Part 22 Zaw Final❤💚

1.2K 38 2
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၂၂) ဇာတ်သိမ်းခန်း

ဒီနေ့က ကျွန်တော်တို့နှစ်ယောက် မဂ်လာဆောင်မဲ့နေ့လေ။ကျွန်တော်အရမ်းပျော်တာဘဲ။ကိုကိုမိဘတွေကလည်း မနေ့ထဲကရောက်နေတယ်။သယ်ချင်း ဝမ်ချင်ကလည်း မနက်အစောကြီးရောက်နေတယ်။ ကျွန်တော့်ကို ကူညီပေးဖို့လေ။ဝမ်ချင်မကလည်း အမယန်လီနဲ့ ရီးစားတွေဖြစ်ပြီး အဆင်ပြေနေတယ်တဲ့။ကိုကိုရဲ့ အကို ရှီးချန်ကလည်း အမယန်လီမောင် ကျန်းချန်နဲ့ အဆင်ပြေသွားပြီတဲ့။ကျွန်တော်ကလေ အမှန်တော့ တစ်ညလုံး အိပ်မပျော်တာပါ။ စိတ်လှုပ်ရှားလွန်းလို့။ ကျွန်တော်အရမ်းချစ်ခဲ့တဲ့သူက ယောကျာ်းဖြစ်တော့မှာလေ။ယုံတောင်မယုံနိုင်ဘူး။အလယ်တန်းထဲက ကြိုက်ရတဲ့ idol ကလည်း ကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်ဆိုတဲ့ စကားသိပ်မှန်တာဘဲ။ကျွန်တော်အခုလေ ပျော်လွန်းလို့ တစ်ချိန်လုံး သွားကြီး ဖြဲနေတာ သွားတောင်လေဖြတ်နိုင်တယ်။ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားက ကျွန်တော်ဖြစ်နိုင်တယ်။ မားနဲ့ ပါးတောင်မျက်စောင်းလှမ်းထိုးနေတယ်။

"ဟဲ့ နင်တစ်ခုခု စားပါအုန်းလား မဂ်လာပွဲက ညနေစောင်းလောက်မှပြီးမှာ ဓာတ်ပုံလာရိုက်ကြမဲ့ သတင်းထောက်တွေလဲ အစောကြီးစောင့်နေတယ်။ fan တွေလည်းအများကြီးဘဲ။နိုင်ငံတခါက fan တွေနဲ့ သတင်းထောက်တွေရောက်နေတာ"(ဝမ်ချင်)

"အေးပါစားလိုက်မယ်"

"ကလေးဘာတွေစား"

"ကိုကို ရောက်ပြီလား အတူတူစားကြတာပေါ့"

ကျွန်တော်ကိုကို့ ကို ခွံကျွေးလိုက်တော့ ကိုကိုက ပါးကို' မွ "ခနဲနမ်းလိုက်တယ်။မားနဲ့ပါးတို့လည်းအခန်းထဲက ထွက်သွားကြသည်။ ဧည့်သည် ဧည့်ခံရမှာမို့လို့။ ကိုကိုရဲ့ မားနဲ့ပါးက တော့ရှေ့မှာ ထိုင်ခံ ဧည့်ခံနေတာ။ဝမ်ချင်ကတော့ မျက်စောင်း တစ်ချက်ထိုးပြီး အခန်းက ထွက်သွားသည်။

"ကိုကို ဘာလို့မိဘတွေရှေ့လာနမ်းနေတာလဲ အကုန်ထွက်သွားကြပြီ"

"ကိုတို့က လင်မယားဖြစ်တော့မှာဘဲ ဘာဖြစ်လဲ"

"ဟာကွာ ကိုကိုကလည်း"

You've reached the end of published parts.

⏰ Last updated: Dec 16, 2021 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now