Episode 10

1.2K 218 32
                                    

Unicode

ည၁၂ နာရီကျော်ကျော်လောက်မှာ Soraအိမ်ကို
ပြန်ရောက်လာတော့သည် ။ Sora လည်းအလုပ်
ပင်ပန်းတာရော စိတ်ပင်ပန်းတာစိတ်ပင်ပန်းတာ
ရောကြောင့် Sora အနားယူချင်နေပြီ ။
ဧည့်ခန်းကမီးပွင့်နေတာ တွေ့လိုက်ရတော့
သူ့အမျိူးသားမအိပ်သေးဘူးဆိုတာ
သိလိုက်တော့သည် ။ ဒါကြောင့် အိပ်ခန်း
ကိုတန်းမတက်ပဲ ဧည့်ခန်းကိုဝင်လာတော့
Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသော
သူမရဲ့ အယောင်ဆောင်ခင်ပွန်းဖြစ်သူ
ကိုတွေ့လိုက်ရသည် ။

" အစ်ကို...မအိပ်သေးဘူးလား "

" အစ်ကို မနက်ဖြန် meeting အတွက်
တစ်ချက်ပြန်စစ်နေတာ ညီမလဲ နောက်ကျ
လိုက်တာ ကျန်းမာရေးလဲ ဂရုစိုက်အုံး Sora "

" ဟုတ်ကဲ့ အစ်ကို...ဒါဆို ညီမအပေါ်
တက်မယ်နော် အစ်ကိုလည်း မိုးအရမ်း
မချုပ်စေနဲ့ "

" အေးအေး...ညီမလေး "

Sora လည်းအိပ်စက်အနားယူရန်အပေါ်
ထပ်ကိုတက်လာတော့ သူ့ရဲ့အမျိုးသား
ဆီက ဖုန်းring သံကိုကြားရတော့
ဆက်ပြီးတက်လှမ်းရမယ့် ခြေလှန်းတွေ
သည် တုန့်ကနဲရပ်သွားမိသည် ။ ဒီအချိန်
ကြီးဖုန်းလာတယ်ဆိုကတည်းက ဘယ်သူ့
ဆီက ဆက်တာလဲဆိုတာ Sora သဘော
ပေါက်လိုက်သည် ။

" Hello....မောင် "

ဟုတ်ပါတယ်...သူမ ထင်ထားသလို
သူ့ရဲ့အယောင်ဆောင်အမျိုးသားဆီ
ဖုန်းဆက်လာသူက သူမလေးစားရပါသော
အမျိူးသားရဲ့ ချစ်သူပင် ။ သူမနဲ့ သူမရဲ့
အယောင်ဆောင်လင်ယောကျာ်းတို့ရဲ့
ကြားက ဆက်ဆံရေးက မောင်နှမသံဃောဇဉ်
ထက်မပိုကျပါ ။ ဒါပေမဲ့လည်း ဘယ်မိန်းမ
ကများ ကိုယ့်ရဲ့လင်ယောကျာ်းကတပါးသူ
နဲ့ပျော်နေတာကို ဘယ်မြင်ချင်ပါ့မလဲ ။
အထူးသဖြင့် သူမအမျိုးသားရဲ့ချစ်သူက
ယောကျာ်းလေးတစ်ယောက်ဖြစ်နေတော့
လည်း သူ့ကိုယ်သူပိုအသည်းနာမိသည်။
ကိုယ့်ကိုကိုယ်အသည်းနာပေမယ့်လည်း
သူမရဲ့ အမျိုးသားပေါ်တစ်စက်လေးမှ
မပြစ်မတင်ရက်ပါ ။ လိုအပ်ချက်တစ်ခု
လေးပဲ ပြောစရာရှိပေမယ့် သူမအပေါ်
အကုန်ကောင်းပေးခဲ့သည် ။ အစ်ကို
တစ်ယောက်လို စောင့်ရှောက်ပေးခဲ့ပါသည် ။
ဒါက သူ့ရဲ့ဘဝပေးကံလို့ပဲ သတ်မှတ်
ရမှာပဲ ဆိုပေမယ့် တစ်ခါတစ်လေ
အထီးကျန်ဆန်လွန်းတဲ့ သူမဘဝကို
သူမသိပ်စွန့်လွှတ်ချင်သည် ။ ဖြစ်ချင်ရာ
ဖြစ်ဆိုပြီး မိုက်ရူးရဲဆန်ပစ်ချင်ခဲ့သည်။

The Truth Untold Where stories live. Discover now