ဂုဏ်ရောင်စကားကြောင့် အရိပ်မျက်ရည်လေးများဝဲလာရပြီ

"ဒါပေမယ့် ဦးက ကျနော့်ကိုမုန်းသွားပြီထင်တယ်'

"ညီထင်နေလို့ပါ သူလည်းအကို့လိုပဲ အစွဲလမ်းအရမ်းကြီးတဲ့လူမျိူး ညီ့ကိုမုန်းမှာမဟုတ်ဘူး''

"ဒါဆို ဦးအဖေကိုကရော အကိုဘယ်လိုလုပ်မှာလဲဟင် ''

ထိုအမေးလေးကြောင့် ဂုဏ်ရောင်ပြုံးလိုက်ရင်း

"အကိုမလုပ်ဘူး ကိုနွေဦးကိုယ်တိုင်သူ့ကို ထောင်ထဲပို့ပစ်အောင်ပဲ အကို ကြိုးစားမယ် သူ့အဖေက သူ့ကိုအရမ်းချစ်တာလေ ဒါကြောင့် သားဖြစ်သူ
ကိုယ်တိုင်က သူ့အပေါ်အဲ့လိုမျိူးလုပ်လိုက်ရင်
သူနာကျင်ရတာထက်ပိုဆိုးသွားမှာ ''

"ဟုတ်ကဲ့အကို ကျနော်ဦးကိုလမ်းမှန်ရောက်အောင်ပြန်ခေါ်ပေးပါ့မယ် ''

"ကျေးဇူးပါ ညီ ဒါဆို ညီသွားဖို့ပြင်ဆင်ထားပေးပါ အကိုလိုက်ပို့ခိုင်းလိုက်မယ် ''

"ဟုတ်ကဲ့အကို ''

ဂုဏ်ရောင်လည်း အရိပ်နဲ့စကားဖြတ်ပြီး အိမ်ကြီးထဲ ပြန်ဝင်လာခဲ့ပြီ

"ကို..ကို...ဒါလေး...ကြိုက်...လား ''

သူ့အနားအပြေးလာပြီး လက်ထဲက ခရမ်းရောင်
စိန်လက်ပတ်လေး၂ကွင်းကိုပြလာတဲ့ကလေး

"ကလေးလေး ကြိုက်လို့လား ''

"ကို..ကို..နဲ့..လိုက်..မှာ..''

သူ့လက်တစ်ဖက်မှာ တစ်ကွင်းကိုစွတ်ပေးရင်းပြောလာတဲ့ကလေးကြောင့် ဂုဏ်ရောင်မှာ ရယ်လိုက်ရင်း

"ဟုတ်ပါပြီဗျာ ကိုကိုနဲ့ကလေးလေးအတွက် ဒါလေးယူကြရအောင်နော် ''

ကလေးငယ်ကိုပွေ့ချီရင်း အန်တီနဲ့မေမေ့အနားသွားထိုင်လိုက်တဲ့ ဂုဏ်ရောင်

ပေါင်ပေါ်ကအချွဲလေးကတော့ သူထိုင်သည်ထိ မ​ဆင်းသေး

"မေမေနဲ့ အန်တီ အကြိုက်ရောတွေ့ရဲ့လား ''

"မတွေ့ပဲနေမလားသားရယ် အန်တီမိုးက လုံးဝအမိုက်စားတွေပဲယူလာပြတာပါနော် ''

စိန်ပွဲစား ဒေါ်မိုးရဲ့စကားကြောင့် သူတို့သဘောကျနေရပြန်တယ်

My little Baby 🌺(Completed) Where stories live. Discover now