Episode 31

633 127 30
                                    


Unicode

" မမလေး နေ့လည်စာ ဘာမှာ
ပေးရမလဲ "

" ရတယ်...အစ်မအပြင်မှာပဲထွက်စား
မယ် "

" ဟုတ်ကဲ့ "

" ဒါဆို အစ်မ သွားဦးမယ်
အကြောင်းတစ်ခုခုဆို ဖုန်းဆက်
လိုက်ပါ "

" ဟုတ်ကဲ့ စိတ်ချပါ "

Sora နေ့လည်စာစားရန်ရုံးအပြင်
ကိုထွက်လာသည် ။ အနီးအနားက
Shopping Center က ဆိုင်တစ်ခုခု
မှာပဲဝင်စားရန်ဆုံးဖြတ်လိုက်တာမို့
Center ရဲ့ ကား parking နေရာကို
ဝင်လာတော့သည် ။ စားသောက်ဆိုင်
ထဲကိုရောက်တော့ ထိုင်လို့ကောင်းမယ့်
စားပွဲလေးတစ်ခုမှာဝင်ထိုင်ပြီး Waiter
လာပေးတဲ့ menu ကိုကြည့်ကာမှာနေ
စဥ် အကြည့်က စားသောက်ဆိုင်အဝင်
တံခါးဝကိုရောက်သွားတော့သည် ။

" မောင်..."

Soekjin နဲ့အတူတူနောက်တစ်ယောက်
ပါဆိုင်ထဲဝင်လာတာကို Sora မြင်လိုက်
သည် ။ နောက်တစ်ယောက်ကတော့
တခြားသူမဟုတ် Kim Taehyung
ဖြစ်နေသည် ။ Sora သည် Taehyung
ကို နှစ်ခါလောက်ပဲ မြင်ဖူးပေမယ့် မှတ်မိ
နေသည် ။ Soekjinနဲ့ Taehyung ကတော့
ခုထိ မမြင်မိသေး ။ Sora လည်းလှန်းမခေါ်
သေးပဲ ဒီအတိုင်းလေးပဲ သူတို့နှစ်ယောက်ကို
ကြည့်နေမိသည် ။ Soekjin နဲ့ Taehyung
ကတော့ ထောင့်ကျတဲ့စားပွဲလေးမှာဝင်ထိုင်
ကာနေရာယူလိုက်သည် ။ သူတို့နှစ်ယောက်
ရဲ့လှုပ်ရှားပုံတွေ စကားပြောပုံတွေ ရယ်မော
ကျပုံတွေကို Sora အသေးစိတ်ကြည့်မိသည် ။
ထိုကဲ့သို့ကြည့်နေရင်းနဲ့ပဲ Sora သည်
မထင်မှတ်တဲ့ အရာလေးတစ်ခုကို သတိပြု
မိလာသည် ။ ထိုအရာသည် Soekjin ရဲ့
အပြုံး ဖြစ်သည် ။

နှစ်နှစ်ခြိုက်ခြိုက်နဲ့ပြုံးသည့်အပြုံး ၊
နူးညံ့သောအပြုံး ၊ ရင်ထဲကလာသည့်
အပြုံးမျိုးဖြစ်သည် ။Soekjin သူမနဲ့
စပြီးပတ်သတ်ကတည်းက အခုလိုမျိုး
ပြုံးတာတစ်ခါမှ မမြင်ဖူးသေးပါ ။
သူမတွေ့တဲ့အခါမှာ Soekjin ရဲ့
နုတ်ခမ်းလေးကွေးရုံလေးသာ ပြုံးပြ
တတ်ပြီး အခုလို သွားလေးတွေစီတန်း
ပြီးပေါ်လာအထိတော့ပြုံးတာမမြင်မိပါ ။
Soekjin ရဲ့ရှားပါသောအပြုံးလေးကို
ငေးကြည့်နေရင်း

" မောင်က ဒီလိုပြုံးလိုက်တော့လည်း
ကလေးလေးကျနေတာပဲ...
ချစ်ဖို့ကောင်းတယ်...မောင် "

The Truth Untold Hikayelerin yaşadığı yer. Şimdi keşfedin