24

6.8K 885 17
                                    

Unicode

အခန်း ၂၄ ) ဘယ်သူက အယုတ်တမာကောင်နဲ့ မတွေ့ခဲ့တာလဲ နှစ်ယောက်လုံးလား

လုချီမျက်နှာချက်ချင်း​ပျက်ယွင်းသွားသည်။ မိထွေးပါသမီးလို့ လုမန်ပြောတာကို သူမအမုန်းဆုံး။

ကိစ္စတွေကို နားလည်လာသည်နှင့်တစ်ပြိုင်နက် ရှချင်းယန် လုမိသားစုထဲကို မရောက်ရှိခင်မှာတည်းက လုချီယွမ်က သူမဖခင်ဖြစ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။

သို့တိုင် သူမသည် လုချီယွမ်နှင့် သွေးတော်စပ်မှုမရှိသော မိထွေးပါသမီး ဖြစ်သည် ဟု လုမန်က အမြဲ နှိုးဆော်သည်။

ထို့ကြောင့် မတရားဘူးလို့ လုချီထင်သည်။ သူမ နှင့် လုမန်မှာ တူညီသောဂုဏ်အဆင့်အတန်းရှိသော်ငြား အဘယ်ကြောင့် သူမက အထင်အမြင်သေးခံရသနည်း။ သူမသည်လည်း လုမိသားစုရဲ့တရားဝင်သမီးပါလို့ လူတွေကို အဘယ်ကြောင့် ထုတ်ပြောခွင့်မရှိသနည်း။   

သို့တိုင် လုမန်က သူမရင်ကိုအကြိမ်ကြိမ်ခွဲသည်။

လုချီမျက်နှာကို မြင်လိုက်တာနှင့် ဒေါသထွက်နေပြီမှန်း လုမန် သိလိုက်သည်။

သို့ပေမယ့် လုချီယွမ်ရှေ့မှာတော့ ထိုသို့ ပြောဖြစ်မည် မဟုတ်ပေ။

အခုဆိုရင် သူမက ဒါတွေပြောလေ လုချီယွမ်က လုချီကို သနားလေလေ ဖြစ်နေမှာကို သိနေပါပြီ။

သို့သော်လည်း အနားမှာ လုချီယွမ် မရှိနေသရွေ့ လုချီရဲ့အားနည်းချက်ကို တမင်တကာ ထိုးဆွပစ်ရလည်း ကိစ္စတော့မရှိပေ။ 

ထို့ကြောင့် လုချီက အဖြစ်သည်းပြလေ လုမန်က ပိုပြောလေ ဖြစ်သည်။

“ လုမန် အဲ့လိုမပြောပါနဲ့ ချီချီက ဘာတစ်ခုမှအမှားမလုပ်ခဲ့ဘူး ငါတို့ချင်း မသင့်တော်လို့ပဲ ”
ဟဲကျိန့်ပိုင်က မျက်မှောင်ကုတ်ပြီး ပြောသည်။

“ ငါ့စကားတွေက နားဝင်ချိုချင်မှချိုမယ်။ ဒါပေမဲ့ ငါက နင့်ထက်အများကြီးသာတယ်နော်။ နင်က အပြောချိုပေမယ့် လုပ်ရပ်တွေကတော့ သိပ်ကို ရွံစရာကောင်းတယ် ”
လုမန် လုချီကို အပြုံးကြီးပြုံးပြလိုက်ကာ
“ နင်မသိသေးဘူးထင်တယ်။ ဟဲကျိန့်ပိုင်က ငါနဲ့ရှိနေတဲ့အချိန်မှာ နင့်မကောင်းကြောင်းတွေပြောတယ်။ နင်က မိထွေးပါသမီးဖြစ်ပြီး ကိုယ့်နေရာကိုယ်မသိဘူး ငါနဲ့ နေရာတကာလိုက်ပြိုင်နေတယ် ကိုယ့်ကိုယ်ကို ဘာထင်နေတယ် မသိဘူးတဲ့။ နင်နဲ့တွေ့ရင်လည်း သူက ငါ့မကောင်းကြောင်းတွေပြောမယ်ထင်တယ်။ ငါက နင့်ကို ဘယ်နည်းနဲ့မှ မယှဥ်သာဘူးတို့ လုမိသားစုရဲ့သမီးဖြစ်ပေမယ့် အကျင့်ကောင်းတစ်စက်မှမရှိဘူးတို့ ဘာတို့လေ ဟုတ်လား ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now