မုန်တိုင်းငယ်

Start from the beginning
                                    

အကျင့်မကောင်းသည့်ဘုရင်သည် ဘယ်ကိုမှ
သွားလာခွင့်မပေးထားတာ ရုတ်တရတ်မေ့သွား
မိသည် တစ်နေရာသွားချင်လျှင် ရက်အနည်းငယ်
ထဲကကြိုတင်ခွင့်တောင်းထားရသည် ဒီတော့မှ
ဘုရင်ကိုယ်တိုင်အတူလိုက်ပါပြီး သွားခွင့်ရသည်
သို့သော် ရက်ပေါင်းများစွာကြာသည့်တိုင် ခွင့်မပြု
သည်ကပိုများသည် အသုံးသတ်မှာတော့ Chen
အလိုအရသွားချင်သည့် နေရာများပင်မေ့သွားတော့
သည် ဘယ်တော့မှလည်း မသွားဖြစ်တော့

" အာာ "

သတိရမိသွားသည်က ဘုရင့်တံဆိပ်ပြားဆိုသည့်
ရွှေတုံး ဒါနှင့်ဆိုလျှင်တော့ မည်သူကမျှပိတ်ပင်
တာဆီးရဲမည်မဟုတ် ဒူးထောက်၍တောင် အရိုသေ
ပေးလိမ့်ဦးမည်

*

*

*

*
*************

" ဂဏန်းကြီးးး ဟုတ်ပြီ အကုန်ထည့်တယ်ကွာ "

" ဟားးး ဒီကသခင်လေးက ငွေတုံး ၃တုံးထိလောင်းပါ
တယ် "

ရေးးး ရေးးးး

စဖြင့်ဆူညံရာအသံပိုင်ရှင်များထဲ ကြင်ယာတော်
တစ်ပါးပါဝင်နေသည် အလောင်းကစားရုံထဲ
စိတ်လွတ်လက်လွတ်အော်ဟစ်ပြီး လောင်းကြေး
ပါထပ်နေသေးသည်

" ကိုး ဂဏန်း သခင်လေး နိုင်သွားပြီ "

" ဟားးးး ဟားးးး ရော့ ဒါအကုန်ထပ်လောင်းဖို့
နောက်တစ်ဝိုင်းသွားမယ် "

နောက်တစ်ဝိုင်းကတော့ အန်စာတုံးလှိမ့်တာ
မဟုတ်တော့ဘဲ လူအများအုံကာအားပေး
အော်ဟစ်နေသည့် ပုရစ်နှစ်ကောင်တိုက်ပွဲ
ဖြစ်သည် ဒီတော့Chenထပ်လောင်းရပြန်ပေါ့

" သခင်လေး သေရည်သုံးဆောင်ပါဦး "

" ဒါက "

အရှင်အနားမှာမရှိတဲ့အချိန် သေရည်သောက်သုံးခွင့်မရှိ
ဆိုသည့်အရှင်တားမြစ်ထားသည့်အရာ Chenမှတ်မိနေ
ခဲ့သည် သည်အရာမှမဟုတ် အရှင့်ပြောစကားမှန်သမျှ
အကုန်အလွတ်ရသည် မှတ်မိလွန်းလို့ ရူးလောက်အောင်
လည်း ဒေါသထွက်နေရသည်

" ပေး မိန်းမပျိုလေးက ငဲ့ပေးမှတော့ ငြင်းလို့ဘယ်
ကောင်းမလဲ "

" ဟေးးး " " ရေးးး " သခင်လေး တကယ်အလှပရွေး
တတ်တယ် "

Chenအားပါးတရ လောင်းကြေးထပ်လိုက်
သေရည်သောက်လိုက်နဲ့ နိုင်တစ်လှည့် ရှုံးတစ်
လှည့်နှင့်အတော်လေးကြာတော့ ပါလာသမျှ
ငွေအားလုံး ကုန်သွားတော့သည်

" ဟားးး ဒီက သခင်လေးရှုံးပြီ "

" သခင်လေးပုံကြည့်ရတာ ချမ်းသာမဲ့ပုံပါ မျက်ရည်
တွေမကျပါနဲ့ ဟားးးး ဟားး "

ကစားပွဲမှဆော့ကစားသည့် လူအားလုံးက
Chenငွေအကုန်ရှုံးသွား၍ ငိုနေသည်ဟု
ပဲထင်နေကြသည် သို့သော်
လျှံကျလာသည့်မျက်ရည်တွေကသာ သူတို့
တရားခံကိုသိလိမ့်မည်

" ဟုတ်ပါရဲ့ ငွေတွေကုန်လို့မျက်ရည်တွေတောင်ကျလာပြီ
လမ်းလျှောက်ပြီးပဲ ပြန်ရတော့မယ် ကဲ အားလုံးပဲ နှုတ်ဆက်
ခဲ့ပါတယ် "

Chenအနည်းငယ်သောက်ထားတာကြောင့်
လမ်းလျှောက်ရာတွင်ယိုင်နေသည် ချော်မလဲ
အောင်တော့ကြိုးစားလျှောက်ကာ လမ်းမဘက်
သို့ထွက်သွားတော့သည်

" အစအဆုံး ငါတစ်ယောက်ထဲ ဟားး အစောကြီး
ကတည်းက သေရည်ငှဲ့ပေးတဲ့ မိန်းကလေးမျိုးနဲ့ လက်ထပ်
ခဲ့ရမှာ ကိုယ့်ကို နိုင်တဲ့ သူမျိုးမဟုတ်ဘဲ ကိုယ့်အလိုကို
ဖြည့်ပေးတတ်တဲ့ မိန်းကလေး ဟူး "

" သခင်လေးရရဲ့လား ထပါဦး "

" ဟင် ဖယ်မထိနဲ့ ကိုယ့်ဘာသာထမယ် "

လူတစ်ယောက်နဲ့တိုက်မိပြီး လဲကျသွားတဲ့
Chenကို သက်လတ်ပိုင်းလူကြီးတစ်ယောက်
အပြေးလွှားလာထူခဲ့သည် သို့သော် Chen
အထိမခံခဲ့ ဘယ်သူနဲ့မှထိတွေ့ခွင့်မရှိဟူသည့်
ရူးကြောင်ကြောင်အမိန့်တွေကြောင့်

" မထိနဲ့လို့ပြောနေတယ်မလား သွားးး "

အတင်းဖက်ရက်ပြီးဆွဲထူနေတဲ့လူဝကြီးကို
Chenတွန်းထုတ်ပစ်လိုက်သည် သူ့ကိုဒီလို
မျိုးထိတွေ့တာ Chenလုံးဝမကြိုက် ရယ်တော့
ရယ်ရသည် အရှင်ကတော့မိဖုရားမှန်သမျှနဲ့
ထိတွေ့ဆက်ဆံနိုင်သော်လည်း Chenကတော့
အရှင်ကလွဲရင် ဘယ်သူနဲ့မှ မထိတွေ့နိုင်

" အားး သေပါပြီ ကျနော်ကသခင်လေးကို အရိပ်တကြည့်
ကြည့်နဲ့အလောင်းကစားရုံထဲက သတိထားမိနေခဲ့တာ "

" ဘာလို့လဲ ကျုပ်ကိုမြင်ဖူးလို့လား "

မြင်ဖူးလို့မဖြစ် ကြင်ယာတော်မှန်းသိပြီး
အရှင့်ဆီ တင်ပြခဲ့ရင် တကယ်ကိုသေပြီ
မသိပါစေနဲ့ ဟူ၍သာ ကျိတ်ဆုတောင်းရ
ပြန်သည်............

.

.

.

.

TBC

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now