Part 17

1.4K 105 4
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၁၇)

၃ ရက်ပြည့်တော့ ပေကျင်းကိုပြန်ရတော့မယ်။ကျွန်တော်တို့နှစ်ယောက်ထဲက အရမ်းပျော်ဖို့ကောင်းတယ်။ဒါပေမဲ့ နေလို့မရဘူးလေ။ကျွန်တော့်ကို ဘာမှမလုပ်ခိုင်းဘဲ ကိုကိုတယောက်ထဲ အဝတ်တွေထည့် သိမ်းသည့်တာ သိမ်းပြီး ကားနောက်ခန်းထဲ ထည့်နေတယ်။

"ကိုကို ကျွန်တော့်ကိုပေးလေ ကိုကိုလေးနေမှာပေါ့ သယ်ရတာ"

"ရတယ် ကလေးက အေးဆေးနေ"

"ကိုကိုကလဲ ဘာမှမလုပ်ရတော့ဘူးလား "

"ဘာမှမလုပ်နဲ့ ဒီလို ချစ်ဖို့ ကောင်းအောင်အမြဲနေ အာ့တာက ကလေးလေးရဲ့ အလုပ်ဘဲ😍 "

အကုန်ထည့်သိုပြီးတော့ ကားစက်နိုးပြီး ပြန်ကြတော့တယ်။ ကားတောက်လျှောက်ကိုကိုက ကျွန်တော့်လက်ကို ကိုင်ထားတယ်။ ကျွန်တော်ကတော့ ကိုကို့ ကိုမုန့်တွေခွံကျွေးနေတာပေါ့။ဒီဘက်က တောကျတော့ ရှောင်ကျန့်ကို မသိတဲ့သူများတယ်။အာ့တော့ လွတ်လွတ်လပ်လပ်နေလို့ရတယ်

"ကိုကို ဒီနေရာကို နောက်ထပ်လာချင်လိုက်တာ"

"ရတယ်လေ"

"ဘယ်အချိန်လာမလဲ ကိုကိုက အလုပ်နဲ့"

"ကိုတို့ရဲ့ ဟန်နီးမွန်းကို ဒီမှာနေမယ်လေ ကြိုက်လား😍"

"အင်းအရမ်းကြိုက်တယ်။ကိုကိုက အကောင်းဆုံး မွမွ"

.............

"ကလေးနဲ့ အတူ အိမ်ထဲ ဝင်မယ်နော်"

"ဟုတ်ကဲ့ကိုကို ဒါနဲ့ ဘာဝင်လုပ်မလို့လဲ"

"လက်ထက်ဖို့ အတွက် အိမ်ကို ခွင့်တောင်းမလို့ပါ"

"ဟာကိုကိုကလဲ မစောလွန်းဘူးလား"

"နောက်တောင်ကျနေသေးတယ်"

အိမ်ထဲဝင်တော့ မားရော ပါးရော ကောပါရှိနေကြတယ်။အလုပ်ပိတ်ရက်ဆိုတော့။

"သားပြန်ရောက်ပြီးလား ရှောင်ကျန့်ပါ ပါလာတာဘဲ"

"ဟုတ်ကဲ့ မားနဲ့ပါး နေကောင်းတယ်မလား"

"အင်းကောင်းပါတယ် လာလေ ထိုင်ကြပါအုန်း မား မုန့်တွေသွားပြင်ဆင်လိုက်မယ်"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Where stories live. Discover now