Part 14

1.5K 111 1
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၄)

ကိုကို ကငါ့ကို ဘာလို့များ လိမ်တာလဲမသိဘူး။ ကျွန်တော်အရမ်း ဝမ်းနည်းတယ်။ကျွန်တော့်မျက်လုံးထဲ မှာ ဘာမှမမြင်တော့ဘဲ ကားကိုစက်နိုးပြီး ​အမြန်မောင်းလာလိုက်တယ်။ ညှဥ့်နက်တော့ နှင်းတွေအရမ်းကျပြီး ကားလမ်းတစ်လျှောက်နှင်းတွေနဲ့ ပိတ်နေတယ်။ ကျွန်တော့် မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ လမ်းတောက်လျှောက် ကိုကို အကြောင်းဘဲတွေးနေမိတယ်။ဘာကြောင့် လိမ်ရတာလဲဆိုပြီး။တသွင်သွင် စီးကျနေတဲ့ မျက်ရည်တွေကြောင့် အရှေ့က လာတဲ့ ကားကိုမမြင်မိဘူး။အနီးကပ်ရောက်မှ မီးထိူးလိုက်တဲ့ ကားမီးကြောင့် ကျွန်တော် အလန့်တကြားနဲ့ ကွေ့လိုက်တာ ဓာတ်တိုင်ကို ဝင်တိုက်မိသွားတယ်။ ခေါင်းက သွေးတွေ စီးကျနေတာကို သိပေမဲ့

"ကိုကို...... ကိုကို..... ကိုကို"

............

"ဟယ်လို"

"ဝမ်ရီပေါ်ရဲ့ အိမ်ကပါလား"

"ဟုတ်ပါတယ်"

"လူနာ ကားတိုက်မိလို့ ဆေးရုံ.......ကို လာခဲ့ပါနော် အရေးပေါ်ပါ"

"သားရေ နင့်ညီ ကားတိုက်မိလို့တဲ့ အရေးပေါ်တဲ့ နင့်ပါးလဲဖုန်းဆက်ခေါ်လိုက် ဆေးရုံသွားရအောင်."

"ဟုမား"

မားနဲ့ ရှီးချန်လဲ စက်အမြန်နိုးပြီး ဆေးရုံကိုလာလိုက်တယ်။ လမ်းတောက်လျှောက်လဲ မားက ငိုယိုနေတယ်။ရှီးချန်ကတော့ ကားကို ဂရုစိုက်မောင်းနေတယ်။ ပါးကလည်းအမြန်ဆုံး လိုက်လာတယ်။ ရီပေါ်က အငယ်ဆုံးလေးဆိုတော့ တစ်မိသားစုလုံး က အရမ်းချစ်ကြတော့ စိတ်ပူနေကြတယ်။နောက်ဆုံးတော့ ဆေးရုံကကိုရောက်ပြီ။ရှီးချန်လည်း ကောင်တာမှာ ရီပေါ် အခန်းကိုမေးလိုက်တယ်။

"လူနာဘယ်လိုအခြေအနေရှိပါသလဲ"

"စိတ်မပူရတော့ပါဘူး ခေါင်းနဲနဲ ထိသွားတယ်။ခြေထောက်အဆစ်လွဲသွားတယ်။ကြီးကြီးမားမားတော့မရှိပါဘူး။ "

"အာ့ဆိုဘာလို့ မနိုးသေးတာလဲ"

"မေ့ဆေးအရှိန်ကြောင့်ပါ နောက် ၁နာရီလောက်ဆို နိုးလာပါလိမ့်မယ်"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Место, где живут истории. Откройте их для себя