Ex ❶❽

594 42 22
                                    

Unicode
................

"ကိုကို!!...''

ကျွန်တော် အိမ်ထဲ ဝင်ဝင်ချင်း ကျွန်တော့်ကို ခေါ်လိုက်သံနဲ့အတူ ပြေးဖက်လာတဲ့ပုံရိပ်လေး...

ကျွန်တော့်ရဲ့ အချစ်ဆုံးလေး....

"Taeminnie!...''

"ဟွန့် ကိုကိုကလည်း သားကို ညီညီလို့ ခေါ်ပါဆို...''

ဖက်ထားတဲ့ ကျွန်တော့်ကို တွန်းဖယ်လို့ မျက်နှာလေး စူပုပ်ပုပ်နဲ့ ပြောလာသည်က လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို...

"ဟုတ်ပါပြီ... hyung မေ့သွားလို့ပါ ညီညီဟုတ်ပြီလား....''

အဲ့ဒီ 'ကိုကို ညီညီ သား'ဆိုတဲ့ စကားတွေကဂျပန်မှာ ကျောင်းလာတက်တဲ့ မြန်မာနိုင်ငံဆိုလားပဲ အဲ့နိုင်ငံကနေလာတဲ့ ကျောင်းသူလေးက ညီညီ့ကို သင်ပေးထားတာတဲ့လေ... အဲ့အခေါ်တွေကို ညီညီက တကယ်သဘောကျနေတာ အချိန်ရတိုင်း ကျွန်တော့်ကိုပါ ပြန်သင်ပေးနေရောပဲ....

"အင်း....''

အခုကျပြန်တော့လည်း လိုချင်တာရသွားလို့ ပြုံးနေလိုက်တာ... တကယ်ပါ သူပြီးရင် ကျွန်တော် အချစ်အရဆုံးညီလေးပေါ့...

"ကိုကို မောလာတယ်မလား သား ရေသွားခပ်ပေးမယ်နော်....''

ရေခပ်မယ်ဆိုပြီး လှစ်ခနဲ ပြေးသွားတဲ့ ညီငယ်လေးကို ကြည့်ပြီး ကျွန်​တော် sofaပေါ်မှာ ထိုင်စောင့်နေလိုက်သည်...

"ဟော သားတောင် ပြန်ရောက်နေပြီလား...''

"ကိုကို ရေရပြီ...''

အပေါ်ထပ်က ဆင်းလာတဲ့ ommaကို ကျွန်တော် ခေါင်းငြိမ့်ပြရင်း ညီညီ့လက်ထဲက ရေခွက်ကိုပါ လှမ်းယူလိုက်သည်...

ရေတစ်ငုံလောက်သောက်လိုက်ပြီးတော့မှ...

"Omma ဘယ်တုန်းက ပြန်ရောက်နေတာလဲ....''

"နေ့လည်က ပြန်ရောက်တာ သားရေ... Taeminnieက မပြောနဲ့ဆိုလို့ မပြောဖြစ်တာ...''

"သားက ကိုကို့ကို အံ့သြစေချင်လို့ကို...''

ကျွန်တော့် ဘေးမှာ ဝင်ထိုင်ပြီး ကျွန်တော့် တစ်ကိုယ်လုံးကို အိခနဲနေအောင် သိုင်းဖက်လိုက်တဲ့ ညီညီ....

Ex- [Zawgyi/Unicode]Donde viven las historias. Descúbrelo ahora