Ex ❶❾

546 39 6
                                    

Unicode
.................

"မဖြစ်ဘူး.... ညီညီ လုံးဝ မဖြစ်နိုင်ဘူး... ဖြစ်လည်း မဖြစ်ရဘူး... လာ အခု ဂျပန်ကို ပြန်တော့....''

ညီညီ ပါလာသော အထုပ်တွေကလည်း မဖြည်ရသေးတာကြောင့် ကျွန်တော် အဲ့အထုပ်တွေကို ဆွဲကာ အောက်ထပ်သို့ ဝရုန်းသုန်းကားပြေးဆင်းလာလိုက်သည်....

"ဟဲ့ သား ဘယ်လို ဖြစ်လာတာလဲ...''

ဧည့်ခန်းထဲမှာ ပင် ထိုင်နေသေးသော ommaက ကျွန်တော့်ကို လှမ်းမေးရင်း ထလာသလို...

"ကိုကို...''

ညီညီကလည်း နောက်ကနေ ကျွန်တော့်ကို အော်ခေါ်ရင်း ပြေးလိုက်လာသည်....

"သား omma မေးနေတယ်လေ... ညီလေးနဲ့ ဘာဖြစ်လာတာလဲ...''

"ဟင့် အန်တီလေး...''

Ommaကို မြင်တာနဲ့ ငိုပြီး ရင်ခွင်ထဲ တန်းနေအောင် ဝင်သွားတဲ့ ညီညီကြောင့် omma မျက်နှာမှာ ထိတ်လန့်မှုတွေ...

"Omma အခု လေယာဥ်လက်မှတ် ဖြတ်ပြီးတော့ ညီညီ့ကို ဂျပန်ပြန်ပို့ဖို့လုပ်ပါ...''

"အန်တီလေး သား မပြန်ချင်ဘူး... မပြန်ဘူးနော်... ဟင့်...''

ညီညီက Ommaကို ပိုတိုးဖက်လို့ ခေါင်းတခါခါနဲ့ ငြင်းကာငို၏...

"Key မင်းတို့ ညီအစ်ကို... ဘာဖြစ်လာတာလဲ... ငါ့ကို ပြောပြ... အခုထိုင်ပြီး ရှင်းပြ...''

Keyတို့ ငါတို့ သုံးနှုန်းလိုက်ပြီဆိုတော့ ommaရဲ့ ဒေါသကို ကျွန်တော် သိလိုက်ပြီ...

ညီညီကဖက်ထားသည့်အတိုင်း ထိုင်နေသော ommaနဲ့ မျက်နှာခြင်းဆိုင်တွင် ထိုင်ကာ သက်ပြင်းတစ်ခုချလိုက်ပြီးမှ...

"သားမှာ အကြောင်းရှိနေလို့ပါ ommaရယ်...''

"Taeminnieလေး ပြော... သား အစ်ကိုက ဘာလို့ အဲ့လိုဖြစ်သွားတာလဲ...''

Ommaက ငိုနေသော ညီညီ့ကို ရင်ခွင်ထဲမှ ခွာထုတ်လို့ မေးသည်...

"ဟင့်အင်း... သား မသိဘူး အန်တီလေး... ဟင့် သား သဘောကျမိတဲ့ hyungတစ်ယောက်ပုံကို ပြလိုက်တော့ ကိုကိုက အော်ပြီး... သားကို ပြန်ခိုင်းတော့တာပဲ... ဟင့်...''

Ex- [Zawgyi/Unicode]Where stories live. Discover now