ep10 Zawgyi

294 22 0
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၀)

အခုဆို ကိုကိုနဲ့ ကွဲနေတာ ရက်ပေါင်း ၆၈ရက်ရှိပြီပေါ့။ အနေဝေးနေပေမဲ့ နှလုံးသားတို့ကတော့​နီးနေဆဲပါဘဲ။ ကျွန်တော်တို့နှစ်​ယောက်ကတော့ နေ့တိုင်း ဖုန်းပြောဖြစ်ကြတယ်။ကိုကိုနဲ့ ဂရိတ်ဆိုတဲ့ မင်းသမီးနဲ့ကတော့ နာမည်တွေ ထွက်နေတာပေါ့။ကျွန်တော်ကတော့ ကိုကို့ကို ယုံကြည်ပြီး သူပြန်အလာကိုဘဲ စောင့်နေမိတယ်။ကိုကို လဲ သူ့အလုပ်နဲ့သူ ကျွန်တော်လဲ ကျောင်းတစ်ဖက် ပြိုင်ပွဲတစ်ဖက်နဲ့ အလုပ်ရှုပ်နေတာပေါ့။

..........

ဒီနေ့ပြိုင်ပွဲမှာ အနိုင်ရသွားတာကတော့ ဝမ်ရီပေါ်

"ဟေ့ရီပေါ် နင်နိုင်သွားပြီး con con pr နိုင်တာကိုဘာလို့ ဆူပုတ်နေတာလဲ"

"မငျးမသိပါဘူး ဝမ်ချင်ရယ် ကိုကိုက နောက်ထပ်တစ်လ ထပ်နေရမယ်တဲ့ ဟူးးးးး"

"တစ်လဘဲကိစ္စမရှိပါဘူးဟယ် ခဏလေးဘဲ အချိန်က ကုန်မြန်ပါတယ်"

"ငါ့ရဲ့အချိန်က အာ့လိုမဟုဘူးလေ ကိုကိုမရှိရင် ငါ့အတွက် တစ်မိနစ်ကစ ကြာလွန်းတယ်.."

"အေးပါဟယ်ချစ်တတ် လွန်းသူကြီး လာလျှောက်လည်ရအောင်"

"တော်ပြီ ငါစာလုပ်ရအုန်းမယ့် မလိုက်နိုင်တော့ဘူး..."

"အေးပါ ရပါတယ်"

ရီပေါ်ကတော့ အိမ်ကို သူ့ဘာသာပြန်သွားတယ်။ဝမ်ချင်ကတော့ ကားငှားပြီး ပြန်မလို့ လမ်းလျှောက်နေတုန်း သူ့ဘေးမှာ ကားရပ်လာတာကြောင့် လှည့်ကြည့်လိုက်တော့ ဟိုနေ့တုန်းကတွေ့ခဲ့တဲ့အမ ကျန်ယန်လီ

"တစ်ယောက်ထဲလား ညမ"

"ဟုတ်ကဲ့တစ်ယောက်ထဲဘဲ"

"လာတက်လေ"

"ရပါတယ် အမ"

လာပါ ဘာအလုပ်မှမရှိဘူး အမမှာ(တကယ်က သူ့မောင် ကျန်းချန်ကို ကျောင်းသွားကြိုရမှာ 😁)

ကျန်းယန်လီ ရီပေါ်အကို ရှီးချန်ကို ဖုန်းလှမ်းဆက်ပြီး သူ့မောင်ကို ကြိုခိုင်းလိုက်တယ်။

"အမ မှာ ဘာအလုပ်မှမရှိဘူးလား ညမကြောင့်အလုပ်ရှုပ်မှာဆိုးလို့"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now