Ex ❶❺

678 48 14
                                    

Unicode
.................

"ရည်းစားတွေ အများကြီးပဲ...

ကိုယ်ထည်လဲ တွဲခဲ့ဖူးတယ်....

အသည်းလေးတွေ ခဏခဏပဲ...

အကြိမ်ခါပေါင်း မနည်းဘူးကွဲတယ်...

မင်းလေးနဲ့ တွေ့တော့မှ...

အချစ်ကြောင်းသိခဲ့ရတယ်....

စိတ္တဇလို အသည်းကပဲ....

အချစ်ဆုံး မင်းနဲ့ဝေးရင်...

ကိုယ့်ရင်ထဲမှာ မင်းကို ချစ်တယ်...

အချစ်ရယ် ချစ်တယ်....

တမ်းတမ်းတတ....

မင်းလေးတစ်ယောက်ကိုပဲ ချစ်တယ်...

ရူးရူးမူးမူး ချစ်ခဲ့မိပါတယ်...''

အခုတလော သူ ဘာဖြစ်နေလဲမသိဘူး... တစ်ယောက်ယောက်ကို ချစ်မိပြီးတော့ အသည်းကွဲတာလား ဘာလားပဲ...

အဲ့ဒီ သီချင်းတစ်ပုဒ်... အဲ တစ်ပုဒ်မဟုတ်ဘူး... တစ်ပိုဒ် တစ်ပိုဒ်ထဲကိုပဲ ထပ်တလဲလဲဆိုနေတာ....

ပြီးတော့ ဆိုတာတောင်ရိုးရိုး ဆိုနေတာမဟုတ်ဖူးနော်... ဂစ်တာကြီး တဒေါင်ဒေါင်နဲ့... တီးတက်သလို တီးနေတဲ့ ဂစ်တာကနေထွက်လာတဲ့ တဒင်ဒင် တဒေါင်ဒေါင်က သီချင်းကို feelချင်ရင်တောင် feelလို့မရတဲ့အထိကို ဆိုးရွားလှတာ.... သူမှ မတီးတက်ပဲ...

အသံလေးက ကောင်းပါရဲ့နဲ့ ဂစ်တာသံက ဖျက်နေတာ... တကယ် အိမ်နီးချင်းတွေရိုက်ပေါက်ကို ရှာနေတာ....

အဲ့တာတွေကို ကျွန်တော် သိနေရတာက ကျွန်တော့်ခြံနဲ့ဘေးချင်းကပ်နေတဲ့ သူ့ခြံထဲ ဆိုနေတာမို့လေ... အပေါ်ထပ် ကျွန်တော့် အိပ်ခန်းကနေ ကြည့်ရင် သူ ထိုင်ဆိုနေတဲ့ နေရာနဲ့က ကွက်တိကျနေတာ....

ကျွန်တော့်ကို ဆိုတာရော မဖြစ်နိုင်ဘူးလားလို့ ကျွန်တော်တွေးမိပေမယ့်လည်း...

သူ့လို လူမျိုး အတွက်တော့ ကျွန်တော်အတွက်ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့... သူ့ရဲ့ ဘယ်နှစ်ယောက်မြောက် ရည်းစားအတွက် feelနေလဲမှ မသိတာ... ဟွန့် စိတ်ပျက်ဖို့ကောင်းတဲ့ အကောင်....

ကျွန်တော် သူ့ကို ချောင်းနေ အဲ ကြည့်နေရာမှ လိုက်ကာကို ဆွဲပိတ်ကာ လှည့်ထွက်လာလိုက်ပြီး ကုတင်ပေါ် ပစ်လှဲချလိုက်သည်....

Ex- [Zawgyi/Unicode]Where stories live. Discover now