Ex ❶❹

665 53 0
                                    

Unicode
..................

"ချစ်သည်းကလဲ ကိုယ်တို့ကိုတောင် မစောင့်ဘူးကွာ.... စားကောင်းတယ်နော်....''

သူနဲ့ အတူမရှိချင်လို့ ကိုယ့်ဟာကိုယ် canteenကို အရင် ထွက်လာပါတယ်ဆိုမှ လိုက်လာဖြစ်အောင် လိုက်လာသေးသည်...

ပြီးတော့ ကျွန်တော့်ရှေ့မှာ သူနဲ့ Jonghyunအတူဝင်ထိုင်ပြီး သူက ကျွန်တော် စားနေတဲ့ ထမင်းပေါင်းပန်းကန်ကို ဆွဲယူကာစားလိုက်သေးသည်...

"ချစ်သည်း အခုတလော Soyouကို မတွေ့မိသလိုပဲနော်...''

"အဲ့လောက် သတိရနေလည်း သူ့မေဂျာဘက်လိုက်သွားလေ... ငါက သူနဲ့ မတွေ့ဖြစ်တာကြာပြီ...''

ဟုတ်တယ်... ကျွန်တော် အချိန်ပိုင်း အလုပ်ကနေထွက်လိုက်ပြီးထဲက Soyouနဲ့ သိပ်မတွေ့ဖြစ်တော့... တစ်ခါတစ်လေတော့ Soyouကသာ ကျွန်တော့်ကို လာတွေ့သည်...

ကျွန်တော် အရမ်း သဘောကျရတဲ့ အဲ့အချိန်ပိုင်း အလုပ်ကို ဘာကြောင့် ထွက်လိုက်တာလဲ သိချင်နေကြမှာပဲနော်...

သူ့ကြောင့်လေ သူ့ကြောင့်ပေါ့...

ကျွန်တော် အလုပ်ဆင်းတိုင်းအမြဲလာကြိုတက်တဲ့ သူက လာကြိုတဲ့နေ့တိုင်း Soyouနဲ့ စကားတွေမပျက် ဖောင်ဖွဲ့နေတက်တာ...

ကျွန်တော်ကို အကြောင်းပြပြီး Soyouကို လာတွေ့တာနေမှာပေါ့... ကျွန်တော့် ရှေ့မှာ ရယ်မောနေတဲ့ နှစ်ယောက်သားကို မြင်ရင် ကျွန်တော့် ဝဲဘက်ရင်အုံက မသိမသာ နာကျင်လာရော...

အဲ့တာကြောင့် ကျွန်တော်လည်း အလုပ်ထွက်လိုက်တော့တာ... ကျွန်တော် ထွက်ပြီးနောက်ပိုင်းတော့ သူ သွားသေးလား မသွားတော့ဘူးလား ကျွန်တော် မသိတော့... သူတို့နှစ်ယောက်ကို တွဲလျက် ကျွန်တော့် မျက်စိရှေ့မမြင်ရရင် ပြီးရောဟု ကျွန်တော် သတ်မှတ်ထားတယ်...

"မလိုက်သွားပါဘူး... ဘာလို့ လိုက်သွားရမှာလဲ...''

"အဲ့ဒါဆို ဘာလို့ မေးလဲ...''

"ဒီအတိုင်း မေးတာလေ... ချစ်သည်းက ဘာဖြစ်နေတာလဲ...''

"ဘာမှမဖြစ်ဘူး... ငါသွားတော့မယ်...''

"နေပါဦး ချစ်သည်း...''

ကျွန်တော် စားသင့်သလောက်လည်း စားပြီးပြီမို့ ပြန်ရန်ပြင်တော့ ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်တဲ့ သူ...

Ex- [Zawgyi/Unicode]Where stories live. Discover now