80

4K 445 16
                                    

အခန်း [ ၈၀ ]

" PR ဌာနမှာ လျှောက်တယ် ထင်တာပဲ "
ဧည့်ကြိုဝန်ထမ်းက တုံ့နှေးစွာ ဆိုသည်။

လုချီယွမ် ခေါင်းညိတ်ပြီး သွားဖို့ ပြင်တော့ ဧည့်ကြိုဝန်ထမ်းက ချက်ချင်း တားဆီးလိုက်ကာ
" ရက်ချိန်းယူထားလားရှင့် "

" ယူထားတယ် .. ထုတ်လုပ်ရေးဌာနမန်နေဂျာနဲ့ မနက် ၁၀ နာရီခွဲမှာ တွေ့မယ်လို့ ပြောထားပြီးသား .. "

သို့သော် မှတ်တမ်းတွေကို စစ်ဆေးပြီးမှ ဧည့်ကြိုဝန်ထမ်းက ဝင်ခွင့်ပေးလေသည်။

" အဖေ မမရယ် အလုပ်ရသွားရင် အန်တီ့ဆေးဖိုးတွေအတွက် အဖေ့ပိုက်ဆံကို မလိုတော့ဘူး ဟုတ်တယ်နော် .. အဲ့လိုဆို တို့တွေကို ပိုအမြင်စောင်းသွားမယ် မဟုတ်လား "
ဓာတ်လှေကားထဲကိုဝင်တော့ လုချီ ပြောလိုက်သည်။

လုချီယွမ်က PR ဌာန ရှိနေသည့် အထပ်အတွက် ခလုတ်ကို ဖိနှိပ်လိုက်ပြီး
" အဲဲဒါကြောင့်မို့လို့ သူ အလုပ်ရလို့ မဖြစ်တာပေါ့ သူက ဒီမှာ အလုပ်လုပ်ချင်တာတဲ့လား ဟွန်း.. အိပ်မက်မက်နေလိုက်စမ်းပါ! "

***

" ဆရာ "
ဟန်ကျိုးလီ အစည်းအဝေးခန်းထဲကထွက်တော့ ကျန့်ထျန်းမင်က အနားကို သွက်သွက်လျှောက်လာသည်။
" ခုနက လုမန်အင်တာဗျူးလာဖြေတယ်.. အလုပ်ရသွားပါပြီ "

" အဲ့ဒီလိုဖြစ်ရမှာပဲလေ .. သူက ထူးချွန်ပြီးသား "

"..."

ဂုဏ်ယူဝင်ကြွားစွာ ပြောလိုက်သည့် မျက်နှာကို ကျန့်ထျန်းမင် မော့ကြည့်မိသည်။

ခင်ဗျား ဒီလောက်ယုံကြည်နေရင်တောင် ဟိုက မသိဘူး .. ဘာတွေဂုဏ်ယူနေတာလဲ

" ဒါပေမဲ့ အပြန်မှာ လုချီယွမ်နဲ့ လုချီတို့ ဝင်လာတာနဲ့တွေ့သွားတယ် .. သူတို့ ဒီကထုတ်လုပ်ရေးအဖွဲ့မန်နေဂျာနဲ့ ချိန်းထားတာ ရှိတယ်.. လုချီအတွက် တစ်နေရာဖန်ပေးဖို့ စီစဥ်ထားတာပါ .. ပထမထပ်မှာလှမ်းတွေ့လိုက်တုန်းက လုချီယွမ်က လုမန်ကို ရိုက်တော့မလို့ပဲ .. ဒါပေမဲ့ လုမန်က ရှောင်လိုက်ပါတယ် "

ဟန်ကျိုးလီမျက်နှာပေါ်က အပြုံးတွေပျက်ကျသွားကာ တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွား၏။
" အဲ့ဒါကို ဘာဖြစ်လို့ အခုမှ လာပြောရတာလဲ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now