Ex ❶❶

749 51 13
                                    

Zawgyi
.................

"Key.... သွားရအောင်လေ....''

ကျွန်တော်ရယ် သူရယ် Jonghyunရယ် သုံးယောက်သား canteenမှာ နေ့လည်စာ စားနေတုန်း....

မိန်းကလေးအသံကြောင့် ကျွန်တော် ထမင်း ငုံ့စားနေရာမှ မော့ကြည့်လိုက်တော့ ဟိုတစ်ခါ သူ မိတ်ဆက်ပေးထားသော ကောင်မလေး...

"အေး ငါလဲ နင့်ကို စောင့်နေတာ.... သွားကြတာပေါ့....''

သူ့သင်တန်းကို လိုက်သွားတုန်းက မိတ်ဆက်ပေးထားဖူးတဲ့ ကောင်မလေး Soyouဆိုလား ဘာလားပဲ လာခေါ်တာနဲ့ ချက်ချင်းကို ထသွားဖို့လုပ်နေတဲ့ သူ...

ကျွန်တော် တဖြည်းဖြည်းနဲ့ Soyouဆိုသော သူမကို ကြည့်မရဖြစ်လာသည်...

ကျောင်းတွေ ပိတ်တုန်းကလည်း သင်တန်းကြောင့် ချစ်သည်းနဲ့ တတွဲတွဲ...

အခုကျောင်းတွေ ပြန်ဖွင့်တော့လည်း မေဂျာသာ မတူတာ နှစ်ယောက်သား တတွဲတွဲရယ်....

ကြားတာတော့ အချိန်ပိုင်းအလုပ်အတူလုပ်နေတယ်ဆိုလားပဲ....

"Minho ငါ သွားနှင့်ပြီ...''

"အမ်... သြော် အေး အေး...''

သူမကို ကြည့်ကာ စိတ်ထဲကနေ တိတ်တဆိတ် မေတ္တာပွားနေတဲ့ ကျွန်တော့်ကို ဘေးကနေ ပခုံးပုတ်ကာ နှုတ်ဆက်ပြီးနောက် လွယ်အိတ်ကို လွယ်လို့ သူထွက်သွားသည်...

ဟိုတစ်ခါ မိုးတွေသည်းသည့်ည ပြီးထဲက သူ ကျွန်တော့် အပေါ် အနည်းငယ်တော့ ပျော့ပျောင်းလာသည်...

"Minho ဟိုတစ်ယောက်က ဘယ်သူလဲ...''

မျက်နှာခြင်းဆိုင်မှာ ထိုင်နေတဲ့ Jonghyunက ထွက်သွားတဲ့ သူတို့ကိုကြည့်ပြီး မေးသည်....

"ချစ်သည်း သူငယ်ချင်းတဲ့...''

"မင်းဟာက ဟုတ်ရော ဟုတ်လို့လား... သူတို့နှစ်ယောက်ကို ကြည့်ကြည့် ဘယ်လိုမှ သူငယ်ချင်းနဲ့ မတူဘူး...''

Jonghyunပြောသလို ထွက်သွားတဲ့ ချစ်သည်းနဲ့ သူမကို လှမ်းကြည့်မိသည်...

သူမက သူ့ လက်မောင်းတစ်ဖက်ကို ချိတ်တွယ်ထားသည့်ပုံမှာ ဘယ်လိုကြည့်ကြည့် သမီးရည်းစားတွေပုံစံမျိုးပါပဲ...

Ex- [Zawgyi/Unicode]Where stories live. Discover now