Ex ❽

830 61 5
                                    

Unicode

"ချစ်သည်း သွားတော့မလို့လား... ကိုယ်လည်းလိုက်မယ်..."

အိမ်အဝမှာ ထိုင်ကာ ဖိနပ်စီးနေတဲ့ ကျွန်တော့်ဘေးလာရပ်လို့ သူ မေးသည်...

"ငါ ဘယ်သွားမှာမို့လို့... မင်းကလိုက်မှာလဲ..."

"မသိဘူးလေ... မင်းကနေ့တိုင်းအပြင်ထွက်နေတော့ ငါတစ်ယောက်တည်းပျင်းတယ်လေ... အာ့ကြောင့် မင်း ဘယ်သွားသွားလိုက်မှာပဲ..."

"ငါက သင်တန်းသွားမှာ... မင်း ပျင်းရင် မင်းသူငယ်ချင်းတွေနဲ့ သွားတွေ့ပေါ့ကွာ..."

"သူတို့က ခရီးထွက်သွားတယ်...."

"အဲ့ဒါဆိုလည်း လိုက်သွားပေါ့... ဘာလို့နေခဲ့လဲ..."

"မင်း တစ်ယောက်တည်း စိတ်မချလို့လေ..."

"အံမယ် ဖြစ်ရချည်သေး... ငါက ယောက်ျားလေး ဘာမှ မဖြစ်ဘူး..."

"ယောက်ျားလေးလည်း စိတ်ပူရတာပဲလေ... ကိုယ်လိုက်မယ်နော် ချစ်သည်း..."

"မင်း သဘောပဲလေ... ငါ့ သင်တန်းက သုံးနာရီလောက်ကြာမှာ မင်း အိမ်မှာနေတာကမှ ပိုကောင်းဦးမယ်..."

"မသိဘူးကွာ... ဘယ်လောက်ကြာကြာ မင်း အနောက်လိုက်ချင်နေပါတယ်ဆို..."

"ပြောမရတော့လည်း သဘောပဲကွာ..."

ကျွန်တော် ခွင့်ပြုလိုက်တော့ ပြုံးရွှင်သွားတဲ့ သူ့မျက်နှာကြောင့် ကျွန်တော်လည်း စိတ်ချမ်းသာရပါသည်...

"ချစ်သည်း ကားမယူဘူးလား..."

ခြံတံခါးကို သော့ခတ်နေတဲ့ ကျွန်တော့်ကို သူ မေးပြန်တယ်...

"ငါ နေ့တိုင်းသွားနေတာ ဘယ်နှစ်ခေါက်များ ကားယူသွားတာ မင်းတွေ့ဖူးလို့လဲ..."

"ဟင့်အင်း မတွေ့ဖူးဘူး.... ဒါဆို Taxiနဲ့ သွားတာလား..."

"No... busနဲ့..."

"ဟာ ချစ်သည်းရာ အဲ့လောက်လူတွေကြပ်ညပ်သပ်နေတဲ့ busကို ဘာလို့စီးတာလဲ... ကိုယ်ပိုင်ကားလည်း ရှိနေတာကို..."

ခပ်ရွံ့ ရွံ့ မျက်နှာဘေးနဲ့ ပြောနေတဲ့ သူ့ကို ကျွန်တော်မျက်စောင်းထိုးကြည့်လိုက်သည်....

Ex- [Zawgyi/Unicode]Where stories live. Discover now