စစ်ထွက်ချိန်{warning}

3.1K 165 10
                                    

အပိုင်း ( ၈ )

Chen၏နန်းဆောင်ကိုမနက်ပိုင်းတွင်
နေမင်းကြီးကအလင်းရောင်နဲ့တောက်ပ
စေသလို ညဘက်ရောက်လျှင်တော့
ငွေကြယ်ပွင့်များနှင့် လမင်းကြီးက
အေးချမ်းသည့်အလှကိုပုံဖော်ပေးသည်

ထိုအလှအပများ၏အလယ်တွင်တော့
နန်းဆောင်ပြူတင်းဝမှ အရှင်အလာကို
စောင့်မျှော်နေတတ်တဲ့ ကြင်ယာတော်
ကိုတွေ့မြင်နိုင်မည် လှသည်ထက်ပိုသော
ကျက်သရေရှိလှသည့်အသွင်အပြင်ကို
ပိုင်ဆိုင်ထားပြီး မြတ်နိုးဖွယ်ကြင်ယာတော်
ထံမကြာမီအချိန်တွင်း အရှင်yixingရောက်
လာပေတော့မည်

" အရှင်ရေလာပါတော့ Chennie တမော့မော့
' ဂွက် '
ချစ်တဲ့အရှင် လာပါတော့ Chennie မျှော်လှပေါ့

ဟူးးးး "

သီချင်းလေးငြီးလိုက် လက်ထဲကပန်းသီးလေး
ကိုက်လိုက်နဲ့ စိတ်ရှည်စွာစောင့်မျှော်နေပါသေးတယ်
ဒီလိုနဲ့ပန်းသီးနှစ်လုံးကုန်သွားချိန်မှာတော့

" ဟွန့် လာတော့လို့ မလာဘူးလား ဘုရင်စုတ်လာတော့
လို့ပြောနေတယ် ............
ဟော လာပြီ အရှင်ဟာလေ ကောင်းကောင်းပင့်ဖိတ်ချိန်
ဘယ်တော့မှမလာဘူး နည်းနည်းဆဲခံရမှ ဟိ "

" Chenဘာတွေပျော်နေလဲ "

" ဟင့်အင်း အရှင့်ကိုမျှော်နေတုန်းရောက်လာတော့
ပျော်တာပေါ့လို့ "

" လိမ္မာတဲ့Chenအတွက် ယုန်လေးတွေဖမ်းခိုင်းထားတယ်
မနက် ဥယျာဉ်ထဲမှာ ယုန်ဖြူလေးတွေတွေ့ရင်ကောင်း
ကောင်းဆက်ဆံရမယ်နော် "

" အရှင်က Chenအကြိုက်ကိုသိတာပဲ ဒါပေမဲ့ ယုန်
တွေပဲလားအရှင် "

" ဘာလို့လဲ Chen ဘာအကောင်လေးတွေကိုသဘောကျ
သေးလဲ ကိုယ်မသွားခင် အကုန်ရစေရမယ် "

" တောဝက် နဲ့ သိုးဖြူလေး "

" သိုးဖြူလေးကတော့ဟုတ်ပါပြီ တောဝက်ကဘာလုပ်ဖို့လဲ "

" တောဝက်ကအသားပိုများပြီး အရသာပိုရှိတယ်လေ
ရွာမှာဆို geမသိအောင် baekhyunနဲ့ တောဝက်
ထွက်ဖမ်းတာ ပျော်ဖို့သိပ်ကောင်းတာပဲ "

yixingနားလည်လာသလိုလို
သူကတော့ ကြင်ယာတော်လေး
အဖော်မဲ့ပြီးပျင်းနေမှာစိုးလို့ အလှပဆုံး
ယုန်ဖြူလေးတွေနဲ့ကစားဖော်ထားခဲ့မလို့
လူတွေထက်စာရင် တိရစ္ဆာန်လေးတွေက
ဘယ်လောက်လှလှ စိတ်ချလို့ရတာမို့
အခုတော့ သူ့ကိုအမဲလိုက်ဖို့ ဝယ်ပေး
ထားသလိုပင်

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now