Episode 19

1.2K 189 61
                                    

Unicode

" ချစ်တယ် Soekjin
ငါမင်းကိုချစ်တယ် "

ဒီတစ်ကြိမ်မှာကြားလိုက်ရတဲ့အသံ
ကြောင့် Soekjin နားကြားမှားတာ
မဖြစ်နိုင်တော့ ။ ဒီတစ်ခါ မှင်သက်နေ
ရသူက သူကိုယ်တိုင်ဖြစ်နေပြန်သည် ။

အခုအခြေအနေမှာ ကျွန်တော်
ဝမ်းနည်းရမှာလား....ဝမ်းသာရမှာလား
ကျွန်တော်မသိတော့....ကျွန်တော်သိတာ
တစ်ခုပဲရှိတယ်...အဲဒါက သူနဲ့ ကျွန်တော်
က မဖြစ်နိုင်ပါဘူးဆိုတာပါပဲ....

သူသာကျွန်တော့်ဘဝထဲကို ဝင်လာရင်
အကျိုးဆက်မကောင်းနိုင်ဘူး...
အထူးသဖြင့် ကျွန်တော့်လို သူများရဲ့
အမှီအခိုနဲ့ နေနေရတဲ့သူဆိုပိုဆိုးတာပေါ့ ။
နောက်ပြီး သူသာ...ကျွန်တော့်အကြောင်း
တွေကို သိသွားခဲ့ရင် ကျွန်တော့်ကို ရွံမုန်း
သွားလိမ့်မယ် ။ ရွံပြီးမှ မုန်းမယ့်အတူတူ
တော့ ဒီအတိုင်းအမုန်းခံလိုက်တာမှ
ကျွန်တော့်အတွက် ခံသာပါသေးတယ် ။

Soekjin သည် Taehyung ပြောခဲ့တဲ့
စကားကို မကြားလိုက်သလိုမျိုးသာ
နေပြီး ဒဏ်ရာကိုသာဆေးထည့်ပေး
နေသည် ။ Soekjin ရဲ့အမူအရာကြောင့်
Taehyung စိတ်ထဲတစ်မျိုးဖြစ်သွား
ရသည် ။

" Soekjin....ငါပြောတာကြား..."

" ငါမင်းကိုချစ်လို့မရဘူး Taehyung
မဖြစ်နိုင်ဘူး "

" ဘာ....."

Taehyung အံ့သြနေချိန်မှာ Soekjin
က ခေါင်းကိုသာငုံ့ထားပြီး အောက်နုတ်
ခမ်းကို ပြတ်လုမတတ် ဖိကိုက်ထားကာ
ဝဲတက်လာသော မျက်ရည်တွေကို
အမြန်ခမ်းအောင် ခဏခဏပုတ်ခပ်
ပေးနေရသည် ။ Taehyung နဲ့ပတ်သတ်
ရင် Soekjin ကဘာခံစားချက်မှမရှိတဲ့
သူတစ်ယောက်အဖြစ် ဟန်ဆောင်နေမှ
ရမှာလေ ။

" မင်းထစမ်း...."

Taehyung သည် စိတ်မထိန်းနိုင်တော့ပဲ
Soekjin ရဲ့ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ
ဆုတ်ကိုင်ပြီး နှစ်ယောက်လုံး မတ်တပ်
ရပ်စေလိုက်သည် ။

" မင်း တကယ်ပဲ...ငါ့ကို
ချစ်လို့မရဘူးလား Soekjin "

ဘယ်ဘက်ရင်အုံမှ စူးစူးနစ်နစ်ကြီး
အောင့်နေပေမယ့် ဘာမှမဖြစ်သလို
ဟန်ဆောင်ကာပဲ ငြင်းပယ်တဲ့စကား
ဆိုမိပြန်သည် ။

The Truth Untold Where stories live. Discover now