Episode 5

1.4K 227 22
                                    

Unicode

"Taehyung ဟိုဘက်သွားရအောင် "

Taemin ညွှန်ပြရာဘက်သည် Soekjin
ထွက်သွားတဲ့လမ်းနဲ့ ဆန့်ကျင့်ဘက်ဖြစ်နေ
သည် ။ သူသာTaemin ခေါ်တဲ့နောက်
လိုက်သွားရင် Soekjin တစ်ယောက်
လမ်းပျောက်မှာသေချာသည် ။

" ခဏစောင့်အုံး...ငါ Soekjin
သွားခေါ်အုံးမယ် သူဟိုဘက်ထွက်
သွားလို့..တော်ကြာလမ်းပျောက်နေအုံးမယ် "

" အေးအေး...သွား "

Taehyung လည်း Soekjin
သွားမယ်လို့ပြောခဲ့တဲ့ လမ်းလေးအတိုင်း
လျှောက်လာကာ ရှာတော့သည် ။
လမ်းလေးအတိုင်းလျှောက်လာရင်း
အိမ်ပုသေးသေးလေးတွေ လေးငါးလုံး
လောက်တွေ့ရသည် ။ Taehyung
တစ်အိမ်ပြီးတစ်အိမ်ဝင်ကြည့်တော့
Soekjin ကိုမတွေ့ ။ ရှာနေရင်းနဲ့ပဲ
ကောင်းကင်မှ လျှပ်စီးလက်ကာ မိုးချိန်းသံ
တွေထွက်ပေါ်လာသည် ။ ကောင်းကင်ကြီး
ကိုမော့ကြည့်လိုက်တော့ မိုးတွေအုံ့ပြီး
​မှောင်ရိပ်သန်းစပြုလာသည် ။ သူ
Soekjin ကိုမြန်မြန်ရှာမှဖြစ်တော့
မည် မဟုတ်ရင် မိုးမိတော့မည် ။

" ဟော...ချက်ချင်းကြီးပါလာကွာ "

Taehyung အတွေးဖြင့်မဆုံးသေး ။
မိုးများသည်းထန်စွာ သွန်းဖြိုးလာသည် ။
Taehyung လည်းတွေ့ရာအိမ်ပုသေး
ရဲ့အရိပ်ကိုဝင်ကာ မိုးခိုရတော့သည် ။
မိုးက အငြိုးနဲ့များရွာချနေသလား
ထင်ရတယ် ။ အပြင်တောင်သဲကွဲစွာ
မမြင်ရ ။ မိုးရွာပြီးသိပ်မကြာချိန်
နောက်ထပ်လျှပ်စီးကြောင်းတစ်ခု
ထွက်ပေါ်လာသည် ။ သိပ္ပံသဘောအရ
ကောင်းကင်၌ အဖိုလျှပ်စစ်စီးကြောင်းနဲ့
အမလျှပ်စစ်စီးကြောင်းတို့ထိတွေ့ဓာတ်ပြု
ပြီးအရောင်တွေလက်လာပြီးချိန် မိုးချိန်းသံ
ထွက်ပေါ်လာခြင်းဖြစ်သည် ။

" ဒုန်း....."

" အား....တော်ပါတော့ "

" ဟင်....."

Taehyung သေချာကြီးကြား
လိုက်ရသောကြောင့် ဘေးပတ်ဝန်း
ကျင်ကို ပတ်ကာရှာနေသေးသည် ။
Taehyung ဘယ်သူ့ကိုမှမတွေ့
တာမို့ငြိမ်နေပေမယ့် စိတ်က Soekjin
ကိုချက်ချင်းသတိရသွားတော့သည် ။

" Soekjin..."

တစ်ခါတစ်လေ လူတော်တော်များများက
ကိုယ်ကိုတိုင်ကတောင် မသိလိုက်ပဲ
လုပ်မိလိုက်တဲ့ အပြုအမူတွေရှိတယ် ။
အကြောင်းပြချက်မရှိပဲပေါ့ ။ Taehyung
လည်းသည်လိုပဲ လူက အလင်းလိုအရှိန်နဲ့
ချက်ချင်း မိုးရေထဲပြေးထွက်ပြီး Soekjin
ကို ရှာနေမိတယ် ။ မိုးတွေသည်းနေတာကြောင့်
သေချာမမြင်ရ ။ဒါပေမဲ့ သူလက်မလျှော့ပါ ။
နောက်တစ်နေရာကူးပြီးရှာရန် နောက်ထပ်
အိမ်ပုလေးတစ်လုံးအောက်ကို မိုးဝင်ခို
လိုက်သည် ။ သူမိုးဝင်ခိုတဲ့နေရာလေးက
အိမ်ပုလေးမဟုတ် ချစ်စဖွယ် ဘုရားကျောင်း
လေးဖြစ်သည် ။ ထိုအချိန် Taehyung
တစ်ခုခုကို သတိထားကြည့်မိလိုက်သည်။

The Truth Untold Where stories live. Discover now