၆၅။ [ ယွမ်တစ်သိန်း လွှဲပေးခြင်း ]
“ ဘာဖြစ်ဖြစ် ရာဇဝတ်သားက ခင်ဗျားပါ ပါဝင်ပတ်သက်နေတယ်လို့ ထွက်ဆိုထားတဲ့အတွက် ကျေးဇူးပြုပြီး ကျုပ်တို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေးပါ..မကြောက်ပါနဲ့နော်..မေးခွန်းလေးတွေမေးမှာပါ..ဒါလေးပါပဲ.. ခင်ဗျား ဘာမှမလုပ်ထားရင် ကျွန်တော်တို့ကလည်း ခင်ဗျားကို ဘာမှလုပ်စရာမရှိပါဘူး ”
ရှချင်းယန် လုချီယွမ်ကိုတစ်လှည့် လုချီကိုတစ်လှည့် ကြည့်လိုက်မိတော့သည်။
လုချီက ရှချင်းယန်လက်ကို ဆုပ်သည်။
“ အမေ .. သိပ်မစိုးရိမ်ပါနဲ့ .. ဒါ အမှုဆင်ခံရတာ.. ရဲတွေကလည်း လူတစ်ယောက်ကို မဆင်မခြင်နဲ့ ဖမ်းမှာ မဟုတ်ပါဘူး အခု ရဲစခန်းကိုသွားရမှာက မေးခွန်းလေးတွေဖြေရအောင် ဒါလေးပဲ.. ”စကားဆုံးတာနှင့် ရှချင်းယန်လက်ကိုဖျစ်ပြီး အမူအရာမပျက်အောင် သတိပေးလိုက်သည်။
ကြောက်နေသည့် ရှချင်းယန်ကတော့ မျက်ရည်တွေကို မထိန်းနိုင်ရှာ။ လုချီယွမ်လက်ကို ဆွဲ၏။
“ ချီယွမ်..ရှင်ကျွန်မကိုကယ်ရမယ်နော်..ကျွန်မတကယ်ချောက်ချခံရတာ သိလား..ဒီကိစ္စကို ကျွန်မနည်းနည်းမှမသိပါဘူး..သူတို့ ကျွန်မကို ဖမ်းဖို့ လုပ်နေကြတာ.. ”ဒီအခိုက်မှာတော့ ကိုယ်လုပ်ခဲ့ပါတယ်လို့ သူမ ဝန်မခံနိုင်။
“ ငါ မင်းနဲ့ လိုက်ခဲ့မယ် .. ရှေ့နေကိုလည်း ဆက်သွယ်လိုက်မယ် ”
***
ထိုအချိန်မှာ လုမန်က စျေးကိုသွားပြီး ခိုတစ်ကောင်ဝယ်သည်။ ရှချင်းဝေသည် ခွဲစိတ်ပြီးစဖြစ်သဖြင့် ခိုစွပ်ပြုတ်ချက်ပေးတာအကောင်းဆုံးပဲဖြစ်လိမ့်မည်။
ဟင်းသီးဟင်းရွက်တွေလည်း လုမန် ဝယ်ခဲ့ကာ မီးဖိုချောင်ထဲမှာ စားသောက်ပွဲတွေ ပြင်လိုက်သည်။
ပြီးမှ ရွှီဟွေ့နှင့်အတူ ဆေးရုံသို့ ထွက်လာခဲ့၏။
အိတ်ထဲမှ စွပ်ပြုတ်ကို အရင်ထုတ်သည်။ ပြီးမှ နေ့လယ်စာဘူးနှစ်ဘူးကို ထပ်ထုတ်ပြီး ကျိုးချန်နှင့် ရွှီဟွေ့ထံ ကမ်းပေးလိုက်သည်။
“ အစ်ကိုကျိုး..အစ်ကိုရွှီ..ဒီရက်တွေမှာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါနော်.. ဒါ အစ်ကိုတို့အတွက် နေ့လယ်စာပါ ”
YOU ARE READING
ထိုမှစခဲ့သော အချစ်များစွာသည်
RomanceTranslation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is not mine. Full Credit to relevant Owners. " ခေါ်ထားပါနော် ဘာမဆိုလုပ်ပေးပါ့မယ် " သူမ၏ယခင်ဘဝမှာ သစ္စာဖောက်ကောင်နှင့် ညီမဖြစ်သူ၏ မတရားအမှုဆင်မှ...