Part 19

1.4K 110 4
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၉)

"ကိုကို ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ အစောကြီးနိုးတာ "

"စကားမပြောဘဲ လိုက်ခဲ့"

"အိပ်ချင်သေးတယ်"

"ကားထဲမှာ အိပ်"

"ကောင်းပြီ "ပျင်းရိနေတဲ့ အသံနဲ့ ရီပေါ်ဖြေလိုက်သည်။ ရှောင်ကျန့်ကတော့ အဝတ်အစားတွေ အစားအသောက်တွေရော လက်ဆောင်တွေပါထည့်ပြီး ကားပေါ်တက်တယ်။ ရီပေါ်ကတော့ ကားထဲ ရောက်နှင့်ပြီးသား။အိပ်နေတယ်။

မျက်လုံး အပိတ်လေးက ခြသေ့်ပံ​ုလေး ချစ်စရာလေး။နှုတ်ခမ်းလေးစူပြီးအိပ်နေတာ။ကျွန်တော်လည်း နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်ပေမဲ့ နိုးမလာပေ။ကျွန်တော်လည်းစက်နိုးပြီး ခရီးစလေသည်။လမ်းတစ်ဝက်လောက်ရောက်တော့ ရီပေါ်နိုးလာလေပြီ။

"ကိုကို ဒါဘယ်ကိုသွားနေတာလဲ"

"ချုံချင်း"

"ဘာ ကို့မိဘတွေစီလား"

"ဟုတ်တယ်"

"ဘာလို့ ကျွန်တော့်ကိုကြိုမပြောတာလဲ ခုတော့ ညအိပ်အကျိ်ကြီးနဲ့ "

"ကိုကို အကုန်ပြင်ဆင်လာခဲ့တယ် ကလေးအတွက်အကျိ်ရော "

"အင်း ကလေးလဲလိုက်အုန်းမယ်"

ကားက မှန်တွေကို လော့ချပြီး ကလေးအဝတ်လဲနေသည်။ကလေးကတော့ ကျွန်တော့်ကိုတောင် ရှက်တောင်မရှက်တော့ပေ။အကုန်ချွတ်ပြီး လဲနေသည်။ကျွန်တော်ကတော့ မျက်တောင်မခတ်ဘဲ ကြည့်နေလိုက်တယ်။

"ကိုကိုဘာလို့ကြည့်နေတာလဲ"

"မင်းရဲ့ အလှတွေကို ရူ့စားနေတာလေ"

"ဟာ ကိုကိုကလည်း ဟဲဟဲ"

အဝတ်လဲပီး ကိုကိုခေါ်တဲ့ စားသောက်ဆိုင်ကို လိုက်သွားတယ်။လက်ချင်းတွဲပီး လူတွေကြားထဲ လွတ်လွတ်လပ်လပ်ဘဲ လျှောက်လိုက်တယ်။လူတွေကတော့ကြည့်တာပေါ့။ဒါပေမဲ့ ကျွန်တော်တို့နှစ်ယာက်ကတော့ လက်တွဲမဖြုတ်ပါဘူး။အာ့လိုနဲ့ စားပွဲတစ်ခုမှာ ထိုင်လိုက်တော့ လူတွေက ဓာတ်ပုံတွေရိုက်ကြတယ်။တချို့သူတွေက ဓာတ်ပုံအတူရိုက်ဖို့ ခွင့်တောင်းပြီး ကျွန်တော်တို့နဲ့ အတူရိုက်ကြတယ်။

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now