Episode 11

1.2K 215 45
                                    

Unicode

မနက်ခင်း Sora မသွားခင်အချိန်တွင် ခင်ပွန်းဖြစ်သူ Kim Jung Ki နဲ့ မနက်စာစားလေ့ရှိသည် ။ ဒါကလဲ အိမ်အကူအလုပ်သမားများရှေ့မှာ သိပ်ကိုချစ်လှပါတဲ့ ဇနှီးမောင်နှံတွေအဖြစ် ပြသချင်တာကြောင့်လဲပါသည်။

" ညီမ...မနက်ဖြန် Sunday ဆိုတော့ အားလား ဒါမှမဟုတ် appointment ယူထားတာရှိသေးလား "

" မနက်ပိုင်းလေးတစ်ချက်ကတော့ Engineers တွေနဲ့ zoom meeting လေးထိုင်စရာပဲ
ရှိပါတယ် အစ်ကို... ဘာခိုင်းချင်လို့လဲ "

" မနက်ဖြန် အစ်ကိုတို့ရဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်လေ အဲဒါကြောင့် ဆေးရုံတစ်ခုခုမှာ ပရဟိတ တစ်ခုလောက်လုပ်ချင်လို့ပါ "

ထိုစကားသည် Jung Ki စိတ်ထဲကပါလို့ပြောတဲ့ စကားမဟုတ်မှန်းလည်းသိနေတာကြောင့် စိတ်ထဲတွင်သာ လှောင်ပြုံးခပ်ပါးပါးလေးကို ဆင်မြန်းလိုက်ပြီး နုတ်ကနေတော့လက်ခံကြောင်းအဖြေပေးလိုက်ပါသည် ။

" ဟုတ်ကဲ့ အစ်ကို ညီမ အားပါတယ် ...မနက်ဖြန်ဘယ်အချိန်လဲ ..ပြီးတော့ ဘာအစိီအစဉျရှိလဲ "

" အင်း....အစ်ကိုက ဆေးရုံမှာရှိတဲ့ သူအားလုံးကို နေ့လည်စာကျွေးရင်အဆင်ပြေမလားလို့ "

" အစ်ကိုသဘောက ညီမသဘောပါပဲအစ်ကို
ရယ်...အဆင်ပြေပါတယ်.."

အဆင်ပြေပါတယ်ဆိုတဲ့စကားရဲ့နောက်ကွယ်မှာ စုတ်ပြတ်သတ်နေတဲ့ အမှန်တရားတစ်ခုရှိနေခဲ့တယ် ။ သူမသည် တစ်ခါတစ်လေ ထိုကဲ့သို့ ချစ်ဟန်ကြင်နာဟန်ဆောင်နေရတာကို ရွံမုန်းလာမိသည် ။ ဒါပေမယ့်လည်း ဒါသူမကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းဆိုတော့လျှောက်လှမ်းရမှာပဲလေ..။ လွန်ခဲ့သော နှစ်တွေက သူမရဲ့ မိသားစုသာ ဘေးကျပ်နံကျပ်အခြေအနေကို မရောက်ခဲ့ရင် အချိန်ဆို သူမမှာ တကယ်ချစ်မြတ်နိုးရတဲ့ ခင်ပွန်းနဲ့ သားသမီးလေးတွေရှိမှာ အမှန်ပါ..။

" ဒါဆိုအစ်ကို... စီစဉ်လိုက်တော့မယ်နော်..."

" ဟုတ်ကဲ့ အစ်ကို.."

Jung Ki အလုပ်သွားခါနီးတွင် Sora ရဲ့ နဖူးလေးကို တစ်ချက်နမ်းရှိုက်ကာ အလုပ်ကိုသွားတော့သည် ။ အိမ်အလုပ်သမားတွေကတော့ သူတို့လင်မယားကို အားကျရုံမှတစ်ပါးအခြားမရှိ ။ သူတို့နှစ်ယောက်မှာတော့ မချစ်သော်လည်းအောင့်ကာနမ်းနေရပါသည်လေ ။

The Truth Untold Where stories live. Discover now