ep9 Zawgyi

271 19 0
                                    

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(၉)

ရီပေါ်ငိုထားတဲ့ မျက်နှာကြီးနဲ့ အိမ်ပြန်လာတော့ မားကမေးလေပြီ။ မေးတာမဖြေဘဲ အပေါ်တက် သွားတဲ့ ရီပေါ်ကြောင့် မားစိတ်ပူနေသည်။ ရီပေါ်ကတော့ အိမ်ပေါ်တက်သူ့ အခန်းထဲ ဝင်ပြီး ငိုနေပြန်သည်။ နှလုံးသားတွေ တော်တော်နာကျင်ရသည်။ စိတ်လဲ ရှုပ်နေသည်။ဘာလုပ်ရမှန်း မသိလောက်အောင် မွန်းကြပ်နေသည်။အာ့တာနဲ့ ရီပေါ်တယောက် သူ့သယ်ချင်း ဝမ်ချင်ကို ဖုန်းဆက်လိုက်ပြီး အိမ်လာခိုင်းလိုက်တယ်။

ခေါက် ခေါက်........

"ဝင်ခဲ့လေ"

"အော် ဝမ်ချင်ရောက်ပြီလား မြန်တာ"

"မြန်တာပေါ့ နင်က ငိုသံကြီးနဲ့ဆိုတော့ စိတ်ပူလို့ တစ်ခါမှလဲ မခေါ်ဖူးတော့"

"အေး ငါနင့်ကိုမေးစရာရှိလို့ "ဆိုပြီး ရီပေါ်သူ့ကို ရှောင်ကျန့် မန်နေဂျာပြောတဲ့ စကားတွေကို ပြန်ပြောပြလိုက်သည်

"ဟဲ့ရီပေါ်ရယ် နင့်အတွေးတွေကလဲ series ရိုက်နေတယ်များထင်နေလား အာ့သံချေးတက်နေတဲ့ မန်နေဂျာအဖွားကြီး ပြောတာကိုများ ငိုနေရအောင် နင်က series လဲ မဟုတ်ဘူး fic ထဲကလည်း မဟုတ်ဘူးလေ"

"ငါပြောတာလဲ နားထောင်ပါအုံးဟယ် သူပြောတာမှန်လောက်တယ် ငါကကောအတွက် အနှောက်အယှက် လမ်းပိတ်နေတဲ့သူ"

"ဘယ်မှာဖြစ်လို့လဲ ပြောပြစမ်းပါ"

"ပြီးတော့ ငါက ယောကျာ်းလေးလေ"

"အာ့ကြောင့်ပြောတာလေ နင်က ယောကျာ်းလေးမို့လို့ ပိုတောင်အဆင်ပြေသေးတယ် ခုချိန် ထပြောကြည့် ကျွန်တော်က ရှောင်ကျန့်ကောင်လေးပါလို့ လူတိုင်း သဘောတူပြီး ထခုန်ကြမှာ ကမ္ဘာပေါ်ကလူရဲ့ ၃ပုံ ၂ပုံက fujoshi fudanshi တွေနဲ့ပြည့်နေတာ ငါ့လိုပေါ့ ဟိဟိ"

"အေးအာ့တာလဲ ဟုတ်တယ် အာ့အဖွားကြီးပြောတာ ကို စိတ်ထဲမထားတာဘဲကောင်းတယ် ငါတို့ကိစ္စက ကောနဲ့ ငါနဲ့ ဘဲ ဆိုင်တယ် အခြားဘယ်သူနဲ့မှ မဆိုင်ဘူး"

"အေးခုမှဘဲ အမြင်ပြန်ပွင့်သွားတယ် လာသွားစို့ အပြင်ထွက်ပြီး shopping သွားရအောင်"

ကျွန်တော်ရဲ့ ကြယ်ပွင့်လေး(complete)Waar verhalen tot leven komen. Ontdek het nu