Episode 2

1.6K 253 39
                                    

Unicode

ဒီနေ့မနက်ကျတော့ Soekjin ကျောင်း
သွားမယ်လုပ်တော့လည်း သူ့အမေကို
မတွေ့တော့ ။ အလုပ်သွားပြီနဲ့တူပါတယ် ။
Soekjinလည်း ထမင်းစားပွဲပေါ်မှာ
သူ့အတွက် ထမင်းချိုင့်လေး ထည့်ထား
ပေးမလားလို့သွားကြည့်တော့လည်း မတွေ့ ။
ဝမ် 10000 တန်လေးတစ်ရွက်သာ
တွေ့ရသည် ။ Soekjin ကဘယ်တုန်း
ကမှ သူ့အမေနဲ့ပတ်သတ်ပြီးအပြစ်မတင်ပါ ။
သူ့အမေ ပင်ပန်းတာကို သူနားလည်သည်။
ပိုက်ဆံ 10000 တန်လေးကိုတော့
သူ့အမေ စိတ်ချမ်းသာအောင် ယူခဲ့ရ
သည် ။ နောက်မှစုပြီးပြန်ပေးမယ်လို့သာ
ဆုံးဖြတ်ထားသည် ။

ဒီလိုနဲ့ Soekjin ကျောင်းကိုရောက်
လာတော့ အခန်းထဲကိုဝင်လာပြီး
ကိုယ့်နေရာမှာကိုပဲ အေးဆေးထိုင်
နေတယ် ။ ကျောင်းတက်ဖို့သိပ်မလို
တော့တဲ့ အချိန်မှာ အခန်းထဲက
အသဲအသန်ပြေးဝင်လာတဲ့ သူနဲ့
ရွယ်တူ ကောင်လေးနှစ်ယောက် ။
ဒီအခန်းထဲကျောင်းသားအားလုံးသည်
ပိုက်ဆံရှိသားသမီးတွေပဲ ဆိုတာ
Soekjin ကောက်ချက်ချမိသည် ။
ဘာလို့လဲဆိုတော့ တခြားအသုံးအဆောင်
လွယ်အိတ် ဖိနပ် phone တွေက
စျေးကြီးကြီးပေးဝယ်ရတဲ့ Brand
တွေချည်းသာ ။ ဒါကြောင့်လည်း
သူ့လို မပြည့်စုံတဲ့သူကိုဘယ်သူမှ
မပေါင်းချင်မှာ မဟုတ်ဘူးဟုသာ
ထင်မှတ်ပြီး တစ်ယောက်တည်းပဲ
နေရန် ဆုံးဖြတ်လိုက်တော့တယ် ။

ပထမတစ်ချိန်စာသင်လို့ ပြီးသွားသည့်
အချိန် ဒုတိယ ဆရာမလာသေးခင်
ကျောင်းသားများနည်းနည်းတော့
ဟိုလျှောက်ဒီလျှောက်လုပ်နေသည် ။
Soekjin ပြတင်းပေါက်အပြင်ဘက်
ကို ငေးနေရင်း အနောက်ကနေ တစ်
ယောက်ယောက်ရဲ့ ခေါ်သံကို ကြား
လိုက်ရသည် ။

" ကျောင်းသားသစ်...."

Soekjin လှည့်ကြည့်လိုက်တော့
သူ့အနောက် မျက်စောင်းထိုးခုန်မှာ
ထိုင်နေတဲ့ ကောင်လေးခေါ်နေတာ
ဖြစ်သည် ။

" ရော့...ဒါမင်းဘောပင်လား
အောက်ကျပြီး ငါ့ဘက်လိမ့်လာလို့ "

" ဪ....ဟုတ်တယ်
ကျေးဇူးပဲနော် "

Soekjin လည်း ကမ်းပေးတဲ့
ဘောပင်ကိုပြန်ယူကာ အပြုံးအေးအေး
နဲ့ပဲ ကျေးဇူးတင်စကားပြောလိုက်တယ် ။

The Truth Untold Nơi câu chuyện tồn tại. Hãy khám phá bây giờ