Episode 24

847 132 14
                                    

" မောင် "

" မ...."

Soekjin လည်းသူ့ကိုယ်ပေါ်သို့ပြိုဆင်း
လာတဲ့သူမအား ထွေးပွေ့ကာဖမ်းဆုတ်
လိုက်တော့သည် ။ မေ့မျှော်နေတဲ့ Sora
ကိုပွေ့ချီပြီးအိမ်ခန်းထဲသို့ချီလာကာ
သွေးထွက်နေတဲ့ဒဏ်ရာကို အရင်ဆေး
ကြောပေးပြီး သွေးတိတ်အောင် ပလာစတာ
အရင်ကပ်ထားပေးလိုက်သည် ။ ထို့နောက်
ပေကျံနေတဲ့သူမရဲ့ကိုယ်အား ရေပတ်​တိုက်
ပေးသည် ။ အဝတ်အစားလဲရန်အတွက်
သူရဲ့အက်ျီတွေပဲ ပေးဝတ်ရမှာမို့ သူ့ဗီဒိုကို
ဖွင့်ကာ Tshirt တစ်ထည်ဆွဲယူလိုက်သည် ။
ပြီးတော့မှ လက်မှာယူမိတဲ့အဝတ်ကို
ကြည့်လိုက်ရာ

" ဒါ Taehyung လာရင်
ဝတ်နေတာ Tshirt လေး "

ထို Tshirt လေးကို ဗီဒိုထဲပြန်ထည့်ပြီး
နောက်တစ်ထည်ရှာလိုက်သည် ။
ထို့နောက် Sora ရဲ့အပေါ်ပိုင်းနဲ့
အောက်ပိုင်းကို သူ့ရဲ့အဝတ်အစား
တွေပဲ ဆင်ပေးလိုက်တော့သည် ။
အရင်ဆုံး အလုပ်ကိုအရင်ခွင့်တိုင်
လိုက်ရသည် ။ သူဒီညအတွက်ဘယ်သူ့
ကိုမှအချိန်ပေးလို့ရမှာမဟုတ်တော့ ။
ထိုသူထဲမှာလည်း Taehyung လည်း
ပါဝင်နေသည် ။ စိတ်မကောင်းပေမယ့်
လည်း ဒီလိုလုပ်ရမယ့်ကံတရားက သူ့မှာ
ပါလာပြီးသားဖြစ်နေခဲ့သည် ။

အားလုံးပြီးတော့မှ Soekjin ဆရာဝန်
ခေါ်ပေးရန်စီစဥ်လိုက်တော့သည် ။
ခဏကြာတော့ဆရာဝန်ရောက်လာပြီး
ဒဏ်ရာအတွက်လုပ်သင့်တာတွေလုပ်
ပေးပြီး ပြန်သွားတော့သည် ။ Soekjin
သည် အိပ်ပျော်နေတဲ့ Sora ကိုကြည့်
ပြီးစိတ်မောလာရပြန်သည် ။ Sora
ပြန်ရောက်လာသည့်အခါ သူ Taehyung
အတွက် မရှိပေးနိုင်တော့ ။ Taehyung
လိုအပ်တဲ့အခါတိုင်း သူထွေးမပွေနိုင်
တော့ ။

( တစ်ခါတစ်လေ...အားလုံးနဲ့
ဝေးရာကိုထွက်ပြေးသွားချင်တယ်
မ,ရယ်....ပူပန်နေရတဲ့ ဘဝကြီးကို
အရှုံးပေးလိုက်ချင်ပြီ ..ကျေးဇူးတရား
နဲ့ ချစ်ခြင်းမေတ္တာတို့ရဲ့ စည်းချင်းထိုးတဲ့
စစ်ပွဲမှာ ဆန္ဒနဲ့ သိက္ခာ ဘယ်အရာကို
အနိုင်ပေးလိုက်ရမလဲ..အနိုင်အရှူံးဆို
တာဆုံးဖြတ်ပိုင်ခွင့်ရော ကျွန်တော့်မှာ
ရှိရဲ့လား )

ထိုအချိန် Sora နည်းနည်းလှုပ်ရှား
လာစပြုလာသည်မို့ အတွေးတွေများ
နေတာကို ရှင်းထုတ်လိုက်တော့သည် ။

The Truth Untold Where stories live. Discover now