Ex ❷∅

580 42 3
                                    

Unicode
.................

"ညီညီရေ hyungတို့ကျောင်းသွားကြစို့...''

"Nae လာပြီ ကိုကို...''

"ဘာတွေ အဲ့လောက်ပြင်နေလို့ ကြာနေတာလဲ ညီညီ....''

"သား ဘာပြင်ထားတာ ကိုကို မြင်လဲပြော...''

နှုတ်ခမ်းဆူကာ ပြန်ရန်တွေ့နေသော ညီညီ့ကို ပြုံးကာကြည့်ပြီး...

"Hyungက စတာပါ... ကဲ တက်တော့ ကျောင်းနောက်ကျမယ်...''

"ကိုကို သားကို တစ်ရက်လောက်ပေးမောင်းပါလား... နော် နော်လို့ ကိုကို...''

လက်ညိုးလေးတစ်ချောင်းကို မျက်နှာရှေ့မှာထောင်လို့ ပူဆာနေသော ညီညီ့ လက်ထဲ ကားသော့ ပေးလိုက်တော့ ချက်ချင်းကို မောင်းသူနေရာတွင် ဝင်ထိုင်တော့သည်...

ညီညီက ကားအရမ်းမောင်းချင်နေတာလေ... ဦးလေးတို့က စိုးရိမ်ပြီး မောင်းခွင့်မပေးလို့...

အခု ညီညီကမောင်းတက်တာကလည်း ကျွန်တော် ဂျပန်သို့ သွားလည်တိုင်း ခိုးသင်ပေးခဲ့ရတာ... ဒါကြောင့် ညီညီ့ ကားမောင်း စွမ်းရည်ကို သိနေတဲ့ ကျွန်တော် စိတ်တော့မပူမိ...

ကျွန်တော် ကားပေါ်ရောက်တာနဲ့ ညီညီက ကားလေးကို ကျွမ်းကျင်စွာ မောင်းထွက်သွားတော့သည်....

ညီညီရောက်တဲ့နေ့ကစလို့ သူ့ကို မတွေ့သည်မှာ သုံးလေးရက်လောက်ရှိပြီ... Jonghyunကိုရောပဲပေါ့... ကျောင်းလည်းလာမတက်ကြ...

အဲ့ဒီ့ရက်အတွင်းမှာ သူကလည်း ကျွန်​တော့်ကို မဆက်သွယ်သလို ကျွန်တော်ကလည်း ညီညီကြောင့် သူ့ကို ခဏမေ့နေခဲ့သည်....

သူ ကျောင်းလာမတက်ဖြစ်တာကိုပဲ ကျွန်တော့်မှာ ဝမ်းသာရမလို... ဘာကြောင့်လဲဆိုတော့ ညီညီနဲ့ Jonghyun မတွေ့ဖြစ်တော့ဘူးလေ...

မဟုတ်ရင် ကျွန်​တော်တို့ တွေ့တိုင်း Jonghyunက ပါလာနေကြမလား... ညီညီကတော့ သူတို့နဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှ မမေးချေ...

တစ်နေ့တော့ ညီညီနဲ့ Jonghyun သေချာပေါက်ဆုံမှာကို သိနေပေမယ့်... အတွေ့နောက်ကျလေ ကျွန်တော် စိတ်ပူရ သက်သာလေပေါ့...

ညီညီ့ပုံစံက ဘယ်သူမဆို မြင်မြင်ချင်း သဘောကျ ချစ်မိသွားစေမယ့် ရုပ်မျိုးလေးလေ...

Ex- [Zawgyi/Unicode]Where stories live. Discover now