Episode 28

746 134 34
                                    


Unicode

" ညီမလေး Check out လုပ်
မယ်နော် "

" ဟုတ်ကဲ့..."

Soekjin နဲ့ Taehyung လည်းပြန်
ရန် ကောင်တာမှ Check out လာလုပ်
တော့သည် ။

" လူကြီးမင်းက Seoul က
လာတာလား "

" ဟုတ်ပါတယ်.."

" နာမည်က Kim Soekjin နော် "

" ဟုတ်ကဲ့ "

" ဒီဖုန်းနံပါတ်က Kim Soekjin
ရဲ့ ဖုန်းနံပါတ်လားရှင့် "

" မဟုတ်ပါဘူး...ဒါက
သူ့ဖုန်းနံပါတ်ပါ "

Soekjin က ဘေးမှာရပ်နေတဲ့
Taehyung ကိုလက်ညိုးထိုးပြ
လိုက်သည် ။

" ဒါဆိုရင် Kim Soekjin ရဲ့
ဖုန်းနံပါတ်လေးပါ ပေးထားခဲ့
လို့ရမလားရှင့် "

" ဪ..ဟုတ် ရပါတယ်...
01 ..."

" နေဦး..."

Taehyung မနေနိုင်ပဲ ဝင်ပြောမိသည်။
သူတို့နှစ်ယောက်ကောင်တာကိုရောက်
လာတကည်းက ဒီဝန်ထမ်းကောင်မလေး
က Soekjin ကိုသိသိသာသာကြည့်နေတာ
Taehyung သိသည် ။ အခုလည်း Taehyung
ကမနေနိုင်တော့ ဝင်ပြောရတော့သည် ။

" ဘာလို့သူ့ဖုန်းနံပါတ်တောင်း
နေတာလဲ ၊ ငါ့ဖုန်းတစ်လုံးဆို
ရပြီမလား "

Taehyung ကရုတ်တရက်ထပြော
တော့ Soekjin နဲ့ ထိုမိန်းကလေး
လည်းကြောင်သွားတော့သည် ။
Taehyung ကလည်း လေသံခပ်မာမာ
နဲ့ပြောတာမို့ မိန်းကလေးစိတ်ထဲ
လည်းနည်းနည်းတင်းမိသည် ။
ဒါပေမဲ့ ဧည့်သည်နဲ့ဝန်ထမ်းဖြစ်
နေတာကြောင့် စိတ်ကိုလျှော့ချလိုက်သည် ။

" ဟုတ်ကဲ့...တစ်လုံးဆိုလုံလောက်
ပါတယ် "

" အင်း "

" ဒါလူကြီးမင်းတို့ရဲ့
မှတ်ပုံတင်ကဒ်ပါ "

ထိုမိန်းကလေးသည် မှတ်ပုံတင်ကဒ်
လှန်းပေးတော့ Taehyung ကယူလိုက်
ချိန် မှတ်ပုံတင်ကဒ် က ကြမ်းပြင်ပေါ်
သို့ လွတ်ကျသွားတော့သည် ။

"တောင်းပန်ပါတယ်ရှင့်...
ကျွန်မလက်ချောသွားလို့ပါ "

" ရတယ်...ကောက်လိုက်မယ်နော် "

Soekjin က ဘုမသိဘမသိနဲ့
ကဒ်ကိုကောက်လိုက်သည် ။

" Cash နဲ့ ရှင်းလို့ရလား "

The Truth Untold Where stories live. Discover now