Extra ❷

670 24 8
                                    

Unicode 🎂🎉

ဒီဇင်ဘာ ၈ရက်​နေ့...

ဒီ​နေ့က သူ့ကုမ္ပဏီဝန်ထမ်း​တွေနဲ့ ရင်းနှီး​​သောမိတ်​ဆွေအချို့နဲ့အတူ သူ့ရဲ့ ​မွေး​နေ့အကြိုပါတီလုပ်ဖြစ်ကြသည်...

သူ့​မွေး​နေ့မှာ​တော့ မိသားစုနဲ့ ချစ်ရသူကိုပဲ အချိန်​ပေးချင်လို့တဲ့​လေ...

သူ့ကုမ္ပဏီရဲ့ ဆယ့်နှစ်ထပ်​မြောက်မှာရှိတဲ့ ကုမ္ပဏီရဲ့ပွဲ​တွေကျင်းပရာ​ခန်းမမှာ လုပ်ခြင်းဖြစ်သည်...

ခန်းမထဲရှိStageထက်တွင်​တော့ ဝန်ထမ်း​တွေစု​ပေါင်းကာလုပ်ထား​ပေး​သော အဖြူ​ရောင်​မွေး​နေ့ကိတ်ကြီးက ထည်ဝါစွာတည်ရှိ​နေသည်...

"ဆရာMinhoကို ကိတ်ခွဲဖို့ ဖိတ်​ခေါ်ပါတယ်..."

ကျွန်​တော်တို့အတွဲရယ် ညီညီနဲ့ Jonghyunရယ် တခြားရင်းနှီးတဲ့မိတ်​ဆွေ သုံး​လေး​ယောက်​လောက်ရယ် တစ်ဝိုင်းထိုင်ကာ စကား​ပြော​နေကြစဥ်မှာပဲ...

အစီစဥ်မှူးတဖြစ်လဲ ဝန်ထမ်း​လေးတစ်​ယောက်ရဲ့ ဖိတ်​ခေါ်ခြင်းနဲ့အတူ သူက ကျွန်​တော့်ထံ လက်ကမ်းလို့​ပေးလာသည်...

ထို့အတူ Jonghyunနဲ့ ညီညီ့ကိုပါ လိုက်ခဲ့ဟန်အမူအရာတို့ပြကာ​ခေါ်လိုက်တာမို့ ကျွန်​တော်တို့ ​လေး​ယောက်သား စင်​ပေါ်သို့ အတူတက်ခဲ့ကြသည်... သူ့သူငယ်ချင်း သုံး​လေး​ယောက်​လည်း အတူပါလာသည်...

"Happy birthday to you... happy day to you... happy birthday dear sir.Minho... Happy birthday to you..."

​ပေါ်ထွက်လာ​သော ပီယာနိုသံငြိမ့်ငြိမ့်​လေးနဲ့အတူ ဧည့်သည်​တွေရဲ့ သံပြိုင်ဆု​တောင်းသီဆိုသံအဆုံးသတ်မှာ ​သူက ဆု​တောင်းကာ ဖ​ယောင်းတိုင်မီးတို့ကို ငြိမ်း​စေလိုက်ပြီးသည့်​နောက်မှာ​တော့ လက်ခုပ်သံတို့က ​​ဟောခန်းမအတွင်း ညံလို့သွား​လေသည်...

ကိတ်ခွဲပြီး​နောက်မှာ​တော့ ကိတ်တစိတ်လှီးကာ ပန်းကန်ထဲထည့်ပြီး​နောက် ကျွန်​တော့်ထံ ဦးစွာခွံ့​ကျွေး​လေ၏... ပြီး​တော့ သူ့သူငယ်ချင်း​တွေကို ဆက်ကာ​ကျွေးသည်..

​အေး​ဆေးမစား​တတ်ပါသော သူ၏သူငယ်ချင်းတို့​ကြောင့် သူ့မျက်နှာတစ်ခုလုံးက ကိတ်ခရင်မ်တို့နဲ့​ပေပွလို့​နေသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now