Episode 9

1.2K 210 58
                                    

Unicode

Taehyung သူရဲ့တိုက်ခန်းကို ပြန်ရောက်
လာတော့ အဝတ်အစားတောင်အရင်မလဲနိုင်ပဲ
ကုတင်ပေါ်ပစ်လှဲကာ ညနေကကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်လေးကိုပြန်တွေးနေမိသည် ။

" သေချာပါတယ်...Soekjin အစစ်ပါ "

သူနဲ့ Soekjin အဆက်အသွယ်ပြတ်နေ
တာ လတော်တော်ကြာနေပြီဖြစ်သည် ။
အထက်တန်းစာမေးပွဲအောင်တုန်းက
ဂုဏ်ပြုလွှာပေးအပ်တဲ့ပွဲမှာလည်း
Soekjin ကိုမတွေ့မိပါ ။ ကျောင်းဆရာ
အချို့ကိုလိုက်မေးကြည့်တော့လည်း
ကျောင်းကိုတစ်ခေါက်တောင်ရောက်မလာ
ခဲ့ပါ ။ ရုတ်တရပ်ကြီး အစရှာမရလိုပျောက်
ထွက်သွားပြီးတော့ အခုလိုမထင်မှတ်ပဲ
သေချာကြီးမြင်လိုက်ရဲ့နဲ့မတွေ့လိုက်ရတော့
စိတ်ထဲ နှမြောမိသည် ။

ကျွန်တော်နဲ့ Soekjin က ဘဝတစ်
ကွေ့မှာ ခဏလောက်ပဲတွေ့ဆုံခဲ့ကျတဲ့
သူတွေဆိုပေမယ့်လည်း အကြောင်း
တိုက်ဆိုင်တိုင်း သူ့ကိုသတိရတယ်
အထူးသဖြင့်မိုးတွေရွာနေရင်ပေါ့...
မိုးရွာတိုင်းလည်း သူအဆင်ပြေပါစေ...

Taehyung လည်းအိပ်ယာမှာထပြီး
အဝတ်အစားလဲလိုက်ကာ ထမင်းစားခန်း
ထဲဝင်လာတော့သည် ။ ထုံးစံအတိုင်း
ခေါက်ဆွဲပြုတ်ရန် သုံးမိနစ်ရေနွေးအရင်
တည်လိိုက်ကာ Instant coffee
လေးတစ်ထုတ်ကို Coffee ခွက်ထဲ
အဆင်သင့်ဖောက်ထည့်ထားသည် ။
ရေနွေးရရန်စောင့်နေသည့်အချိန်မှာပဲ
စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိရင်း
စောင့်နေလိုက်တော့တယ် ။

ဟုတ်ပါတယ်...ကျွန်တော်ဆေးလိပ်
သောက်တတ်နေပါပြီ.... ကျွန်တော်အရင်
ကထက်လဲ ပိုပြီးဆိုးသွမ်းနေပါပြီ...ဘာလို့လဲ
ဆိုတော့ ကျွန်တော့်ကိုဆုံးမမယ့်သူမရှိတော့
လို့လေ...ဟုတ်ပါတယ်...ကျွန်တော့်ကို
အမြဲဆုံးမသွန်သင်တတ်တဲ့..ကျွန်တော့်
အဘွားမရှိတော့ဘူး...ကျွန်တော့်ကိုထားခဲ့ပြီး
နောက်ဘဝကို ကူးပြောင်းခဲ့ပြီ... ကျွန်တော့်ရဲ့
Comfort Zone က အဘွားတစ်ယောက်
တည်းရှိတာပါ...အဘွားတစ်ယောက်တည်းသာ
ကျွန်တော့်ရဲ့ စိတ်ပြေရာ...လွတ်လပ်ရာ..
အားကိုးရာပါ...ဒါပေမဲ့..လွန်ခဲ့တဲ့ သုံးလ
လောက်ကပဲ ...ကျွန်တော့်ကိုထားသွားခဲ့ပြီလေ...
အဘွားမရှိတော့တဲ့နောက်...ကျွန်တော်နဲ့အိမ်က
လူတွေဘယ်လိုမှအဆင်မပြေခဲ့ဘူး...ဒါကြောင့်
တစ်ယောက်တည်းသီးသန့်ခွဲနေချင်တဲ့ စိတ်ဆန္ဒ
နဲ့အိမ်ကမိဘတွေကိုအတိုက်အခံလုပ်တော့တယ်
ခင်များတို့သိလား...ကျွန်တော့်ဒဏ်ကိုဘယ်သူ
မှမခံနိုင်ဘူးလေ..ချစ်လှပါပြီဆိုတဲ့အဘွား
တောင် သေချင်းတရားကိုအကြောင်းပြပြီး
ကျွန်တော့်ကိုထားသွားတာပဲကြည့်...ကျန်တဲ့
သူဆိုပိုဆိုးတာပေါ့...အိမ်နဲ့အတိုက်အခံလုပ်တာ
တစ်ပတ်တောင်မကြာဘူး...ကျွန်တော့်အတွက်
တိုက်ခန်း ၊ ကား စီစဥ်ပေးတယ် Account
ထဲကိုလည်း လစဥ်ငွေလွှဲပေးတယ်..ကဲ
သူတို့လည်းနားအေးတယ်..ကျွန်တော်လည်း
နားအေးတယ်..ဘယ်လောက်အဆင်ပြေလိုက်
သလဲ...

The Truth Untold Where stories live. Discover now