Episode 4

1.4K 217 54
                                    

Unicode

ပထမနှစ်ဝက်စာမေးပွဲကြီးဖြေဆိုပြီး
တစ်ပတ်အကြာတွင် ကျောင်းသား
ကျောင်းသူတို့ရဲ့ ရလဒ်ကိုသိရတော့မည်။
ကျောင်းသားအားလုံးလဲ ရလဒ်တွေသိချင်
နေလို့ မရိုးမရွတွေဖြစ်နေကျသည် ။
ပထမဆုံးစာသင်ချိန်စမှီ ဆရာကအမှတ်
စာရင်းကိုင်ပြီး စာသင်ခန်းထဲဝင်လာ
တော့သည် ။

" ကဲ...စာမသင်ခင်ဆရာ
အမှတ်စာရင်းအရင်ကြေငြာမယ်
ဒီနှစ်တော့ ပထမရသူနှစ်ယောက်
ရှိတယ် ဒါကြောင့် ဒုတိယနေရာနေ
ပြုတ်ပြီး တတိယနေရာပဲ ကျန်တော့
မယ်နော် "

Park Soohee သည် ထိုစကား
ကိုကြားသည်နှင့် နည်းနည်းတော့
ခါးလေးမတ်လာသည် ။ Park Soohee
က ကျောင်းမှာ Taehyung ပြီးရင်
ဒုတိယသာအတော်ဆုံးကျောင်းသူ
ဖြစ်သည် ။ သူသည်တစ်ခါမှ Taehyung
ကိုမကျော်နိုင်ခဲ့ပါ ။ ဒီတစ်ခါတော့ပထမရ
သူနောက်တစ်ယောက် သူပဲဖြစ်လိမ့်မယ်
ဆိုတာ တစ်ထေ့ချ ယုံကြည်နေသည် ။

" အရင်ဆုံး ပထမတစ်ယောက်ကို
ပြောမယ် ပထမရသူကKim Taehyung "

နှစ်တိုင်းပထမဆိုတော့လည်း တခြား
ကျောင်းသားကျောင်းသူတွေအတွက်
မထူးဆန်းတော့ ။ ဒါပေမဲ့ နောက်ပထမ
ရသူကိုတော့ သိချင်နေကျသည် ။ ထိုလူ
တွေထဲမှာ Taehyung လဲပါသည် ။

" ဟိတ်ကောင်...ငါမဟုတ်လောက်
ဘူးထင်တယ်နော် "

Taemin က Taehyung အနား
ကပ်ပြီးပြောလိုက်သည် ။

" မင်းပထမ ရရင် Gshock ဝယ်
ပေးမယ် "

Taehyung စကားကြောင့် Taemin
ဝမ်းသာသွားပေမယ် သူကိုယ်တိုင်က
မဟုတ်မှန်းသိသည် ။

" မင်းစကားကြားရတာ ဝမ်းသာ
ပေမယ့် ငါမဟုတ်လောက်ဘူး "

" အင်း...မဟုတ်မှန်းသိလို့
တမင်ပြောတာ "

" ခွေးကောင် "

" ကဲ...နောက်ထပ် ပထမရသူကတော့
Kim Soekjin "

" ဝိုး...."

အခန်းထဲရှိကျောင်းသားများထံမှ အံ့သြ
အာမေဋိတ်အသံများထွက်လာတော့
သည် ။ အမှန်ဆို တော်တော်များများ
ကလည်း Park Soohee လို့သာ
ထင်ထားကျသည် ။

" တတိယကတော့ Park Soohee
ကဲ. Report Card တွေလာယူကျ "

ကျောင်းသားကိုယ်စီလည်း ကိုယ့်
Report ကဒ်ကိုယ်စီထွက်ယူ
ကျသည် ။ Taeminသည် report
card ကို ကြည့်ခါနီးလက်ကတုန်နေ
သေးသည် ။ တုန်တုန်ယင်ယင်နဲ့ဖွင့်
ကြည့်လိုက်ပြီး အဆင့်ကိုတွေ့တော့မှ
သက်ပြင်းချနိုင်တော့သည် ။

The Truth Untold Where stories live. Discover now