Episode 32

760 137 57
                                    

Unicode

" dok..dok.."

" ဝင်ခဲ့ပါ.... "

" မမလေး Kim Jungki ရဲ့
ရှေ့နေကဖုန်းဆက်ပါတယ်
Monday နေ့လည် 2 နှစ်နာရီ
မမလေးတို့ ကွာရှင်းဖို့ Seoul
တရားရုံးမှာ လက်မှတ်ထိုးရပါ
မယ် မမလေး " .

" ကောင်းပြီ...အတွင်းရေးမှူး
Kim က အစ်မတို့ရဲ့ နှစ်ဦးသဘော
တူကွာရှင်းကြောင်း သတင်းကို
media ကပို့ဖို့လုပ်...အဲသတင်းကို
တော့ အစ်မတို့တရားရုံးကထွက်လာ
တာနဲ့ လုပ်တော့ "

" ဟုတ်ကဲ့...မမလေး..."

" လုပ်စရာရှိတာလုပ်တော့ "

" မမလေး ညကအိပ်မပျော်ဘူးလားဟင် "

" ဘာဖြစ်လို့လဲ "

" မမလေးကတော့ မျက်တွင်းကျနေတာကို
အကောင်းစား concealer နဲ့ဖုံးကွယ်လို့
ရပေမယ့်လည်း ကျွန်မက မမလေးမျက်နှာ
ကိုကြည့်တာနဲ့သိပါတယ် "

" တို့ စဥ်းစားစရာကိစ္စလေးရှိလို့ပါ
ဒါနဲ့ တို့မျက်နှာကတအားသ်ိသာနေတာလား "

" ကျွန်မကတော့ သိပါတယ်...
မမလေးအတွက် ဂျင်စင်း အချိုရည်
လေးဝယ်ထားတယ်သောက်လိုက်ပါဦး "

အတွင်းရေးမှူး Kim အအေးဗူးလေးကို
ခုန်ပေါ်တင်ပေးခဲ့ပြီး ထွက်လာလိုက်တော့
သည် ။ အအေးဗူးတံဆိပ်ကိုကြည့်လိုက်တော့
Soekjinဝယ်တိုက်နေကျဖြစ်တဲ့ တံဆ်ိပ်
ကြောင့်လည်း မဆီမဆိုင် သတိရမိပြန်
သည် ။

" မောင်က မ အတွက် အပေါ်ယံ
ဖြစ်နေပါစေ.. မ လိုအပ်နေတုန်းပါပဲ "

Tee....Tee...

Soekjin ကို သတိရနေချိန် Soekjin
ဆီမှဖုန်းဝင်လာတာကြောင့် အမြန်ကိုင်
လိုက်သည် ။

" Hello...မောင် "

" ကျွန်တော် မ နဲ့ တွေ့ချင်တယ် "

" ဘယ်ကိုလာခဲ့ရမလဲ မောင် "

" ရပါတယ်...ကျွန်တော်လာခဲ့ပါ့မယ် "

" ဒါဆိုလည်း တွေ့နေကျတိုက်ခန်းကို
လာခဲ့နော် "

" ဟုတ် "

Sora လည်း အအေးတောင်မသောက်နိုင်
တော့ပဲ အမြန်ထွက်သွားတော့သည် ။

The Truth Untold Where stories live. Discover now