အခန်း [ ၁၀၅ ]
သိုက်ယီးရန် တွေးနေတာလည်း ဒါပဲဖြစ်သည်။ ဟန်ကျိုးလီမျက်နှာပေါ်က ဒေါသတွေ သူမဆီသို့ လိပ်မူနေခြင်း မဟုတ်တာကို လုံးဝ ယုံကြည်၏။
“ အစ်ကိုဟန်.. ”
သိုက်ယီးရန်က ပြုံး၍ ချိုသာစွာ ခေါ်လိုက်ရင်း သူ့ကို ကြိုဖို့ ရှေ့တိုးသွားသည်။ဟန်ကျိုးလီက မျက်နှာထားတင်းတင်းဖြင့် လျှောက်လာနေကာ သူမဆီလာနေသည်ထင်၍ သိုက်ယီးရန်က ပိုဂုဏ်မောက်သွားပြီး လက်ကိုဆွဲဖက်ဖို့ လှမ်းလိုက်၏။
သို့သော်.. ဟန်ကျိုးလီက မရပ်ဘဲ လုမန်ဘေးကိုတန်းလျှောက်သွားသဖြင့် သိုက်ယီးရန် ဘာကိုမှဖမ်းဆုပ်မမိခဲ့ဘဲဖြစ်ကာ လက်နှစ်ဖက်စလုံး ကိုးရိုးကားရားနှင့် လေထဲမှာ ဝဝဲဝဲဖြစ်ကျန်ခဲ့၏။
ယဲ့ရွှမ်းရွှမ်းမျက်နှာ အံ့သြသလိုလေး ဖြစ်သွားသည်။
ဘာတွေဖြစ်ကုန်တာလဲ...
သိုက်ယီးရန်က ဟန်ကျိုးလီနဲ့ မသိဘူးလား..
‘ အစ်ကိုဟန် ’ ဟု တဖွဖွ ခေါ်ဆိုနေခြင်းသည် နှစ်ယောက်ရဲ့ဆက်ဆံရေးက သာမန်မဟုတ်တာကို သိသာစေခဲ့၏။
ဒါပေမဲ့ ဟန်ကျိုးလီက ဘာဖြစ်လို့ အဖက်မလုပ်တာလဲ...
သိုက်ယီးရန်ကို အားကိုးလို့ရပါ့မလား..
စိတ်ထဲမှာ အတွေးတွေပြည့်အိုင်သွားကာ ယဲ့ရွှမ်းရွှမ်း ဦးနှောက်ခြောက်တော့သည်။
“ ဒါကုမ္ပဏီနော် ရပ်ကွက်ထဲကစျေးမဟုတ်ဘူး၊ ဆူဆူပူပူလုပ်ချင်ရင် လမ်းပေါ်ထွက်ကြပါ ”
ဒီဘက်ကို လှည့်ကြည့်ပြီး ပြောဆိုလိုက်သဖြင့် ယဲ့ရွှမ်းရွှမ်း ကြောက်ရွံ့စွာ တုန်ယင်လာကာ..
“ သ.. သူဌေးရယ် လုမန်က ပထမဆုံးနေ့မို့ ဒီကစည်းကမ်းတွေကို မသိလို့ပါ၊ သူဌေးမရှိတဲ့အချိန် ရုံးခန်းထဲကို ဘယ်သူ့မှဝင်ခွင့်မပေးဘူးလေ၊ ဒါပေမယ့် လုမန်က အထဲဝင်ရုံမကဘူး၊ ပစ္စည်းတွေကိုလည်း လျှောက်ကိုင်နေလို့၊ မမလေးသိုက်က မြင်တော့ ထွက်သွားဖို့ ပြောတာကို သူက နားကျမခံဘဲ ပေကတ်ကတ်လုပ်နေတာနဲ့ ကျွန်မ.. ကျွန်မလည်း သူ့ကြောင့် ကုမ္ပဏီရဲ့နာမည်ကို ထိခိုက်မခံနိုင်လို့ပါ ”
![](https://img.wattpad.com/cover/262414174-288-k299144.jpg)
KAMU SEDANG MEMBACA
ထိုမှစခဲ့သော အချစ်များစွာသည်
RomansaTranslation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is not mine. Full Credit to relevant Owners. " ခေါ်ထားပါနော် ဘာမဆိုလုပ်ပေးပါ့မယ် " သူမ၏ယခင်ဘဝမှာ သစ္စာဖောက်ကောင်နှင့် ညီမဖြစ်သူ၏ မတရားအမှုဆင်မှ...