Episode 13

1.2K 193 49
                                    

Unicode

လူတိုင်းမှာ ကိုယ်ကိုတိုင် အရိုးထဲစွဲနေတဲ့အထိ
လက်ခံထားတတ်ကျတဲ့ ခံယူချက် တစ်ချက်စီ
ကတော့ အနည်းဆုံးရှိကျတယ် ။ ထိုနည်းတူစွာ
ထိုခံယူချက်မျိုး ကျွန်တော့်မှာလည်း ရှိတယ် ။
အဲဒီခံယူချက်ကတော့ ခင်များတို့အတွက် နည်း
နည်းတော့ ထူးဆန်းမယ်ထင်တယ် ။ ဒါပေမဲ့လေ
ကျွန်တော့်အတွက်တော့ လုံးဝကို အမှန်တရားတစ်
ခုပဲ ။

ကျွန်တော်က ကျန်တဲ့နေရာတွေမှာ ကံကောင်းခြင်း
တွေရှိနေတတ်ပေမယ့် ချစ်ခြင်းမေတ္တာဆိုတဲ့အရာ
နဲ့ ပတ်သတ်ရင်တော့ အမြဲကံဆိုးလေ့ရှိတယ်။ အရင်း
နှီးဆုံးလို့ သတ်မှတ်လို့ရတဲ့သူတွေဆီကတောင်
ကျွန်တော် မရရှိခဲ့ပါဘူး ။ ကျွန်တော်ကလည်း
ချစ်တဲ့ ကျွန်တော့်ကိုလည်း ချစ်တဲ့သူကျတော့
လည်း အနားမှာအကြာကြီးမနေပေးနိုင်ခဲ့ဘူး ။
သေခြင်းတရားဆိုတဲ့ ရှောင်လွှဲတဲ့အကြောင်းပြ
ချက်နဲ့ ကျွန်တော့်ဘဝထဲက လှလှပပလေးထွက်
သွားပြန်တယ် ။ နောက်ပြီး ကျွန်တော်ချစ်ရတဲ့
နောက်တစ်ယောက် ရှိသေးတယ် ။ သူ့ကို ချစ်နေမိ
တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာပဲ သူကျွန်တော့်
ဘဝထဲက ထွက်သွားပြန်တယ် ။

ခင်များတို့ ထင်နေသလိုပါပဲ... ကျွန်တော်
ချစ်ရသူက Kim Soekjin ဆိုတဲ့ လူသား
လေးပါပဲ ။ သူ့ကို ကျွန်တော် အထက်တန်း
ကျောင်းသားဘဝကတည်းက ချစ်မိခဲ့တာ ။
ဘယ်အချိန်မှာ သူ့ကိုချစ်နေတာ သိခဲ့တာလဲ
ဆိုတော့...

ထိုနေ့က မိုးတွေရွာနေတယ်လေ... ။ ကျောင်းသား
တွေ လေ့လာရေးခရီးထွက်တုန်းကပေါ့ ။ ကျောင်း
သားအုပ်စုထဲကနေ သူပျောက်သွားတယ် ။ သူ့ကို
ကျွန်တော်လိုက်ရှာတော့ ဘုရားကျောင်းလေးထဲမှာ
သူ့ကိုပြန်တွေ့တယ် ။ သူအရမ်းကြောက်နေခဲ့တာ ၊
ကြောက်စိတ်တွေနဲ့ တုန်ယင်နေတဲ့ သူကိုယ်လေး
ကို ကျွန်တော်ပွေ့ဖက်ကာ နှစ်သိမ့်ပေးမိတယ် ။

ထိုအချိန်...ထိုအချိန်လေးမှာတင်ပဲ မိုးသံ ၊
လေသံတွေ ကျွန်တော့်နားမှာမကြားရတော့ ။
သူ့ရဲ့ တိုးညှင်းလှတဲ့ အသက်ရှူသံလေးတစ်ခု
သာ ကျွန်တော့်နားမှာပဲ့တင်ထပ်ပြီး ရင်မှာ
စွဲကျန်ခဲ့တယ် ။ ပွေ့ဖက်ခံရတာ သူဆိုပေမယ့်
ကျွန်တော့်ရင်ထဲ သိပ်နွေးနေခဲ့တယ် ။ အဲချိန်က
စပြီး သူ့အပေါ်မှာ ကျွန်တော့်ရင်ခုန်သံတွေ
ရှိနေခဲ့တယ် ။

The Truth Untold Where stories live. Discover now