Part 11 Zawgyi

297 24 1
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၁)

ဒီနေ့က ကိုကို ပြန်လာမဲ့နေ့ဘဲ ပျော်လိုက်တာ ။လေဆိပ်မှာ သွားစောင့်နေရမယ်။ရီပေါ်တယောက် မနက်အစောကြီးထပြီး ပြင်ဆင်နေသည်။ အကျိ အပြာရောင်လေးဝတ်ပြီး ရှောင်ကျန့်ကိုပေးဖို့ ပန်းစီး ရော အရုပ်ကလေးရောပါ ဝယ်ထားသည်။ ကိုကိုကြိုက်တဲ့ရေမွှေးလေးစွတ်ပြီး ရှောင်ကျန့်ကို ပြဖို့ ပို့စ်စတာလေးလဲ ခေါက်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်တယ်။ ပြီးတော့အောက်ထပ်ကိုဆင်းလာတော့ မားကမေးလေသည်။

"သားလေး ကျောင်းပိတ်ရက်ကို ဘယ်သွားမလို့လဲ အစောကြီးဘဲ"

"မား သား ရှောင်ကျန့်ကောကို သွားကြိုမလို့ သူဒီနေ့ပြန်လာမှာလေ"

"အမလေး သားရယ် အာ့မှာ fan တွေရော လုံခြုံရေးတွေရော အများကြီးဘဲ သားတိုးလို့တောင်ရမှာ မဟုတ်ဘူးနော်။"

"မားရယ် စိတ်ဓာတ်ကျစရာတွေမပြော စမ်းပါနဲ့ "

..........

လေဆိပ်ရောက်တော့ mask လေးတပ်ပြီး ကိုကို ကိုစောင့်နေတာပေါ့။ ပုဇွန်နီမ တွေလည်းကျွန်တော်နဲ့ အတူစောင့်နေတယ်။ ကြာတော့ ​ခြေထောက်တွေတောင်ညောင်းလာတယ်။စောင့်နေတာ တစ်နာရီလောက်ရှိပြီ။ နောက်ကျလိုက်တာ။ကိုကိုရယ် လွမ်းပါတယ်ဆိုမှ တွေရတော့မှာမို့ စိတ်ထဲ ကလိကလိ ဖြစ်နေတယ်။

ခဏနေတော့......

"ကျန့်ကျန့် လာပြီဟေ့
ကျန့်ကျန့် ဝေါ်အိုက်နီ
ကျန့်ကျန့် ကျန့်ကျန့်" fan တွေအော်နေတာ

ရှောင်ကျန့်နဲ့ ဂရိတ် လက်ချင်းတွဲပြီး လာကြတာပေါ့။ ရီပေါ် လက်ပြနေသော်လည်း ရီပေါ်ဘေးကနေ ဖြတ်လျှောက် သွားတဲ့ ရှောင်ကျန့်ကြောင့် ရင်ထဲစို့နင့်သွားတယ်။ တကယ်က ရှောင်ကျန့် ရီပေါ်ကိုမြင်ပေမဲ့ လူတွေအများကြီးကြောင့် မခေါ်တာပါ။ ရီပေါ်ကတော့ မဟုတ်တာတွေကို စိတ်ထဲမှာ တစ်ခုချင်း စဉ်းစားရင်း မျက်ရည်ဝဲလာသည်။ ရီပေါ် သန့်စင်ခန်းထဲ ဝင်ပြီး မျက်နှာသစ်ပြီး ထွက်မယ်အပြင် နောက်ကနေ ဆွဲလိုက်တဲ့ လက်တစ်စုံကြောင့် လန့်ဖျတ်သွားသည်။

"လွှတ်လေ ဘာလို့ဖက်တာလဲ လွှတ်ပါ"

"ကို့ ကိုတောင်မမှတ်မိဘူးလား"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now