Part 16 Zaw

328 21 0
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၆)

ကျွန်တော်နိုးလာတော့ ကိုကိုက တစ်ညလုံးဖက်ပြီး အိပ်နေတာဘဲ ။အိပ်မက်မက်နေတာများလား ဆိုပြီး ကိုယ့်ပါးကိုဆွဲ​ဆိတ်ကြည့်လိုက်တော့ အိမ်မက်မဟုတ်ဘူး။ကျွန်တော်တို့နှစ်​ယောက်ပြန်ပြေလည်သွားတာ။ကိုကို့ရဲ့ ပါးလေးကို ဖွဖွလေး ကိုင်လိုက်​တော့ ကိုကို မျက်လုံးဖွင့်လာတယ်။ကျွန်တော်လဲ မြန်မြန်ဘဲ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်တယ်။ကိုကိုက ကျွန်တော့် ဆံပင်လေးကို ကိုင်ပြီး ပါးလေးကိုနမ်းလိုက်တော့ ကျွန်တော် နဲနဲပြုံးမိသွားတယ်။

"ကလေး နိုးနေပြီမလား ဘာလို့ အိပ်ချင်ယောင်ဆောင်နေတာလဲ"

"အိပ်ချင်​ယောင်မဆောင်ပါဘူးနော် တကယ်မနိုးသေးတာ"

"ဟုတ်ပါပြီ ခုဏက ပါးလေးလာကိုင်တာ ဘယ်သူလဲမသိဘူး"

"ကိုကို အိမ်မက်မက်နေတာနေမှာပါ"

"လိမ်ပြောတဲ့ကလေးကို ဘယ်လိုအပြစ်ပေးရမလဲ"

ကိုကို ကျန်တော်ရဲ့ ခါးကို ဂလိလိုက်ထိုးတယ်။ကျွန်တော်လည်း ရုန်းကန်နေပေမဲ့ ကိုကိုက လွှတ်မပေးဘဲ ပါးတွေပါ နမ်းလာသည်။ ပါးတစ်ပြင်လုံးကို လိုက်နမ်းနေသည်။ပြီးတော့ နှဖူးတွေကိုလည်း နမ်းနေသည်။မျက်နှာတစ်ခုလုံးရစရာ ပင်မရှိတော့။နောက်တော့ အပေါ်နှုတ်ခမ်းကို စတင်နမ်းလာသည်။ပြီးတော့အောက်နှုတ်ခမ်း တစ်လွှာချင်းနမ်းရှုံ့နေသည်။နှုတ်ခမ်းလေးတွေကြား လျှာလေးပါ ထိုးထည့်လာသည်။ကျွန်တော်က နှုတ်ခမ်းစိထားတော့ နှုတ်ခမ်းကို ကိုက်လိုက်သည်။ အာ့တော့ နှုတ်ခမ်းပွင့်လာပြီး ကိုကိုရဲ့ လျှာရဲ့ မွှေနှောက်ခြင်းကို ခံရပါတော့တယ်။နှုတ်ခမ်းကိုနမ်းလိုက် လျှာကို စုတ်လိုက်နဲ့ ကြာတော့ အသက်ရူ ကျပ်လာသည်။ကိုကို့ရဲ့ရင်ဘက်ကိုတွန်းကန်လိုက်တော့

"ဘာလဲ ကလေးအသပ်ရူကြပ်လို့လား ကိုပြောင်းနမ်းပေးမယ်"

လည်ပင်းစီပြောင်းပြီး နမ်းတော့သည်။လည်ပင်းတလျှောက် လိုက်လဲ နမ်းလေတော့ ကျွန်တော်က ယားတတ်နဲ့ တွေ့တာဘဲ။ ရုန်းကန်နေသော်လည်း ကိုကိုက လုံးဝလွှတ်မပေး။လည်ပင်းတောက်လျှောက် နမ်းနေသည်။ နှုတ်ခမ်းနမ်းလိုက် လည်ပင်းနမ်းလိုက်နဲ့ အဆင်ပြေနေသည်။

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Donde viven las historias. Descúbrelo ahora