မျှော်လင့်ချက်သာ

263 20 0
                                    

အပိုင်း ( ၁၀ )

Chenနန်းဆောင်တွင် အထိန်းတော်ကြီးများ
နှင့်အမှုထမ်းအားလုံး သူတို့သခင်လေးကို
စိတ်မကောင်းစွာကြည့်ရှုနေရသည် တစ်နေကုန်
မိဖုရားများ၏အနှိပ်စက်ခံရပြီး ပြန်ရောက်လာ
လျှင်လည်း နန်းတွင်းမှကျင့်ဝတ်စာအုပ်များ
ကိုထိုင်ကျက်နေရပြန်သည်

ထိုစာအုပ်များကမကုန်နိုင် အဘယ့်ကြောင့်ဆို
သော် တမင်ပညာပေးချင်သောမယ်တော်ကြီး
သည် တခြားဘုရင်များလက်ထက်မှ စည်းကမ်း
ကျင့်ဝတ်အဟောင်းများကိုပင်လျှင် သိသင့်သည်
ဆိုပြီး သူတို့သခင်လေးကိုကျက်ခိုင်းထားသည်

.

.

တစ်နေ့တစ်မျိုးမရိုးနိုင်သော အနိုင်ကျင့်မှုများ
ကြောင့် Chen အလိုလိုဝမ်းနည်းလာရကာ
အော်ဟစ်ငိုယိုနေပါတော့သည် ငယ်ငယ်ထဲက
သူ၏အကိုကြီးတောင် ဒီလောက်မရိုက်နှက်ခဲ့
ဘယ်လောက်ဆိုးသွမ်းခဲ့ပါစေ အပြစ်အသေးမွှား
လောက်သာပေးသည် ဒါတောင် ချွဲနွဲပြလိုက်လျှင်
ထိုအပြစ်ကအလိုလို ပျောက်သွားလေတော့သည်
အခုမှာတော့ .........

" အားးး အီးးးးဟီးးး ငါမကျက်ချင်တော့ဘူး ဘာလို့
ငါ့ကိုမှ ဝိုင်းအနိုင်ကျင့်နေရတာလဲ အီးးးးဟီးးး အရိုက်ခံ
ရတာလည်း နာတယ် အားးး အရှင်နဲ့အကုန် တိုင်ပြော
ပစ်မယ် အီးးးဟီးးး "

သခင်လေး Chen ငိုနေတော့လည်းအထိန်း
တော်ကြီးများခမျာဘယ်လိုမှနေမရ နန်းတော်စ
ရောက်ကတည်းက အရိပ်တကြည့်ကြည့်နဲ့
ပြုစုပေးခဲ့ရသည်မဟုတ်လား တခြားတော်ဝင်
မိသားစုနဲ့ သခင်လေးဟာဆိုလျှင် လွန်စွာကွာ
ခြားလွန်းလှသည် ကလေးဆန်ပေမဲ့လူကြီးကို
လူကြီးမှန်းသိသည် မာန်မာနဆိုတာလည်း
ရှာမတွေ့ သခင်လေးကိုကိုယ့်သားငယ်လို
သဘောထားတာမို့ ရင်ခွင်ထဲသာထည့်ပြီး
ချော့မြူပေးလိုက်ချင်တော့သည်

အရှင်မင်းကြီးအမျက်ကိုကြောက်ရွံ့နေရလို့သာ
အနားတောင် သိပ်နီးအောင်မကပ်ရဲကြ

" သခင်လေးChen လူလွှတ်ပြီး အရှင်မင်းကြီးဆီ
အကြောင်းကြားပေးရမလား သခင်လေးကြည့်ရတာ
ကျွန်တော်မျိုးတို့ ရင်နာလှပါတယ် "

အဆိပ်သင့်ကြင်ယာတော် (Z&U)حيث تعيش القصص. اكتشف الآن