Part 1

6.5K 273 23
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁)


"ကိုကိုရေ......ချစ်တယ်နော် မွ...မွ "

ရီပေါ်တယောက်အိမ်မက်ထဲမှာ သူ့ idol ဖြစ်တဲ့ ရှောင်ကျန့်နဲ့ သာယာနေလေသည်။ရီပေါ်ကအလယ်တန်းထဲက ရှောင်ကျန်ရဲ့ fan boy လေးပေါ့။ရှောင်ကျန့်ကို သူ့ကမ္ဘာလို့သတ်မှတ်ထားတာ။အိမ်မှာလဲသူ့ပုံတွေအပြည့်ကပ်ထားတယ်။ ခေါင်းအုံး အိပ်ယာ အကုန်လုံးရှောင်ကျန့်ပုံဘဲ။ ရေခွက်တောင် ရှောင်ကျန့်ပုံလေးနဲ့။

"ရီပေါ်ရေ ထတော့လေ နောက်ကျနေပြီ ဒီနေ့တက္ကသိုလ် ပထမနှစ် စတက်ရတော့မှာလေ"

ဟု ရှီးချန် ခေါ်နေတော့သည်။ဒီကောင်လေး ဘာလို့မထသေးတာပါလိမ့်။

"ဟဲ့နင့် ညီ မထသေးဘူးလား"

"ဟုတ်မား နိုးထားတယ်"

ဟာအကိုကလဲ ကောင်းခန်းကို နိုးနေပြန်ပြီ။အိမ်မက်ထဲမှာနမ်းနေတာ တကယ်အတိုင်းဘဲ။နှုတ်ခမ်းလေးတွေကလဲနွေးနေတာဘဲ။ကိုကို က တနေ့တော့ ငါ့အပိုင်ဖြစ်စေရမယ်။ ဟဲဟဲ(လူယုတ်မာ ရီသံဖြင့်)

"သားမနက်စာ စားသွားအုန်းလေ"

"မားသားမမှီတော့ဘူး နောက်ကျနေပြီ မစားတော့ဘူး"

မင်းဘာသာ စောစောမထတာလေ လို့ ရှီးချန်ပြောနေတော့သည်။

ရော့ သားလေးနွားနို့တခွက်တော့သောက်သွား လို့မားကလှမ်းပေးလိုက်တော့ တစ်ငုံသောက်ပြီး မြန်မြန်သွားလေသည်

ရိပေါ်ရဲ့ပထမနေ့ဆိုတော့ အကိုက ကားနဲ့ လိုက်ပို့တယ်။ ရီပေါ်ကတော့ ကားမှန်ဘက်ကို ခေါင်းပြူထွက်ကာ လေကောင်းလေသန့်ရူရင်း ရှောင်ကျန့်ရဲ့ satisfied သီချင်းလေးကို နားထောင်ရင်းပြုံးနေတော့အကိုမေးလေသည်

"ရီပေါ် ဘာလို့တယောက်ထဲပြုံးနေတာလဲ ရီပေါ်ငါခေါ်နေတာကြားလား"

​"အကိုဘာလို့ခေါ်နေတာလဲ feel ပျက်တယ် ကိုကို့ သီချင်းနားထောင်နေတာ"

"ရောက်ပြီလို့ပြောမလို့ဟေ့"

"ဟာကွာ spot light တောင်နားမထောငိရသေးဘူး"

"ငါ့ညီကို ကယ်ဖို့ဆေးမရှိတော့ဘူး idol ကိုအာ့လောက်မစွဲလမ်းပါနဲ့ နောက်ကျခံစားနေရမယ်"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now