Ex ❷❷

523 35 6
                                    

Unicode
.................

"Hey Minho....''

ကျွန်တော်တို့ ကစားကွင်းအဝင် လက်မှတ်ဖြတ်တဲ့ ဂိတ်အနားမှာ ရပ်နေတဲ့ Jonghyunက ကျွန်တော့်ကို လှမ်းခေါ်သည်....

"ဟာ Jonghyun... ဘာလဲ ကစားကွင်းလာတာလား... ချိန်းထားရင်တောင် လွဲဦးမယ်ကွာ...''

"အေးကွာ... babyက ချိန်းထားပြီးမှ မလာတော့ဘူးဆိုလို့... ပြန်တော့မလို့ လုပ်နေတာ မင်းတို့ကိုတွေ့လိုက်လို့....''

"ဟာ အဲ့ဒါဆိုလည်း ပြန်မနေနဲ့တော့ကွာ... ငါတို့နဲ့လိုက်ခဲ့... ချစ်သည်း Jonghyunကိုပါ ကိုယ်တို့နဲ့အတူ ခေါ်လိုက်မယ်နော်....''

"အင်း ပေါ့... ရောက်နေပြီးမှတော့ ပြန်မနေပါနဲ့တော့...''

အင်တင်တင်နဲ့ ပြန်ဖြေသည့် ချစ်သည်းက ငြင်းလို့မကောင်းတာကြောင့် မတက်သာလို့ လက်ခံလိုက်ရသည့်သဘောမျိုး...

ဒီလိုမျိုးဖြစ်အောင်ပဲ ကျွန်တော် ဖန်တီးယူခဲ့ရတာ.... Jonghyunကို အမြင်သိပ်မကြည်တဲ့ ချစ်သည်းက Jonghyunသာပါမယ်ဆိုရင် သေချာပေါက်ငြင်းမှာလေ... ဒါကြောင့် မတော်တဆဆုံမိတဲ့ပုံစံမျိုးလုပ်ခဲ့တာ...

တစ်ခုတော့ရှိတယ်... အရင်က သူ့babyတွေနဲ့တောင် ကစားကွင်းကို ဘယ်လောက်ခေါ်,ခေါ်မသွားတက်တဲ့ Jonghyunက ကျွန်တော်က ချစ်သည်းတို့နဲ့ကစားကွင်းသွားမလို့ အဖော်လိုက်ခဲ့ပေးပါလို့ ပြောလိုက်ရော ချက်ချင်းကို လက်ခံခဲ့တာ...

အခုတော့ ကျွန်တော်တို့ လေးယောက်သား ကစားကွင်းထဲ ရောက်နေခဲ့ကြပြီ....

"wow... ကိုကို ဒီမှာရှိသမျှ သား အကုန်ကစားမှာနော်...''

ယောက်ဖလေးကတော့ ကစားကွင်း အဝင်ထဲက ခုန်ပေါက်နေပြီ...

"ညီညီ hyungကို သေချာတွဲထား... လူများတော့ တိုးဝှေ့ရင်းကွဲသွားလိမ့်မယ်...''

"ဟုတ်...''

ယောက်ဖလေးက ချစ်သည်းလက်မောင်းကို ချိတ်တွယ်ပြီး နှစ်ယောက်သား ရှေ့ကနေ သွားလေရဲ့...

ချစ်သည်းပြောသလိုပဲ ပိတ်ရက်မို့ ကစားကွင်းက လူအတော်များသည်...

ကျွန်တော်နဲ့ Jonghyunလည်း သူတို့ကို မျက်ခြေမပျက်အောင် အနောက်ကနေ အမှီလိုက်နေရသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now