Episode 23

1K 144 23
                                    

Unicode

" Taemin.....ထ....ထ...
အိမ်ရောက်ပြီလေ "

" ဟင်.....ထချင်ဝူးးးး
အိပ်မှာပဲ "

Soekjin တစ်ယောက်အမူးလွန်နေတဲ့
Taemin ကိုနိုးတာဘယ်လိုမှမရတော့ ။

" Taehyung.... ဘယ်လိုလုပ်မလဲ "

" အဲဒ်ီသေချင်းဆိုးကို ငါတားတယ်
Ram ကပြင်းတယ်...မသောက်နဲ့လို့
အခုမှောက်ပြီလေ...ဒီပုံစံကြီးနဲ့လဲ
သူ့အိမ်ခေါ်သွားလို့မဖြစ်ဘူး မနက်ကျ
ရင် အရက်နာကျလို့မသေပဲ သူ့အဖေ
ထောင်းလို့သေလိမ့်မယ် "

" ဒါဆို...ဘယ်ခေါ်သွားကျမလဲ "

" ငါ့အိမ်ပဲခေါ်ရတော့မှာပေါ့
မတတ်နိုင်ဘူး...ခွေးကောင်
မွှေထားဦးပေါ့ မနက်ကျမှ
Bathtub ထဲခေါင်းနစ်သတ်မယ် "

သူငယ်ချင်း သုံးယောက် မဆုံတာလဲကြာ
ပြီဖြစ်တာက တစ်ကြောင်း ၊ Friday night
က​ဖြစ်တာလဲတစ်ဖုံဆိုတော့ Taemin နဲ့
Taehyung ကချိန်းပြီး Soekjin အလုပ်လုပ်
ရာ Bar ကိုရောက်လာခဲ့သည် ။ ရောက်လာ
တော့လည်း လူငယ်ပီပီ အသောက်အစား
နဲ့မကင်းနိုင် ။ Taehyung ကတော့ အရက်နဲ့
ဘီယာကို နေသားကျနေပြီမို့ တစ်ခွက်နှစ်ခွက်
လောက်ဝင်သွားလဲ နေသာသေးသည် ။
Taemin ကတော့ နှစ်ခွက်လောက်ဝင်
သွားတာနဲ့ ခေါင်းအောက်ဆိုက်ကျသွား
တော့သည် ။ Taehyung က ပြင်းလို့
မသောက်ရန် တားပေမယ့်လည်း ကိုယ်
တော်ချောက ကိုယ့်ကိုကိုယ် အဟုတ်ကြီး
ထင်ပြီး ကစ်လိုက်တာ ငါးပါးပါမှောက်
သွားတော့သည် ။ အခုတော့ ဒီလိုလူမှန်း
သူမှန်းမသိမူးနေတဲ့ သူကိုထိန်းဖို့တာဝန်
က Soekjin နဲ့ Taehyung ပုခုံးပေါ်ကျ
ရောက်လာခဲ့သည် ။ ဒါကြောင့် ထိုငမူး
လေးအား Taehyung ရဲ့အိမ်ကိုခေါ်လာ
ရတော့သည် ။

" Taemin....Taemin...."

Soekjin ကလှုပ်ခါနိုးနေပမယ့်
Taemin က တုပ်တုပ်တောင်မလှုပ် ။

" ဟိတ်ကောင် Taemin "

Taehyung စိတ်မရှည်တာနဲ့ ဆံပင်ကို
လက်နဲ့အားရပါးရကို ဆောင့်ဆွဲပြီးနိုး
လိုက်သည် ။

" Taehyung... ဖြေးဖြေးလုပ်ပါ
နာသွားပါဦးမယ် "

" ဒီကောင်က အဲလောက်လုပ်တာ
တောင် နိုးလို့လား ကြည့်ဦးဖြစ်ပျက်
နေတာ ဘေးလူကတွေ့ရင် သေနေတယ်
ထင်ပြီး လာသဂြိုလ်နေဦးမယ် "

The Truth Untold Where stories live. Discover now