Part 3

2.9K 182 3
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၃)

တီ......တီ......တီ......တီ...... မနက် ၅ နာရီဘဲရှိသေးတယ်။ရီပေါ်တယောက်အစောကြီးထပြီး ပြင်ဆင်နေသည်။ ဒီနေ့ရှောင်ကျန့်ကြေငြာမှာ ပါးက ရီပေါ်ကိုတာဝန် ပေးထားခြင်းကြောင့်ဖြစ်တယ်။ရှောင်ကျန့်ရဲ့ သီချင်းလေးတွေကို ဖွင့်ပြီး နားထောင်ရင်းနဲ့ ရီပေါ်တယောက် ဆံပင်ကို အခြောက်ခံရင်း ပုံသွင်းနေသည်။ ဆံပင်ကိုအတိလေးချလို့ အကျိ် အစိမ်းရောင်လေးကို ဝတ်ဆင်လိုက်တယ်။ပြီးတော့အောက်ထပ်ကိုဆင်းပြီး

"မား သားအလုပ်သွားတော့မယ်"

"မနက်စာ စားသွားအုန်းလေ သား'

"ရတယ်အလုပ်မှာဘဲစားလိုက်တော့မယ်'

"ဘာလို့လဲ သားရဲ့ အစောကြီးရှိသေးတယ်'

"နင့်ပါးနဲ့ကော တောင်မသွားသေးဘူး'

"ကိုကိုနဲ့သွားတွေ့မလို့လေ ကြေငြာရိုက်ရမှာ'

'ဟိဟိ မနက်စာလဲ အတူစားလိုက်မယ်'

"ကောင်းပြီ သားပျော်စေ '

"ဟုကဲ့ မား'

.............

ရှောင်ကျန့်လာပြီဟေ့ fan များအော်နေကြသည်။ ရီပေါ်ထက်အရင် ပုဇွန်နီမတွေက မနက်မိုးမလင်းခင်ထဲက စောင့်နေတာပေါ့။ရီပေါ်လဲ ​အမလေး ငါ့ကိုကို ကို ဆွဲလားရမ်းလားလုပ်မဲ့ပုံတွေဟ ငါသွားကာကွယ်မှ။ရီပေါ် တံခါးအပေါက်ဝမှာ တုတ်တချောင်း ကိုင်ပြီးစောင့်နေသည်။ရှောင်ကျန့်လဲ လာရော ထင်တဲ့အတိုင်းရှောင်ကျန့်လက်ကို ဆွဲနေကြတာပေါ့။ရီပေါ် လူကြားထဲကနေ မမြင်ခင် အာ့ကောင်မလေး လက်ကို တုတ်နဲ့ ဖြန်းကနဲရိုက်လိုက်သည်။ပြီးတော့သူမဟုသည့်အတိုင်း အဆောက်အုံထဲမှ ဝင်စောင့်နေတော့သည်။

ရှောင်ကျန့်မန်နေဂျာက
ဒါက CEO ဝမ် ရဲ့သားအငယ်လေးပါ။ဒီကြေငြာကို တာဝန်ယူပေးမဲ့ တာဝန်ခံပါ။ဟုတ်အာ့ဆို နှစ်ယောက်သားဆွေးနွေးကြပါ။

"ရီပေါ်က ကော်ဖီနဲ့ မုန်လာဥ ကွတ်ကီးလေး ယူခဲ့ပေးပါနော်"

"ကျွန်တော့်နာမည်က ဝမ်ရီပေါ်ပါ အသက်က ၁၈ ပါ'

"ဟုတ်ကဲ့ပါ ကျွန်တော်က ရှောင်ကျန့် အသက် ၂၉"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ