Ex ❸❼

436 28 13
                                    

Unicode
................

​သူနဲ့အတူ သား​လေးနှစ်​ယောက်ရယ်နဲ့ ခြံထဲမှာ ကစား​ပြီး ​မောလာတာနဲ့ မြက်ခင်းပြင်တွင် လှဲအိပ်ချလိုက်​တော့ သူက ​ဘေးတွင် လာလှဲသည်...

Garcons​လေးက ​လှဲအိပ်​နေ​သော ​သူ့​ရင်ဘတ်​​ပေါ်တွင်တက်လို့ ​ဆော့​နေသည်...

Garcons​လေးက ​လှဲအိပ်​နေ​သော ​သူ့​ရင်ဘတ်​​ပေါ်တွင်တက်လို့ ​ဆော့​နေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သိတဲ့အတိုင်းပဲGarcons​လေးက သူ့ကိုဆို သိပ်ကပ်တာ​လေ... သူကလည်း Commedes​လေးထက် Garcons​လေးကို ပိုချစ်သည်...

"​မောင်..."

ကျွန်​တော် ​ခေါ်လိုက်​တော့ Garcons​လေးနဲ့ ​ဆော့​နေ​ရာမှ ကျွန်​တော့် ဘက်သို့လှည့်ကြည့်သည်...

"ဟင်..."

"ချစ်တယ်..."

"အင်း ကိုယ်လည်း ချစ်တယ်..."

"တကယ်တမ်း ခွဲရ​တော့မယ်ဆို​တော့ ငါ မခွဲနိုင်ဘူး ​မောင်ရာ..."

သူနဲ့ ခွဲခွာရ​တော့မှာကို ​တွေးမိ​တော့ ကျွန်​တော် ငိုချင်လာသည်...

"ဟာ ဟိတ် ဟိတ် မငိုနဲ့​နော်..."

ငိုသံစွက်ကာ ​ပြောမိတဲ့ ကျွန်​တော့်ကို ​သူက တားလိုက်တာကြောင့် ကျွန်​တော့်မှာ ငိုရမလိုလို မငိုရမလိုလိုနဲ့...

နောက်နှစ်ရက်​နေရင် ကျွန်​တော်က သွားရ​တော့မှာ​... အဲ့ဒါ​ကြောင့် ကျွန်​တော်သည် မသွားခင်ရက်အထိ သူနဲ့ အတူ အချိန်​တွေကို ကုန်ဆုံးဖို့ ဆုံးဖြတ်ထားသည်...

"ငါက ငိုချင်​နေတာကို ​မောင်ရာ..."

"ချစ်သည်းက ငိုရင် သိပ်ရုပ်ဆိုးတာ မသိဘူးလား..."

ကျွန်​တော် မငို​အောင် သူ အာရုံလွှဲ​နေသည်ကို ကျွန်​တော်သိ​နေသည်...

Ex- [Zawgyi/Unicode]Where stories live. Discover now