Ex ❶❷

688 47 8
                                    

Zawgyi
...............

"ချစ်သည်း ဒီမှာကြည့် ကျန် ကျန်း...''

နေ့လည် canteenမှာ ထမင်းစားနေတုန်း ကျွန်တော့်ရဲ့ မျက်စိရှေ့ထုတ်ပြလာတဲ့ ticket...

သေချာကြည့်မိတော့ ကျွန်တော် သိပ်ကြည့်ချင်နေသော Frozen 2..

မထင်မှတ်ထားလောက်အောင် ကျွန်တော် ဝမ်းသာသွားမိသည်... ထိုသို့ ဝမ်းသာစိတ်ကို အပြင်မှာ မဖော်ပြမိအောင် ထိန်းရင်း....

"ဘာလုပ်ဖို့လဲ...''

"သွားကြည့်ကြမယ်လေ.... ဟိုတစ်ခါက ချစ်သည်း ကြည့်ချင်တယ်လို့ ပြောဖူးတယ်မလား...''

ကျွန်တော် အမှတ်တမဲ့ ပြောလိုက်တာကို သူက မှတ်မိနေခဲ့တာလား....

"လက်မှတ်က လေးစောင် ဖြတ်ထားတယ်.... ချစ်သည်း သူငယ်ချင်းကောင်မလေးကိုပါ ခေါ်ခဲ့လိုက်လေ... ဒီကောင်ကြီးလည်းပါမှာ... သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ပေါ့...''

လက်မှတ်လေးစောင်ကို စားပွဲပေါ်တင်ကာ ပြရင်း... သူ့ဘေးနားထိုင်နေတဲ့ Jonghyunကိုလည်း ပခုံးပုတ်ပြသည်...

သူက သူ့သူငယ်ချင်းကိုတော့ အတော်ခင်ပုံပဲ...

ကျွန်တော်နဲ့ ပြတ်သွားပြီး နောက်ပိုင်းမှ သူတို့နှစ်ယောက်ပိုတွဲမိကြပေမယ့်... သူတို့ နှစ်ယောက်ကို ကြည့်ရတာ တကယ့်ကို ငယ်ပေါင်းကြီးဖော် ညီအစ်ကိုတွေအလားပဲ....

ပွေရှုပ်တဲ့နေရာမှာ အကျင့်တူ စရိုက်တူတွေမို့ပဲ ပိုပေါင်းမိကြသလားတော့မသိ....

"ဘယ်လိုလဲ ချစ်သည်း သွားကြည့်မှာလား....''

ကျွန်တော် မဖြေတော့ထပ်မေးလာတဲ့သူ....

"ငါ အလုပ်သွားရဦးမှာ....''

"တစ်ရက်တစ်လေပဲလေ ခွင့်ယူလိုက်ကွာ ချစ်သည်းကလည်း....''

"အင်း Soyouကို လှမ်းမေးကြည့်လိုက်မယ်...''

"အေး ပါအောင်ခေါ်လိုက်နော်...''

သူ့ စကားကြောင့် ကျွန်တော့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်....

Soyouနဲ့ သိပ်တောင် စကားမပြောတဲ့ သူ... Soyouကိုတွေ့ရင် မကျေမနပ်ဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ နေတက်တဲ့ သူက Soyouကို ဘာလို့ လိုလိုလားလားနဲ့ သိပ်ခေါ်ချင်နေရတာလဲ.... ကျွန်တော်တော့ မတွေးတက်တော့ဘူး....

Ex- [Zawgyi/Unicode]Where stories live. Discover now