Part 15

1.6K 119 3
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၅)

"ကလေးရယ် ကိုတောင်းပန်တာကိုတော့ လက်ခံပေးသင့်တယ်လေ ပြီတော့ ရှင်းပြခွင့်လေးပြုပါနော်"

"မပြုချင်ဘူး ပြန်တော့"

"ပြန်ရင် မင်းကိုဘယ်သူ ပြုစုမလဲ ခြေထောက်လည်း မကောင်းဘဲနဲ့"

"ကျွန်တော့် မိဘတွေလာလိမ့်မယ် ပြီးတော့ ကိုကို့ နောက်ထပ်မလာပါနဲ့တော့ ကို့မျက်နှာကို မကြည့်ချင်တော့ဘူး"

"ကလေး စိတ်ချမ်းသာသလို လုပ်ပါ တစ်ခုဘဲသိပေးပါ ကိုချစ်တာက ကလေးတယောက်ထဲပါ"

ရှောင်ကျန့်လည်း ပြန်သွားပြီး ရီပေါ် ငိုပါလေရော။ခုဏက ကိုကို့ ရှေ့မှာ မနဲထိန်းထားရတဲ့မျက်ရည်တွေ တသွင်သွင်စီးကျနေပါတော့တယ် ။ ကိုကို ချစ်တာကို ယုံပါတယ် ဒါပေမဲ့.....,. ...

တွေးနေတုန်း မားနဲ့ အကိုနဲ့ရောက်လာတယ်။ မနက်စာ ဆန်ပြုတ်လေးနဲ့ အရုပ်လေးတွေရော ကျွန်တော့်အတွက် လိုအပ်မယ်ထင်တာလေးတွေ ယူလာတယ်။ကျွန်တော် ငိုထားတာကို မားကသိတော့ မေးတယ်။

"သားလေး ဘာလို့ ငိုနေတာလဲ"

"ဘာမှမဟုတ်ပါဘူး"

"ရှောင်ကျန့်ကြောင့်လား"

"မဟုတ်ပါဘူး"

"မလိမ်စမ်းပါနဲ့ ဘာဖြစ်တာလဲ မားကိုပြောပြပါ"

အဲ့အချိန် ဝမ်ချင်ရောက်လာသည်။ ဝမ်ချင်က သူမေးပေးမယ်ဆိုပြီး မားနဲ့ ကောကို အပြင်ပထုတ်လိုက်တယ်။ မားနဲ့ကော လည်း ထွက်သွားပြီး သူတို့နှစ်ယောက်ကို ထားခဲ့လိုက်တယ်။

"ဟဲ့ နင်ဘာဖြစ်တာလဲ ပြောပြစမ်းပါဟယ် ဒါမှ ငါ ဖြေရှင်းပေးလို့ရမှာပေါ့"

"တကယ်တော့ ပြသနာက ငါပါ ငါထက်ပြီး မခံစားချင်တော့ဘူး လိုက်ပြီးတော့လဲ သဝန်မတိုချင်တော့ဘူး ငါသူ့ကို ထားခဲ့ ချင်ပြီ"

"နင်သူ့ကို ချစ်တယ်မဟုတ်ဘူးလား ချစ်ရင် အရာရာကို နားလည်ခွင့်လွှတ်ပေးရမှာလေ"

"တော်ပြီ ငါ့ကိုသူ့အကြောင်း လာမပြောနဲ့တော့"

ပြောပြီး အန်ပါလေရော။ကျွန်တော့်ခေါင်းတွေလည်း မူးနှောက်နေတာဘဲ။အသံကြားတော့ တံခါးရှေ့က မားနဲ့ ကောလဲ ဝင်လာကြတယ်။ ကောက ဆရာဝန်သွားခေါ်လိုက်တယ်။

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now