတ်သည်။ “ ဒါက မိသားစုရေးပဲ.. နင်တို့နဲ့ ဘာဆိုင်လို့လဲ သွားကြစမ်း! သွားကြ!! ”
“ မြန်မြန်လုပ်.. သူ့အပေါက်ကိုပိတ်ပြီးခေါ်သွား ” ရှချင်းယန်က စူးရဲစွာ စေခိုင်းလိုက်သည်။
ထိုသူတွေမှာ သူမအမိန့်ကို နာခံချင်ပေမယ့် ဟန်ကျိုးလီကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရ၏။
YOU ARE READING
ထိုမှစခဲ့သော အချစ်များစွာသည်
RomanceTranslation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is not mine. Full Credit to relevant Owners. " ခေါ်ထားပါနော် ဘာမဆိုလုပ်ပေးပါ့မယ် " သူမ၏ယခင်ဘဝမှာ သစ္စာဖောက်ကောင်နှင့် ညီမဖြစ်သူ၏ မတရားအမှုဆင်မှ...